Thursday, July 10, 2025

ကမ္ဘောဒီးယားတွင် ထိုင်းထုတ်ကုန်များ ပြတ်လပ်နေ၍ အခက်ကြုံနေသည့်စားသုံးသူများ

ကမ္ဘောဒီးယား မှ စားသုံးသူများသည် ၎င်းတို့နှစ်သက်ရာထိုင်း အမှတ်တံဆိပ်များကို အစားထိုးသုံးစွဲကြရတော့မည်ဖြစ်သည်။ ယခုအခါ ကမ္ဘောဒီးယားရှိ အရောင်းစင်များပေါ်မှ ထိုင်းထုတ်ကုန်များအစား အခြားနိုင်ငံမှ အမှတ်တံဆိပ်အသစ်များအစားထိုးလာခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသော စျေးကွက်အပြောင်းအလဲနှင့်...

ငလျင်ဒဏ်သင့်စက်ရုံ၊ အလုပ်ရုံများ ပြန်တည်ဆောက်ရေးအတွက်ချေးငွေထုတ်ပေးမည်

နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်၍ငလျင်ဒဏ်သင့်ဒေသများရှိ လုပ်ငန်းသုံးစက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက်MSMEs ချေးငွေထုတ်ပေးရန်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက်...

မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ

ပြည်တွင်း၌ မူးယစ်ဆေးဝါးကို ကွမ်းယာရောင်းသလိုရောင်းနေကြပြီလားဟု​စော​ကြော​လာကြချိန်၊အာဏာပိုင်များ အတွက် စိန်​ခေါ်ခံ​နေရချိန်၊စီးပွားအဖြစ်လုပ်ကိုင်​နေသူများအား ပြည်သူက အမျိုးသား​ရေးအမြင်ဖြင့် ​​ဒေါက်​ထောက် ကြည့်လာ​နေချိန်တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် မူးယစ်တရားခံပြေး(၂)ဦးအပါအဝင် (၇)ဦးကို...

ဟွန်ဆန် အ​ပေါ် သက်ဆင်၏ သ​ဘောထား

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယ​နေ့ ဗုဒ္ဓဟူးနေ့​နေ့လည်ပိုင်းက ဘန်ကောက်မြို့ရှိ အစ်စတင်န်ဂရမ်းဒ်​ဟော်တယ်တွင်ကျင်းပသည့်​ “ထိုင်းနိုင်ငံ၏ သောင်မတင် ရေမကျ ဖြစ်နေမှုများကို ဖြတ်ကျော်ခြင်း” ဆွေး​နွေးပွဲအစီအစဉ်အတွက် မီဒီယာဆွေးနွေးပွဲတစ်ခု...
HomeInterviewsမည်သည့် ဂီတသမားမဆို၊ မည်သည့်...

မည်သည့် ဂီတသမားမဆို၊ မည်သည့် အလွှာမဆို အကြံပြုစာများ ပေးပို့နိုင်ပါတယ် အကယ်ဒမီ ဦးကြည်မင်းသိန်း

မကြာမီကျင်းပတော့မည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးအမှုဆောင် သစ်ရွေးကောက်ပွဲအတွက် ဂီတအစည်းအရုံးမှ ရွေးကောက်ပွဲကော်မရှင်အား နိုဝင်ဘာ ၇ ရက်နေ့က အဖွဲ့ဝင် ၁၇ ဦးဖြင့်ဖွဲ့စည်းပေးခဲ့ပြီး ရွေးကောက်ပွဲ အတွက် နေ့ညမနားဆောင်ရွက်လျက်ရှိသည်။ အချိန်ကာလအားဖြင့် တော် တော်ကိုနည်းနေသောကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် မည်ကဲ့ သို့ဆောင်ရွက်ဖြစ်နေသည်ကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အကယ်ဒမီ ဦးကြည်မင်းသိန်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

မေး-ရွေးကောက်ပွဲကော်မရှင်ဖွဲ့တာ ရက်ကသိပ်ကပ်သွားတဲ့အခါကျတော့ ဦးကြည်တို့ ဆောင်ရွက်ရတာတွေမှာ အခက်အခဲလေးတွေ ရှိမယ်ထင်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဦးကြည်တို့ ဘယ်လိုတွေဆောင်ရွက်နေရပါသလဲ။

