Sunday, August 2, 2026

မန္တလေးရှိ “မီလျှံနာ”ရွှေဆိုင်နှင့် “ပေါ်ဦး”ရွှေဆိုင်တို့အား ဓားပြတိုက်ခဲ့သူ(၁၃)ဦးကို...

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်အား ဇူလိုင် ၂၀ ရက်နှင့် မဟာအောင်မြေမြို့နယ်ရှိ "ပေါ်ဦး"ရွှေဆိုင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ကသေနတ်ပစ်ဖောက်၍...

၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍...

နေပြည်တော်၊ ဩဂုတ် ၂ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့ဧရိယာများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂)...

ပါရီ၌ ကျင်းပသည့် EWC 2026...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends:...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...
HomeNewsLocal Newsမစ္စတာရှောင်တာနယ်အပါငါးဦးအမှု စွပ်စွဲခံရသူများဘက်မှရှေ့နေအချို့ ရောက်မလာခြင်းကြောင့်...

မစ္စတာရှောင်တာနယ်အပါငါးဦးအမှု စွပ်စွဲခံရသူများဘက်မှရှေ့နေအချို့ ရောက်မလာခြင်းကြောင့် မစစ်ဆေးဖြစ်

(Unicode)

မစ္စတာရှောင်တာနယ်အပါငါးဦးအမှု စွပ်စွဲခံရသူများဘက်မှရှေ့နေအချို့ ရောက်မလာခြင်းကြောင့် မစစ်ဆေးဖြစ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စရှောင်တာနယ်အပါအဝင် ငါးဦးကိုစွဲဆိုထားသော လျို့ဝှက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)အမှုအတွက် စွပ်စွဲခံရသူများဘက်မှ ရှေ့နေအချို့ရောက်ရှိလာခြင်းမရှိသည့်အတွက် စစ်ဆေးကြားနာနိုင်ခြင်းမရှိခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူ အချို့ထံမှသိရသည်။

ထို့ကြောင့် ရုံးချိန်းကို ဖေဖော်ဝါရီ၂၄ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုထားသည်။

အမှုနှင့်ပတ်သက်၍ ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ် သီးသန့်တရားရုံး၌ ကြားနာရန်ရှိသော်လည်း စွပ်စွဲခံရသူများဘက်မှရှေ့နေအချို့ရောက်ရှိလာခဲ့ခြင်းမရှိသောကြောင့် ကြားနာစစ်ဆေးနိုင်ခြင်း မရှိပေ။

အဆိုပါ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ) အမှုနှင့်စပ်လျဥ်း၍ ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် ယခင် ယင်း ဝန်ကြီးဌာန၏ ဝန်ကြီး ဟောင်းဦးကျော်ဝင်းတို့ ငါးဦးကို ပူးတွဲစွဲဆိုထားသော အမှုဖြစ်သည်။

ဝန်ကြီးဟောင်း ဦးကျော်ဝင်းသည် ယခင် သမ္မတဟောင်း ဦးထင်ကျော်လက်ထက်တွင် တာဝန်မှအနားယူခဲ့သူတစ်ဦးဖြစ်သည်။

ယမန့်နေ့ ဖေဖော်ဝါရီ ၁၇ ရက်ရုံးချိန်းသည် ဒုတိယအကြိမ်မြောက် စစ်ဆေးနိုင်ခြင်းမရှိသည့် ရုံးချိန်းဖြစ်ပြီး၊ အလားတူ ဖေဖော်ဝါရီ ၁၀ ရက် ရုံးချိန်းတွင်လည်း ဝန်ကြီးဟောင်းဦးစိုးဝင်း၏ရှေ့နေမှာ နေပြည်တော်အဝင် ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်၌ ကိုယ်ပူချိန်တိုင်းတာစဥ် သတ်မှတ်ကိုယ်ပူချိန်ထက် မြင့်တက်နေခြင်းကြောင့် ဝင်ရောက်ခွင့်မရခဲ့သဖြင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ရသေးကြောင်း သိရသည်။

အဆိုပါလျှို့ဝှက်အက်အမှုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ရသော မစ္စတာရှောင်တာနယ်၏ ကွန်ပျူတာအတွင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများကိုတွေ့ရှိရသည်ဟုဆိုကာ စွဲဆိုထားသော အမှုဖြစ်သည်။

