မန္တလေးတွင် လျှပ်စစ်မီးပြ-တ်တေ-ာက်ချိန်နှင့် ကြုံရမည့် မီးပွိုင့်အချို့တွင် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရန် ရွေ့လျားမီးပွိုင့်ကို စတင်အသုံးပြုနေကြောင်း သိရသည်။
အဆိုပါ ရွေ့လျားမီးပွိုင့်များကို မန္တလေးမြို့၏ အဓိကလမ်းများ၏ ယာဉ်ကြောပိ-တ်ဆို့မှုများနှင့် လမ်းမကြီးများ၌ အချိန်ပိုင်းယာဉ်ကြောကျပ်တည်းမှုများအတွက်အသုံးပြုရန် ရည်ရွယ်ထားခြင်းလည်း ဖြစ်သည်။
ရွေ့လျားမီးပွိုင့်များကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကကိုယ်တိုင်ဒီဇိုင်းရေးဆွဲကာ စမ်းသပ်တီထွင်ထားခြင်းဖြစ်ပြီး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ထားကာ အရေးပေါ်ဖြစ်ပေါ်လာပါက ပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းစေနိုင်ရန် အလွယ်တကူ အသုံးပြုနိုင်မည်လည်း ဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်
