Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesမင်္ဂလာရှိသော သင်္ကြန်

မင်္ဂလာရှိသော သင်္ကြန်

ဒီနေ့မနက် နေကျဲကျဲတောက်ပူနေ ရာက နေ့လယ်နှစ်နာရီလောက် မှာ ရုတ်တရက် မိုးအုံ့သွားတယ်။ မိုးလေဝသက ကြေညာထားတာက လည်း အခုရက်ပိုင်းမိုးရွာမယ်တဲ့။ တ ချို့မြို့တွေမှာ မိုးသီးတွေကြွေအောင် တောင် သဲကြီးမဲကြီးရွာတာ စာမျက် နှာတွေ၊ ဖေ့စ်ဘုတ်ခ်တွေပေါ်မှာတွေ့ ရပါတယ်။ ဒါကြောင့် ဒီနေ့မိုးရွာမယ် လို့ ကြေညာထားပေမယ့် ခုလိုချက် ချင်းကြီးတော့ ရွာမယ်မထင်ခဲ့မိဘူး။ ဒါပေမဲ့ နေ့ခင်းဘက်မှာ နေကျဲကျဲ တောက်တောက်ကြီး ပူနေခဲ့ရာကနေ မိုးချက်ချင်းအုံ့လာတယ်။ နေခဏ ပျောက်သွားတယ်။ မကြာဘူး ချက်ချင်းလိုလို မိုးရွာလာတာပါပဲ။ ကျွန်မတို့လည်း လှမ်းထားတဲ့ အ ဝတ်တွေထွက်ရုပ်ပြီး သိမ်းတန်တာ သိမ်းပေါ့။ ဒါပေမဲ့ မိုးကခပ်ကျဲ ကျဲရွာလိုက်ပြီး ချက်ချင်းလိုလိုရပ် သွားတယ်။ နေကျဲကျဲပြန်ပူလာတယ်။ ချက်ချင်းပူအိုက်လာတုန်းမှာပဲ မီးက ချက်ချင်းပျက်သွားပါတယ်။ ကျွန်မ အတော်စိတ်ညစ်သွားတယ်။

“မိုးရွာပါစေတောင် ဆုမတောင်း ရဲဘူး။ မီးပျက်မှာစိုးလို့”

ကိုယ့်ဘာသာဗျစ်တောက်ဗျစ် တောက်နဲ့ ပြောနေပေမယ့် မီးပျက် တာဘာတတ်နိုင်မှာလဲလေ။ မြို့ထဲ ဘက်မှာတော့ ရေတွေအတော် အိုင် သွားတယ်လို့ ဖေ့စ်ဘုတ်ခ်မှာသတင်း တစ်ခုတက်သွားတာတွေ့လိုက်တယ်။ ရေမြောင်းတွေပိတ်ဆို့မှုကြောင့်လား၊ ဘာကြောင့်လဲဆိုတာတော့ မတွေး တော့ပါဘူး။ မိတ်ဆွေတစ်ယောက် က မိုးရွာအပြီးဖေ့စ်ဘုတ်ခ်ပေါ် ပုံ လေးတစ်ပုံတင်လိုက်တယ်။ ဒူးဆစ် လောက်မြုပ်နေတဲ့ ရေတွေနဲ့ ခြံဝင်း လေးတစ်ခုကိုပါ။ စာလည်းရေးထား ပါသေးတယ်။

“သင်္ကြန်ဖက်ဆွတ်မိုးလေး ဖျန်း ပက်ပါဆိုမှ ဒူးဆစ်အထိ ရေမြုပ်နေ တယ်”တဲ့။ စာဖတ်သူရှင်၊ ကျွန်မက တော့ သဘောကျပြီး ပြုံးမိတယ်။ ရေးတတ်ပါပေ့ မိတ်ဆွေကြီးရေလို့ သာပြောချင်ပါတော့တယ်။ ကျွန်မတို့ အနားတစ်ဝိုက်ကတော့ တကယ့်ကို သင်္ကြန်ဖက်ဆွတ်မိုးလေးလို အားလုံး ရွှဲစိုသွားအောင် ခပ်ပါးပါးလေးရွာ သွန်းပြီး ချက်ချင်းရပ်သွားပါတယ်။ ရေတစ်ပေါက်မှ တင်ကျန်မနေခဲ့ပါ ဘူးရှင်။ တကယ့်ကို မိုးပြေးလေးဖြစ်ပါ တယ်။

