ရန်ကုန်မြို့အတွင်း အသားထုတ်လုပ်ရေးလုပ်ငန်းများအတွ က် ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရန် လိုင်စင်များကို မတ်လ (၁၀) ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) လက်အောက်ရှိ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနက အသိပေးထားသည်။
ယခု လျှောက်ထားနိုင်သည့် လိုင်စင်များတွင် ရွာသာကြီးဒေသရှိ အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝ က်)၊ လှိုင်သာယာ မွေးမြူရေးဇုန်ရှိ အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်)၊ ရွှေပြည်သာမြို့နယ်အတွင်း အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်)၊ ဒလမြို့နယ်အတွင်း အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ ဝက်) နှင့် ဆိတ်ကြီးခနောင်တို မြို့နယ်အတွင်း အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား) တို့ ပါဝင်ကြောင်း သိရသည်။
လိုင်စင်လျှောက်ထားလိုသူများအနေဖြင့် မတ်လ (၃) ရက်မှစတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ တရားဝင်ဝက်ဘ်ဆိုက်မှတဆင့် လိုင်စင် (C) အတွက် ကိုယ်ရေးအချက်အလက်များနှင့် လုပ်ငန်းဆိုင်ရာ အထောက်အထားများ ဖြည့်သွင်းပြီး အွန်လိုင်းမှ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားခြင်းကို မတ်လ (၁၀) ရက် နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနသို့ တို-က်ရို-က် ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
