မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့လည် ၃ နာရီခန့်က ဖြိုလက် စတိုက်အားဖြိုရာမှ ဘေးအိမ်ပေါ်သို့ပိမိပြီး အမျိုးသား (၁)ဦးပိမိသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းနောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် ဖြိုလက်စတိုက်အားဖြိုရာမှ ဘေးအိမ်ပေါ်သို့ပိမိကာ အမျိုးသား(၁)ဦးပိတ်မိနေသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
” ပိတ်မိနေတဲ့သူက အသက်(၆၀)လောက်ရှိတဲ့ အမျိုး သားကြီးတစ်ယောက်လို့သိထားပါတယ်။ အခု ရှာဖွေကယ်ဆယ်ရေးကိရိယာတွေသုံးပြီးရှာဖွေနေပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။Photo- Ko Than Htay , MFSD , မဏိစလအသင်း