အခုလိုနွေရာသီတွေမှာ တအား ပူပြင်းလွန်းတော့ ကောင်းကင်မှာ မိုး တိမ်တောင်တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း မိုးတွေရွာချတာ ဖြစ်ပေမယ့် မိုးကြိုးပစ်တာ၊ မိုးခြိမ်း တာကိုတော့ စိုးရွံ့မိတာအမှန်ပါရှင်။

မိုးတိမ်တောင်က မိုးကြိုးနဲ့ တွဲဖက်သလားမသိဘူး။ မိုးကြိုးပစ် တာ၊ မိုးခြိမ်းတာများတယ်လို့ ကြား ဖူးပါတယ်။ တော်သေးတယ်။ ကျွန်မ တို့ဘက်မှာ မိုးပဲခြိမ်းသွားပါတယ်။ သစ်ပင်ကလေးတွေတော့ မိုးရေ စက်ကလေးတွေ ဖျန်းပက်သွားလို့ ရေဓာတ်ကလေးကစပြီး ရပြီပေါ့ရှင်။ ရိုးရိုးလောင်းတဲ့ရေနဲ့ မိုးရေကလည်း မတူဘူးရှင့်။ မိုးစက်ထိမှန်တဲ့ အပင် လေးတွေဟာ ခဏလေးနဲ့ စိမ်းစိုပွား များလာတတ်တာ မြက်ပင်လေးတွေ သာ ဥပမာပြချင်ပါတော့တယ်။ မိုးနဲ့ အတူ မြေသင်းနံ့လေးတော့ နည်း နည်းရလိုက်ပါသေးတယ်။ စွဲမက် စရာ ရနံ့လေးပါ စာဖတ်သူရယ်။

*************************

မိုးစက်လေးတွေကိုကြည့်ပြီး သင်္ကြန်ကျတော့မှာပဲလို့ သတိရမိ တယ်။ မြန်မာတို့ရဲ့ ရိုးရာသင်္ကြန်ပွဲ လည်း ဆင်နွှဲကြဖို့အချိန်နီးလာပြီ။ အခုပဲ ရုပ်သံလိုင်းကနေ ‘သင်္ကြန်မိုး’ ရုပ်ရှင်ပြနေလေရဲ့။ ကျွန်မလည်း မငြီးငွေ့တမ်း သုံးခါလုံးထိုင်ကြည့်ပြီး ပြီ။ ဖေ့စ်ဘုတ်ခ်ပေါ်ကိုတောင် ကျွန်မစာရေးပြီး တင်မိပါသေးတယ်။

“ဘယ်တော့မှ မရိုးနိုင်တဲ့ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီရုပ်ရှင်မှာ မင်းသားနေအောင်ကို အကယ်ဒမီ သိပ်ရစေချင်တာပဲ။ သူ့ မိန်းမသေသွားတော့ မိန်းမလက်က လေးကိုကိုင်ပြီး မျက်ရည်ကျတာများ တကယ့်ကို ကြေကြေကွဲကွဲနဲ့အံကြိတ် ပြီး လည်ပင်းကသွေးကြောလေး ထောင်နေအောင် အိုက်တင်လုပ် တာများ ကောင်းလွန်းလို့ပါ”လို့ ရေး တင်မိပါတယ်။ မင်းသားတင်မက ပါဘူး။ မင်းသမီးနဲ့ သရုပ်ဆောင် အားလုံးတော်ကြပါတယ်။ မင်းသား ကြီး ဇော်ဝမ်းရဲ့ သင်္ကြန်သီချင်းတွေ ကောင်းချက်က ခုချိန်ထိ တခြား သီချင်းတွေ သင်္ကြန်ပွဲတော်မှာ တိုးလို့ မရတာသာ ကြည့်ကြပါတော့ရှင်။ သီချင်းတွေကလည်း အနှစ်တွေပဲ ကိုးရှင်။ တကယ့်ကိုနားထောင်ရတာ အရသာရှိလှပါတယ် စာဖတ်သူ။

