Monday, December 8, 2025

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇)...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင်...
HomeArticlesမင်္ဂလာ စာမေးပွဲများ ပွင့်လန်းရာ...

မင်္ဂလာ စာမေးပွဲများ ပွင့်လန်းရာ ပိုက်သင်ရွာသို့မဟုတ်ပထမကျော် အောင်စံထား ဆရာတော် မွေးရပ်မြေ

မင်္ဂလာစာမေးပွဲများ၊ အဘိဓမ္မာ စာမေးပွဲများတို့ကိုယနေ့ထိတိုင် ဂုဏ်ယူစွာ ကျင်းပနေသော မြိုင်မြို့နယ်၊ ပိုက်သင်ရွာကြီးသည် ပထမကျော်အောင်စံ ထားဆရာတော်ကြီး မွေးရပ်ဇာတိမြေလည်းဖြစ် သည်။ ပိုက်သင်ရွာ ကြီးသည် အိမ်ခြေ ၅ဝဝ ခန့်ရှိပြီး စာကြည့်တိုက် ၃ တိုက်နှင့် မင်္ဂလာ ရှိပြီး ပညာတတ်ပေါများရာ ယဉ်ကျေးမှုထွန်းကားနေ သည့် ရွာ ကြီးလည်းဖြစ်သည်။ ခေတ်အဆက်ဆက် ရှေးဟောင်း အနုပညာ လက်ရာများ၊ ရုပ်ပွားတော်များ၊ ပေစာ၊ ကျမ်းစာများ မြတ်နိုးထိန်းသိမ်း ထားရှိသည်။

ဒေါက်တာသန်းထွန်း၊ တမ္မဝတီဦးဝင်း မောင်စသည့်သမိုင်းပညာရှင်များ ရောက်ရှိလေ့လာရာရွာကြီးလည်း ဖြစ်သည်။ ရှေးဟောင်းစာများ ထိန်းသိမ်းထားသည့် စာကြည့်တိုက်- ဓမ္မစာပေ စာကြည့်တိုက်၊ ရပ်ရွာအတွက် ရှင်ကရဝိက စာကြည့်တိုက် ဟူ၍ စာကြည့်တိုက် ၃ တိုက်နှင့် စာဖတ်အားကောင်းနေဆဲ ရွာကြီးဖြစ်သည်။ သမိုင်းကပြောသည့် ပုဂံ၊ ပုဂံကပြောသည့် သမိုင်းနှင့် နာမည်ကျော် အမျိုးသားစာပေဆုရ ဒေါက်တာသက်လွင် ဇာတိရပ်မြေ လည်းဖြစ် သည်။ ပခုက္ကူနှင့် မိုင် ၁၈ မိုင်ကွာဝေးပြီး ပခုက္ကူ- မြိုင်ကား လမ်းမဘေးရွာကြီးလည်းဖြစ်ကာ ဘာသာ သာသနာစာပေ ထွန်းကား တိုးတက်သော စည်းလုံးသော ရွာကြီးဖြစ်လေ သည်။ ၄င်းရွာကြီးသည် ပုဂံခေတ်ကပင် တည်ရှိနေပြီး ရွာနာမည်သည် ပိုက်သင်အမည်တွင် နေရာ ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။ မ င်္ဂလာစာမေးပွဲများ၊ အဘိဓမ္မာ စာမေးပွဲများတို့ကိုယနေ့ထိတိုင် ဂုဏ်ယူစွာ ကျင်းပနေသော မြိုင်မြို့နယ်၊ ပိုက်သင်ရွာကြီးသည် ပထမကျော်အောင်စံ ထားဆရာတော်ကြီး မွေးရပ်ဇာတိမြေလည်းဖြစ် သည်။

ပိုက်သင်ရွာ ကြီးသည် အိမ်ခြေ ၅ဝဝ ခန့်ရှိပြီး စာကြည့်တိုက် ၃ တိုက်နှင့် မင်္ဂလာ ရှိပြီး ပညာတတ်ပေါများရာ ယဉ်ကျေးမှုထွန်းကားနေ သည့် ရွာ ကြီးလည်းဖြစ်သည်။ ခေတ်အဆက်ဆက် ရှေးဟောင်း အနုပညာ လက်ရာများ၊ ရုပ်ပွားတော်များ၊ ပေစာ၊ ကျမ်းစာများ မြတ်နိုးထိန်းသိမ်း ထားရှိသည်။ ဒေါက်တာသန်းထွန်း၊ တမ္မဝတီဦးဝင်း မောင်စသည့်သမိုင်းပညာရှင်များ ရောက်ရှိလေ့လာရာရွာကြီးလည်း ဖြစ်သည်။ ရှေးဟောင်းစာများ ထိန်းသိမ်းထားသည့် စာကြည့်တိုက်- ဓမ္မစာပေ စာကြည့်တိုက်၊ ရပ်ရွာအတွက် ရှင်ကရဝိက စာကြည့်တိုက် ဟူ၍ စာကြည့်တိုက် ၃ တိုက်နှင့် စာဖတ်အားကောင်းနေဆဲ ရွာကြီးဖြစ်သည်။ သမိုင်းကပြောသည့် ပုဂံ၊ ပုဂံကပြောသည့် သမိုင်းနှင့် နာမည်ကျော် အမျိုးသားစာပေဆုရ ဒေါက်တာသက်လွင် ဇာတိရပ်မြေ လည်းဖြစ် သည်။ ပခုက္ကူနှင့် မိုင် ၁၈ မိုင်ကွာဝေးပြီး ပခုက္ကူ- မြိုင်ကား လမ်းမဘေးရွာကြီးလည်းဖြစ်ကာ ဘာသာ သာသနာစာပေ ထွန်းကား တိုးတက်သော စည်းလုံးသော ရွာကြီးဖြစ်လေ သည်။ ၄င်းရွာကြီးသည် ပုဂံခေတ်ကပင် တည်ရှိနေပြီး ရွာနာမည်သည် ပိုက်သင်အမည်တွင် နေရာ ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။  ထူးခြားသော ရွာကြီးမှ ပထမ ကျော် အောင်စံထားဆရာတော်ကြီး မွေးဖွားထွန်းပေါက်ခဲ့သည်။

