မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက် ၇ နာရီ ၅၂ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၈ နာရီ ၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီ ၁၂ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နံနက် ၁ နာရီ ၁၀ မိနစ်ခန့်ကလည်း ပျော်ဘွယ်မြို့နယ် ထန်းတောကြီးကျေးရွာ၊ ကင်းမကျီးပင်တိုးချဲ့ကွက်သစ်ရှိ CP ကြက်မွေးမြူရေးခြံတွင် မီးလောင်မှုဖြစ်ပွား၍ မိတ္ထီလာခရိုင်မီးသတ်စခန်း၊ ပျော်ဘွယ်မြို့နယ်/နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းငတ်ခဲ့ကြသဖြင့် နံနက် ၁ နာရီ ၅၃ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ကြက်ခြံအချို့မီးလောင်ပျက်စီးသွားသဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။