Monday, May 4, 2026

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌...

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...
HomeNewsLocal Newsမန္တလေးတိုင်းရှိ မြို့နယ် ၃...

မန္တလေးတိုင်းရှိ မြို့နယ် ၃ ခုမှ ကျောင်းသား၊ကျောင်းသူများအတွက် စက်ဘီးစီးရေ ၃၆၆ စီးထောက်ပံ့

မန္တလေးတိုင်း၊အောင်မြေသာစံ၊ပုသိမ်ကြီး၊မတ္တရာမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများအ တွက် စက်ဘီးစီးရေ ၃၆၆ စီးအား မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဒီဇင်ဘာ ၂၇ ရက်နံနက် ၈ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းအား အောင်မြေသာစံမြို့နယ်၊အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀ လမ်းနှင့် ၂၂ လမ်းကြားရှိ အမျိုးသားဇာတ်ရုံတွင် ပြုလုပ်ရာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၏ အောင်မြေသာစံမြို့နယ်ရှိ ကျောင်းသား၊ကျောင်းသူများအတွက် စက်ဘီး ၁၆၆ စီး၊ပုသိမ်ကြီးမြို့နယ်မှ ကျောင်း သား၊ကျောင်းသူများအတွက် စက်ဘီးအစီး ၁၀၀ နှင့်မတ္တရာမြို့နယ်မှ ကျောင်းသား၊ကျောင်းသူများအတွက် စက်ဘီးအစီး ၁၀၀ တို့အား မန္တလေး တိုင်းဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဝန်ကြီးချုပ်မှ ၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄ ဘာ သာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

ထို့အတူ အောင်မြေသာစံမြို့နယ်မှ ဆရာ၊ဆရာမ ၇၉၉ ဦးကိုလည်း ကျောင်းစိမ်းဝတ်စုံများအား မန္တလေးတိုင်းဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ တာဝန်ရှိသူများကလည်း ၂၀၂၁- ၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၃ ဘာသာဂုဏ် ထူးရှင် ၁၇ ဦးတို့အား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး ပုသိမ်ကြီးမြို့နယ်မှ ဆရာ၊ဆရာမ ၈၂၃ ဦးနှင့်မတ္ထရာမြို့နယ်မှ ဆရာ၊ဆရာမ ၉၆၄ ဦးတို့အ တွက် ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန် ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ် ယာသုံးစက်ကိရိယာများအားလွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင် တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071