*************************

အခုဒီနှစ်သင်္ကြန်အကြိုမှာ ပန်း ပိတောက်တွေလည်း အများကြီး ပွင့်ကြမှာပါလို့ထင်မိတယ်။ ပိတောက် ကိုယ်စား နှစ်တိုင်း ရက်လ အတိ အကျ အချိန်မှန်ပွင့်လို့ နာမည်ကောင်း ရနေတဲ့ ငုပန်းခိုင်တွေလည်း တွဲရရွဲ ဆွဲပြီး အားရပါးရပွင့်ကြမှာ သေချာ ပါတယ်။ ဒီနှစ်အတွက် ထူးဆန်းတာက ပိတောက်တွေ ဖူးဝေစည်နေပြီး တ ချို့ဆို ပွင့်နေတာတောင် ဖေ့စ်ဘုတ်ခ် မှာမြင်နေရပါတယ်။ အခုလို ဖက် ဆွတ်မိုးလေး စောစာစီးစီးဖျန်းပက်ရွာ သွန်းထားတဲ့အတွက် ဒီနှစ်သင်္ကြန် ဟာ မင်္ဂလာရှိနေပါပြီရှင်။

ဒီသင်္ကြန်မှာ ကျွန်မတို့မိသားစု ကတော့ ဘယ်ကိုသွားရမလဲစဉ်းစား ရင်း ဘယ်မှလည်း မသွားချင်စိတ် တွေဖြစ်မိပါတယ်ရှင်။ အိမ်ထဲမှာ နေ ရင်း သင်္ကြန်တွင်းမှာ နေ့စဉ်သင်္ကြန် ပွဲတော်တွေကို စောင့်ကြည့်နေရတာ ကလည်း မပင်ပန်းဘဲ နားနားနေနေနဲ့ အရသာရှိလှပါတယ်။ အပန်းဖြေခရီး ထွက်ရတာကျတော့လည်း စိတ်လက် ပေါ့ပါးပြီး ပျော်ရွှင်စရာ ကောင်းလှပါ တယ်။ ရောက်တဲ့နေရာမှာ ပျော်ပျော် ပါးပါးနဲ့ ဒေသထွက် အစားအစာတွေ မြည်းစမ်းရင်း သဘာဝအလှအပတွေ ကို မြင်ရတာ ထူးခြားတဲ့ ခရီးသွား ရသတစ်ခုကို ခံစားခြင်းပါပဲ စာဖတ် သူ။

ကျွန်မက သင်္ကြန်ကို အင်မတန် ပျော်တတ်သူပါ။ ခရီးမသွားဖြစ်တဲ့ နှစ်တွေမှာ ရုပ်သံတွေကတစ်ဆင့် သင်္ကြန်အရသာကို ခံစားတတ်ပါ တယ်။ သင်္ကြန်တွင်းမှာ အဆိုတော် တွေ မြူးမြူးကြွကြွနဲ့ သီချင်းတွေ ဆိုရင်လည်း ကျွန်မသိပ်နှစ်သက်ပါ တယ်။ ခေတ်နဲ့အညီဆိုတဲ့ နာမည် ကြီးအဆိုတော်လေးတွေရဲ့ သီချင်း လေးတွေကိုလည်း နားထောင်သား ကျပြီး နားရေဝနေတော့ အားလုံးကို နှစ်ခြိုက်ပြီး စိတ်လည်းပျော်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ အသက်အ ရွယဖေ့စ်ဘုတ်ခ်ကီးလာလို့လားမသိပါဘူး စာဖတ်သူရယ်။ နားမလည်တဲ့ စကားလုံးတွေနဲ့ ဆိုကြတာတွေ၊ တ အားအော်တာ ဟစ်တာတွေ ဆူညံ တဲ့သီချင်းတွေထက် ပုံမှန်သီချင်းတွေ နဲ့ ခေတ်နဲ့အညီ နားထောင်ကောင်း တဲ့သီချင်းလေးတွေကို ပိုကြိုက်ပါ တယ်။ ပေါက်ကွဲသံစဉ်လေးတွေက တော့ လူငယ်တွေအတွက် အကြိုက်ပို တွေ့ကြမှာပါ။ အခုလောလောဆယ် နားထောင်ဖြစ်တာဆိုရင် ‘ဖြိုးပြည့်စုံ’ ရဲ့ ရေကန်ထဲက လရိပ်လိုသီချင်းလေး တွေလည်း နားထောင်ကောင်းပါ တယ်။ ဒီထက်ခေတ်မီမီကြိုက်မိတာ က ဝေလရဲ့ ‘ဆယ့်ငါးမိနစ်’ သီချင်း လေးတွေ၊ ဂျီဝယ်လ်ရဲ့ ‘ငါစာတွေ ရေးထားတယ်၊ နင်ဖတ်မှမဖတ်တာ ပဲ”ဆိုတဲ့သီချင်းလေးတွေ (ခေါင်းစဉ် တွေမသိဘူး။ ကြိုက်တဲ့စာသားပဲ မှတ်မိပါတယ်။)ဆိုရင် သိပ်နား ထောင်ကောင်းပါတယ်။ ကျွန်မက အနုပညာနဲ့ ပတ်သက်ရင် အဘိုး အဘွားတို့ခေတ်၊ ကျွန်မတို့ခေတ်၊ ကျွန်မကလေးတွေခေတ်စသဖြင့် အားလုံးကို ခံစားတတ်ပါတယ်။ အဓိကရေးချင်တာက ကျွန်မစိတ်ကို က ပျော်တတ်တယ်ပေါ့ရှင်။

