ရန်ကုန်၊ စက်တင်ဘာ ၁၂
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရေမြောင်းအတွင်းကျသွားသည့် ဘောလုံးအား ဆင်းကောက်ရာမှ ပျောက်ဆုံးသွားခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလေ-ာင်းကို ယနေ့ (စက်တင်ဘာ ၁၂ ရက်) ည ၇ နာရီခွဲခန့်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ပျေ-ာက်ဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလေ-ာင်းအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၈ လမ်းထိပ်ရှိ ရေမြောင်းအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မှ ေ-သဆုံးသူ ကလေးငယ်၏ ရုပ်အလေ-ာင်းအား သပြေကုန်းရပ်ကွက် လူမှုကူညီရေးအသင်းမှ ကူညီရေးယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အဖြူရောင် ကမ်းလက် လူမှုကူညီရေးအသင်း