ဩစတြေးလျနိုင်ငံသားဖြစ်သူ မစ္စတရှောင်တာနယ်လ်သည် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်း တစ်ဦးတည်း သီးခြားတရားစွဲဆိုခံထားရပြီး ယမန်နေ့တွင် ထိုအမှုကိုလည်း မစစ်ဖြစ်ဘဲ ရုံးချိန်းသာပြန်လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။

(Zawgyi)

မစၥတာေရွာင္တာနယ္အပါငါးဦးအမႈ စြပ္စြဲခံရသူမ်ားဘက္မွေရွ႕ေနအခ်ိဳ႕ ေရာက္မလာျခင္းေၾကာင့္ မစစ္ေဆးျဖစ္

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရးအႀကံေပးတစ္ဦးျဖစ္သူ ၾသစေၾတးလ်ႏိုင္ငံသား မစၥေရွာင္တာနယ္အပါအဝင္ ငါးဦးကိုစြဲဆိုထားေသာ လ်ိဳ႕ဝွက္အက္ဥပေဒပုဒ္မ ၃(၁)(ဂ)အမႈအတြက္ စြပ္စြဲခံရသူမ်ားဘက္မွ ေရွ႕ေနအခ်ိဳ႕ေရာက္ရွိလာျခင္းမရွိသည့္အတြက္ စစ္ေဆးၾကားနာႏိုင္ျခင္းမရွိခဲ့ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူ အခ်ိဳ႕ထံမွသိရသည္။

ထို႔ေၾကာင့္ ႐ုံးခ်ိန္းကို ေဖေဖာ္ဝါရီ၂၄ ရက္သို႔ ႐ုံးခ်ိန္းျပန္လည္ခ်ိန္းဆိုထားသည္။

အမႈႏွင့္ပတ္သက္၍ ယမန္ေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္ နံနက္ပိုင္းက ေနျပည္ေတာ္ေကာင္စီဝန္းအတြင္းရွိ ဇဗၺဴသီရိၿမိဳ႕နယ္ သီးသန္႔တရား႐ုံး၌ ၾကားနာရန္ရွိေသာ္လည္း စြပ္စြဲခံရသူမ်ားဘက္မွေရွ႕ေနအခ်ိဳ႕ေရာက္ရွိလာခဲ့ျခင္းမရွိေသာေၾကာင့္ ၾကားနာစစ္ေဆးႏိုင္ျခင္း မရွိေပ။

အဆိုပါ ႏိုင္ငံေတာ္လ်ိဳ႕ဝွက္အက္ဥပေဒပုဒ္မ ၃(၁)(ဂ) အမႈႏွင့္စပ္လ်ဥ္း၍ ေဒၚေအာင္ဆန္းစုၾကည္၊ မစၥတာေရွာင္တာနယ္၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးေဟာင္း ဦးစိုးဝင္း၊ ဒုဝန္ႀကီးေဟာင္း ဦးဆက္ေအာင္ႏွင့္ ယခင္ ယင္း ဝန္ႀကီးဌာန၏ ဝန္ႀကီး ေဟာင္းဦးေက်ာ္ဝင္းတို႔ ငါးဦးကို ပူးတြဲစြဲဆိုထားေသာ အမႈျဖစ္သည္။

ဝန္ႀကီးေဟာင္း ဦးေက်ာ္ဝင္းသည္ ယခင္ သမၼတေဟာင္း ဦးထင္ေက်ာ္လက္ထက္တြင္ တာဝန္မွအနားယူခဲ့သူတစ္ဦးျဖစ္သည္။

ယမန္႔ေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္႐ုံးခ်ိန္းသည္ ဒုတိယအႀကိမ္ေျမာက္ စစ္ေဆးႏိုင္ျခင္းမရွိသည့္ ႐ုံးခ်ိန္းျဖစ္ၿပီး၊ အလားတူ ေဖေဖာ္ဝါရီ ၁၀ ရက္ ႐ုံးခ်ိန္းတြင္လည္း ဝန္ႀကီးေဟာင္းဦးစိုးဝင္း၏ေရွ႕ေနမွာ ေနျပည္ေတာ္အဝင္ ကိုဗစ္ ၁၉ စစ္ေဆးေရးဂိတ္၌ ကိုယ္ပူခ်ိန္တိုင္းတာစဥ္ သတ္မွတ္ကိုယ္ပူခ်ိန္ထက္ ျမင့္တက္ေနျခင္းေၾကာင့္ ဝင္ေရာက္ခြင့္မရခဲ့သျဖင့္ မစစ္ေဆးျဖစ္ဘဲ ႐ုံးခ်ိန္း ျပန္လည္ခ်ိန္းဆိုခဲ့ရေသးေၾကာင္း သိရသည္။