ဖြေ- အခက်အခဲတွေ ကတော့အများကြီးပဲ။ ဒါပေမယ့်လည်း ကိုယ့်အတွေ့ အကြုံနဲ့ နောက်ပြီးကိုယ့် ကော်မရှင်ထဲမှာပါတဲ့ အဖွဲ့ဝင်တော်တော်များများ က သူတို့အလွှာကနေ သူတို့တင်လိုက်တာလေ။ နောက်ဆုံးပြောမယ်ဆိုရင် ဟိုး မဟာဂီတကအစ အခုကလေးတွေရဲ့ ခေတ်သစ်အထိ သူတို့အလွှာအသီးသီးက သူတို့ကို တင်မြှောက်ထားတာဖြစ်တဲ့ အတွက် သူတို့ကိုယုံတာပေါ့။ ကော်မရှင် အဖွဲ့တွေအားလုံး အမှန်ကန်ဆုံး လုပ်မယ်ဆိုတာ ယုံကြည်တဲ့အတွက် ဦးကြည် အနေနဲ့ လုပ်ရတာလည်းကောင်းတယ်။ တစ်ခုပဲ။ ရက်ကပ်တဲ့အတွက် ပင်ပင် ပန်းပန်းလုပ်ရတာဖြစ်တယ်။ အဲဒီအတွက် ကော်မရှင် အဖွဲ့တွေကိုလည်း အား နာတယ်။ အခက်အခဲတွေကို ပြောမယ်ဆိုရင် စဖွဲ့ပြီးပြီးချင်း ပထမဆုံး အခက် အခဲက အစည်းအရုံးဝင်ခွင့်ရက်ကို ပိတ်လိုက်တာပဲ။ အဲဒါကိုလည်း ဦးကြည်တို့ ပထမဆုံး နံပါတ်တစ်ခေါင်းစဉ်အနေနဲ့ ချက်ချင်း သတင်းထုတ်ပေးလိုက်တယ်။ အမှုဆောင် အဆိုပြုချင်တဲ့ ဂီတသမားတွေကို တစ်ပတ် တိုးပေးလိုက်ပြီးတော့ သာမန်အစည်းအရုံး ဝင်ချင်တဲ့ ဂီတသမားတွေကို ၂ပတ်တိုးပေးလိုက်တာ ဖြစ် တယ်။ မည်သည့်ဂီတသမားမဆို၊ မည်သည့် အလွှာမဆို အကြံပြုစာများပေးပို့ နိုင်ပါတယ်လို့ ကျွန်တော် ဒီကနေပြောချင်ပါတယ်။

မေး-ရွေးကောက်ပွဲ လုပ်မယ့်ရက်က သိပ်မလိုတော့ဘူး ဆိုပေမယ့် ဂီတအလွှာ အသီးသီးမှာ ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး တချို့ကစိတ်ဝင်တစား ရှိကြတယ်။ ဒါပေမဲ့လည်း ဂီတရွေးကောက်ပွဲရှိတယ်ဆိုတာ သိတောင်မသိဘူးဆိုတဲ့ ဂီတသမားတွေလည်းရှိတယ်။ အဲဒီတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဂီတလောကသား အားလုံးနီးပါးလိုလို သိရှိအောင် ဦးကြည်တို့အနေနဲ့ ဘယ်လိုဆောင်ရွက်မလဲ။

ဖြေ-ပထမဆုံး အလွယ်ဆုံးနည်းကတော့ လက်ရှိ အမှုဆောင်ပေါ့နော်။ သူတို့က တာဝန်ရှိသေးတာ ဖြစ်တဲ့အတွက် အဲဒီအမှုဆောင်ထဲမှာပါတဲ့ အလွှာ၆လွှာ လုံးရဲ့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့က မေတ္တာရပ်ခံထားတယ်။ ဥပမာ- စတီရီယိုအလွှာရဲ့ ကိုယ်စားလှယ်တွေဆိုရင် အားလုံးသိတဲ့အတိုင်း ဖြူဖြူကျော် သိန်းပါတယ်၊ ဇော်ပိုင်ပါတယ်၊ ဟေမာနေဝင်းပါတယ်၊ အဲဒီ ကိုယ်စားလှယ်တွေ ကိုပဲ ကျွန်တော်တို့က သူတို့အလွှာက ဂီတသမားတွေကို ဆော်သြပေးပါ။ သ တင်းပေးပါလို့ အကူအညီတောင်းထားတာ ဖြစ်တဲ့အတွက် တော်တော်များများ တော့ သိနေပါပြီ။ အဲဒီမှာမှ အခုလို စာနယ်ဇင်း ပွဲကနေ မီဒီယာသမားတွေက ထပ်ပြီးတော့ ကူညီမယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။ ဒီဇင်ဘာ ၁၉ရက်နေ့မတိုင်ခင် ဂီတသမား တော်တော်များများ သိသွားလိမ့်မယ်လို့ မျှော် လင့်တာပေါ့လေ။ ကော်မရှင် အနေနဲ့လည်း အဆက်မပြတ် သတင်းတွေ ထုတ် နေမှာပါ။

မေး- ဦးကြည်က ကော်မရှင် အဖွဲ့ထဲမှာ ဝင်ထားတယ် ဆိုပေမယ့် အဖွဲ့မဖွဲ့ခင် တုန်းက ကိုယ်ကိုယ်တိုင်ကော ဝင်ရောက် အရွေးခံဖို့ ဆန္ဒမရှိခဲ့ဘူးလား။