၁ဝ၆၇ ခုနှစ်တွင်ပိုက်သင်ရွာ ဦးရွှေအောင် + ဒေါ်ကြုတ်တို့မှ မွေးဖွားခဲ့ပါသည်။ ၁ဝ၇၂ ခုနှစ်တွင် ပခန်းကြီးတောင် ဘက် နှောဘရွာ နိဗ္ဗာန်ကျောင်း ဆရာတော် အရှင်ဓမ္မာနန္ဒာ လင်္ကာ ရ၏တပည့် အရှင် စန္ဒမဉ္စူသာ ဆရာတော်ထံ ပညာသင်ကြားခဲ့သည်။ ဘွဲ့တော်မှာ အရှင်ဥာဏာဝရဖြစ်လေသည်။ ၁ဝ၈၅ ခုနှစ်တွင် အရှင် စန္ဒမဉ္စူသာ ပျံလွန်တော်မူ၍ တပို့တွဲလဆန်း ၈ ရက်နေ့ အင်းဝမြို့ တနင်္ဂနွေမင်းကြီး ကိုးကွယ်ဆည်းကပ်သော အောင်တုစံ လွှတ်ကျောင်း တိုက် မိုးထိဆရာတော်ကြီးထံ ပညာဆည်းပူးပါသည်။ ၁ဝ၈၆ ခုနှစ်မူ သက်တော် ၁၉ နှစ်အရွယ်တွင် သုဓမ္မာ စာပြန်ပွဲဖြေဆိုတော်မူသည်။ ပထမကျော်အောင်ပန်းကို ဆွတ်ခူးရယူနိုင်ခဲ့သည်။ လောကသရဖူ ဒါယကာ မင်းကြီး ကိုယ်တိုင်ရဟန်းခံ၍ ကျောင်းတစ်ရာ အရံတို့ဖြင့် ကျော်အောင်စံထားကျောင်းတိုက်ကြီးအပါ ဇိနစက္ကာဘိရာမ ရာဇာ ဓိရာဇဂုရု ဘွဲ့တံဆိပ်တော်နှင့် ဆက်ကပ်လှူဒါန်းတော်မူခဲ့ပါသည်။

ပထမကျော်အောင်စံထား ဆရာတော်ကြီးသည် ၁ဝ၈၉ ခုနှစ်တွင် ပခန်းကြီးမြို့၊ စည်ရှည်ဘုရား အနောက်မျက်နှာ ဒါယကာမောင် အောင်ဇေယျဆောက်လုပ်လှူဒါန်းသော ကျောင်းတော်ကြီးတွင်လည်း သီတင်းသုံးရသည်။  ၁ဝ၉၄ခုနှစ်တွင် ရတနပူရသို့ လည်းကောင်း၊ ၁၁၁ဝ ပြည့်နှစ်ရောက် သော် ညောင်ကန်ရွာကြီးသို့ လည်း ကောင်း ကြွရောက်သီတင်းသုံးတော် မူကာ ၁၁၅ ခုနှစ် သက်တော် ၄၈နှစ်၊ သိက္ခာတော် ၂၈ ဝါတွင် ဘဝ သစ်သို့ မြန်းကြွတော်မူပါသည်။ ဆရာတော်ကြီးသည် သက်တော် ငယ်သော်ငြား အဘိဓာန်နိသျှ၊ ရာဇဓိရာဇနာမတပကာသနီပါဌ်နိသျှ ကဝိလက္ခာခေါ် သဒ္ဒပရမတ် မြန်မာ သဒ္ဒါကျမ်း၊ သုရာဝိနိစ္ဆယကျမ်း၊ ပါဒ နက်သန်ရှိခိုးဂါထာများ၊ ပါတိမောက္ခ လေန လက်သန်းအဋ္ဌကထာပါဌ်၊ အဘိဓမ္မာ သင်္ဂြိုလ်ဂဏ္လိပဗ္ဗကျမ်း၊ အဌသာလိနိဂဏိ ပဗ္ဗကျမ်း၊ ရာဇ လင်္ကာရကျမ်း၊ အဘိဓမ္မတÄ သင်္ဂဟ အဋ္ဌကထာ၊ အနူသုရာဝိနိစ္ဆယ၊ ဝုတ္တောဒယဆန်ကျမ်းစာကိုယ်နိသျှ၊ ကစ္စာယနသာရနိသျှသစ်အကျယ်၊ ကမ္မဝါစာဂဏိ၊ ဒုဋ္ဌက္ခရဂဏိကျမ်း စသည့် ကျမ်းပေါင်းများစွာကို သာသနာအတွက် ပြုစုဆောင်ရွက်တော်မူခဲ့ပါသည်။

 နေဦးမောင် (ပခုက္ကူ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071