Monday, August 17, 2026

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ...

ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံပွဲသို့...
HomeNewsFootballမနက်ဖြန် ညနေတွင် နီပေါ-မြန်မာ...

မနက်ဖြန် ညနေတွင် နီပေါ-မြန်မာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်မည်

(၄)နိုင်ငံ အမျိုးသမီး ဘောလုံးဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အား ဖေဖော်ဝါရီ(၂၆)ရက် ၊ ည‌နေ (၆)နာရီ (၄၅) မိနစ်အချိန်တွင် အိမ်ရှင်နီပေါအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

အိမ်ရှင် နီပေါအသင်း နှင့် မြန်မာအသင်းတို့သည် အုပ်စုတွင်းယှဉ်ပြိုင်အပြီး ရမှတ်(၆)မှတ်စီဖြင့် ဗိုလ်လုပွဲတွင် ထိပ်တိုက်တွေ့ဆုံကြရခြင်းဖြစ်သည်။

ယနေ့တွင် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ယုကီတက်ဆုရို က “ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကို ဒီပြိုင်ပွဲကို ဖိတ်ခေါ်ပေးတဲ့ အိမ်ရှင်နီပေါနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဖိုင်နယ်ပွဲမှာ အိမ်ရှင်နီပေါအသင်းနဲ့ ထပ်မံကစားခွင့်ရတဲ့အပေါ်မှာလည်း အရမ်းကို ကျေနပ်မိပါတယ်။ ဖိုင်နယ်ပွဲမှာ ကျွန်တော်တို့ မြန်မာအသင်းရော အိမ်ရှင်နီပေါအသင်းရော သန့်သန့်ရှင်းရှင်းနဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် ကစားသွားမှာဖြစ်လို့ ပရိတ်သတ်တွေအနေနဲ့ စောင့်ကြည့်အားပေး စေချင်ပါတယ်။”ဟု ပြောကြားသည်။

ယင်းအပြင် မြန်မာအမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကလည်း “ပထမဦးဆုံး ပြောချင်တာက ဖိတ်ခေါ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မတူညီတဲ့ အသင်းတွေနဲ့ ကစားခွင့်ရတာလည်း ကျေနပ်မိပါတယ်။ ဖိုင်နယ်ပွဲကို သန့်သန့်ရှင်းရှင်းနဲ့ လေးလေးစားစား ယှဉ်ပြိုင်ကစားသွားမှာပါ”ဟု ဆိုသည်။

မြန်မာအမျိုးသမီး လက်ရွေးစင် ဘော လုံးအသင်းသည် ပွဲ ဦးထွက် လက်ဘနွန်အမျိုး သမီးအသင်းဖြင့် ယှဉ်ပြိုင်ရာ တွင် (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိထားသလို ဒုတိယအကျော့ကာဂျစ္စတန် လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကရာ၌ (၅)ဂိုးပြတ်ဖြင့် အနိုင်ရလဒ် ထွက်ပေါ်ခဲ့ပြီး အိမ်ရှင်နီပေါအသင်းနှင့် ပထမအကြိမ်ယှဉ်ပြိုင်မှုတွင် (၂)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြသည်။

ထို့ကြောင့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ၏ စည်းမျဉ်အရ နော က်ဆုံး အမှတ်အများဆုံးရရှိခဲ့သည့် နီပေါနှင့် မြန်မာအသင်းတို့ ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကို နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့၊ Dasharath ကွင်း၌ ဖေ ဖော်ဝါရီ(၂၃)ရက်မှ (၂၆)ရက်အထိ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။ ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ “ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့် ပင်တဂွန်၏ မူဝါဒရေးရာ ထိပ်တန်းအရာရှိ အယ်လ်ဘရစ်ချ်တို့ တွေ့ဆုံခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။ အန်ကော ဆန်တီနယ် စစ်ရေးလေ့ကျင့်မှုကို ၂၀၂၇ ခုနှစ်တွင် ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ရင်းနှီးသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် တံတားတစ်စင်း ဖြစ်လိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား-အမေရိကန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သော တိုးတက်မှု...

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀)ကျပ်သို့လျော့ချပေး

ရန်ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများကိုကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျော့ချပေးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သြဂုတ် ၁၆ ရက်တွင် အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန် ကုန်တိုင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အ ချက်များနှင့် ပြည့်စုံပါက နေ့စဉ်ည ၁၁ နာရီမှ နောက်နေ့ နံနက် ၅ နာ ရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလကောက်ခံသော ကျပ်(၉၀၀)မှ (၆၀၀) ကျပ်သို့လျှော့ချ ၍ ဓာတ်အားရယူသုံးစွဲခွင့်ပေးခြင်းကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်သွားမည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071