ဖြေ-အမှုဆောင်အဖြစ် အဆိုပြုချင်တဲ့ သူကကော်မရှင်ထဲမှာပါလို့မရဘူး။ အဲဒီ တော့ ကျွန်တော်က အမှုဆောင်သစ် ရွေးကောက်ပွဲမှာတော့မှာမလုပ်ပါရစေနဲ့။ ကော်မရှင်မှာကူဆိုရင် ကူမယ်ဆိုပြီးတော့ လုပ်ဖြစ်တာ။ ကိုယ်ကိုယ်တိုင်က လည်း ဂီတကိုချစ်မြတ်နိုးတော့လေ။ အစည်းအရုံးရဲ့ အမှုဆောင်သက်တမ်း တစ်လျှောက်မှာလည်း ဦးတင်ဦးလေးမှ မဟုတ်ဘူး။ ရှေ့က ဦးမောင်မောင်လတ် တို့တုန်းကလည်း အကြံပေးထဲမှာ ထည့်ထားတယ်။ သူတို့ခေါ်တဲ့ အစည်းအဝေး တွေတက်တယ်။ ဝိုင်းဝန်းအကြံပေးတယ်။ ဒါမျိုးတော့လုပ်ပါတယ်။ ကော်မရှင် မှာ ကူပါ့မယ်ဆိုတော့ အားလုံးရဲ့ဆန္ဒအရ ကော်မရှင်ဥက္ကဋ္ဌ တာဝန်ပေးလိုက်တာ ပေါ့လေ။

မေး-ရွေးကောက်ပွဲပြီးလို့ မဲတွေကို ဘယ်လိုနည်းနဲ့ရေတွက်ကြမလဲ။ ဘယ်လိုမျိုး သတင်းထုတ်ပြန်မလဲ။

ဖြေ-ကျွန်တော်တို့ စဉ်းစားထားတာက ၁၉၊ ၂ဝ၊ ၂၁၊ ၂၂ အဲဒီရက်တွေရဲ့ ညနေမှာ ဖောက်တာကိုတော့ မည်သူမဆို ကြည့်လို့ရတယ်။ ပြီးရင် အဲဒီ ၆ လွှာလုံးရဲ့စာရင်းကိုတော့ ၂၃ ရက်နေ့မှာချက်ချင်းကြေညာပေးပါမယ်။ ဥပမာ-မဟာဂီတအလွှာက အမှုဆောင်သစ်တွေက ဘယ်သူ၊ ဘယ်သူဖြစ်တယ်။ ကာ လပေါ်က အမှုဆောင်သစ်တွေက ဘယ်သူတွေဖြစ်တယ် ချက်ချင်းကြေညာ ပေးပါ့မယ်။

မေး-ဒီဘက်မှာလည်း ဂီတရွေးကောက်ပွဲအတွက် အချိန်ပေးနေရတော့ ဦးကြည်ရဲ့ ရုပ်ရှင်နဲ့ ပတ်သက်လို့ သီချင်းတီးတာတွေ၊ တခြား အနုပညာကိစ္စတွေ ဘယ်လိုဆောင်ရွက်နေပါသလဲ။

ဖြေ-အချိန်ခွဲထားရတာပေါ့။ အခုဆို မနက် ၄ နာရီထပြီးတော့ ကိုယ့်ကိုယ် ပိုင်အလုပ်ပေါ့နော်။ ရုပ်ရှင်အလုပ်လေးတွေ လုပ်တယ်။ နောက် ဒီကြားထဲမှာ ကြော်ငြာဝင်လိုက်ပါဦးမယ်။ ကျွန်တော်က ဘောလုံး ဝါသနာပါပြီးတော့ ကျွန် တော်ဦးဆောင်တဲ့ ဖူဆယ်အသင်းက ပြီးခဲ့တဲ့လ အတွင်း မှာ အာဆီယံပြိုင်ပွဲမှာ တတိယဆု ရလာတယ်။ တတိယဆုရယ်၊ အသန့်ရှင်းဆုံး ဖလားရယ်၊ ၂ဝ၁၈ခုနှစ် အာရှအဆင့် ဝင်ပြိုင်ခွင့်ပါရလာတယ်။ အဲဒီတော့ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းကိုလည်း အချိန်ပေးရတာပေါ့နော်။ ဒီလိုပဲမျှပြီးတော့ မလွတ်အောင် တော့ကြိုးစားပြီးတော့ လုပ်နေပါတယ်။ ပြီးတော့ ၂ဝ၁၇ရဲ့ အကယ်ဒမီပေးပွဲ အခုစတော့မယ် ထင်တယ်။ အဲဒီမှာလည်း ကျွန်တော့်ကားတွေပါတယ်။ ကား တွေကတော့ ပြောမယ်ဆိုရင် လက်ခံထားတာ အများကြီးပဲ၊။ ဒါပေမဲ့ ရုံတင် တာကျတော့ ထုတ်လုပ်သူနဲ့ ဆိုင်သွားတော့လေ။ ဥပမာ- ဒီ၂ဝ၁၇ထဲမှာ အခုစာရင်းမချုပ်သေးဘူး။ ကိုယ်မှန်းထားတာတော့ ကားက ၁၅ကား လောက်ရှိတယ်။ ဒါပေမဲ့ ဒီ နှစ်ထဲမှာ ၃ကားပဲ ပြနိုင် မယ်ဆိုလို့ရှိရင် ၃ကား ပဲပါမှာပေါ့။ ကျန်တဲ့ ကားတွေကတော့ ရှေ့နှစ်မှပါမှာပေါ့။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071