အဆိုပါလွ်ိဳ႕ဝွက္အက္အမႈသည္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၅ ရက္တြင္ ရန္ကုန္ၿမိဳ႕၌ ဖမ္းဆီးခံခဲ့ရေသာ မစၥတာေရွာင္တာနယ္၏ ကြန္ပ်ဴတာအတြင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ စာ႐ြက္စာတမ္းမ်ားကိုေတြ႕ရွိရသည္ဟုဆိုကာ စြဲဆိုထားေသာ အမႈျဖစ္သည္။

ဩစေၾတးလ်ႏိုင္ငံသားျဖစ္သူ မစၥတေရွာင္တာနယ္လ္သည္ ႏိုင္ငံေတာ္အစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃(၁)(ဂ)အျပင္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒပုဒ္မ ၁၃(၁)ျဖင့္လည္း တစ္ဦးတည္း သီးျခားတရားစြဲဆိုခံထားရၿပီး ယမန္ေန႔တြင္ ထိုအမႈကိုလည္း မစစ္ျဖစ္ဘဲ ႐ုံးခ်ိန္းသာျပန္လည္ခ်ိန္းဆိုခဲ့ေၾကာင္းသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးရှိ “မီလျှံနာ”ရွှေဆိုင်နှင့် “ပေါ်ဦး”ရွှေဆိုင်တို့အား ဓားပြတိုက်ခဲ့သူ(၁၃)ဦးကို ပစ္စတိုသေနတ်အပါ အဝင် သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်အား ဇူလိုင် ၂၀ ရက်နှင့် မဟာအောင်မြေမြို့နယ်ရှိ "ပေါ်ဦး"ရွှေဆိုင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ကသေနတ်ပစ်ဖောက်၍ ဓားပြတိုက်လုယက်ခဲ့ကြသော ပြစ်မှုကျူးလွန်သူ(၁၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းက "မီလျံနာ"ရွှေဆိုင်အား သေနတ်ပစ်ဖောက်၍ ဓားပြတိုက်ကာ ငွေကျပ်သိန်း(၆,၀၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပ စ္စည်းများကိုလုယက်ယူဆောင်သွားသူ(၆)ဦးအား (ပ) ၁၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထက်ဝေကျော်(ခ)ကိုထက်(၂၂)နှစ်၊ ရှိုင်းကို(ခ)ငရှိုင်း(၃၀)နှစ်၊ အောင်ကျော်ဇော(ခ)အောင်ကျော်(ခ)အကြီးကောင် (၃၃)နှစ်၊ ကောင်းခန့်ကျော်(ခ)ဘိုကောင်း(၂၁)နှစ်၊ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်(၅၈)နှစ်၊...

၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍ ရေပေါင်းဆုံနှင့် ယင်းမာပင်တွင် ယနေ့ ယာယီမီးပြတ်မည်

နေပြည်တော်၊ ဩဂုတ် ၂ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့ဧရိယာများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂) ဓာတ်အားလိုင်းတစ်လျှောက် အသေးစိတ်စစ်ဆေးခဲ့ရာ တာဝါတိုင် ၅ တိုင်တွင် Jumper ကြိုးများ လွန်းဖွာနေခြင်း၊ ကြွေသီးတွဲများ ကွဲအက်နေခြင်းနှင့် Arching Horn များ မီးပန်းထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ဓာတ်အားစနစ် တည်ငြိမ်မှု မြှင့်တင်နိုင်ရန်နှင့် မလိုလားအပ်သော ဓာတ်အားပြတ်တောက်မှုများကို ကာကွယ်နိုင်ရန်အတွက် အဆိုပါထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ယနေ့ (၂၀၂၆ ခုနှစ်...

ပါရီ၌ ကျင်းပသည့် EWC 2026 MLBB MSC ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos အသင်း ဒုတိယဆု ရရှိ

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang (MLBB) Mid-Season Cup (MSC) ဗိုလ်လုပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဒုတိယဆု (Runners-up) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲစဉ် (Grand Finals) တွင် Yangon...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071