*************************

အခုနေ့လယ်ကပဲ ကြားလိုက်ရ ပါတယ်။ နေပြည်တော်ဘက်မှာ ရွှေသံလွင်မဏ္ဍပ်လုပ်ဖြစ်တယ်လို့ မိတ်ဆွေတစ်ယောက်က လှမ်းပြောပါ တယ်။ ဒါဆိုရင် အလှူအတန်း စတု ဒိသာတွေနဲ့၊ အဆိုတော်တွေနဲ့ ပရိသတ်တွေ ကြက်ပျံမကျနဲ့ ခြိမ့်ခြိမ့် သဲ စည်ကားဦးမှာပါ။ ရန်ကုန်မြို့၊ မန္တလေးမြို့ စတဲ့မြို့ကြီးတွေမှာလည်း ဒီနှစ်သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြု ချက်တွေနဲ့အတူ ထူးထူးကဲကဲစည် ကားဦးမှာပါ။

ဒီလိုသင်္ကြန်ပွဲတော်ကြီးကို မြန်မာတစ်ပြည်လုံးမှာ စည်ကား သိုက်မြိုက်စွာ ဝင်ရောက်ရေကစား တာကို ကျွန်မဂုဏ်ယူပါတယ်။ ဒါ ဟာ ကမ္ဘာ့အလယ်မှာ မြန်မာ့ယဉ် ကျေးမှုကြီးတစ်ခုကို နှစ်သစ်မှာ ကြော်ငြာဝင်လိုက်သလို ခံစားရပါ တယ်။ နိုင်ငံခြားသားတွေကလည်း ဒီလိုသူတို့အတွက် ထူးဆန်းတဲ့အရ သာအသစ်တစ်ခုကို ခံစားရတာ ပျော်ကြမှာပါ။ တကယ့်ကိုပျော်နေကြ တဲ့ နိုင်ငံခြားသားတွေကိုလည်း ဖေ့စ် ဘုတ်ခ် ပေါ်မှာ နှစ်စဉ်မြင်တွေ့ခဲ့ရ တာပါရှင်။ ၂နှစ်လောက် အနည်း ငယ်မှေးမှိန်သယောင်ရှိခဲ့တဲ့ မြန်မာ့ သင်္ကြန်ပွဲတော်ကြီး ပြန်လည်စည်ကား သိုက်မြိုက်လာတော့မှာပါ။

အရှေ့ တောင်အာရှမှာ ကျွန်မတို့မြန်မာနိုင် ငံတော်ကြီးရဲ့’မဟာသင်္ကြန်’ပွဲတော် ကြီးက နံပါတ်တစ်နေရာမှာရှိပါ တယ်။ အစည်ကားဆုံးပါ။ ဒီထက် နာမည်ကြီးလာရင် မြန်မာပြည်ကိုလာ တဲ့ နိုင်ငံခြားသားတွေကြောင့် နိုင်ငံ ခြားငွေတွေ လှိမ့်ဝင်လာမှာပါ။ နောင်တစ်ခုက ဒီမဟာသင်္ကြန်ပွဲ တော်ကြီးရဲ့ သင်္ကြန်တွင်း နည်းမျိုးစုံ ပျော်ပါးသမျှဟာ နှစ်ဆန်းတစ်ရက် နေ့မှာ လုံးဝမြင်ကွင်းချိန်းသွားတာ ပါပဲရှင်။ ချိန်းသွားတာမှ လူကြီး၊ လူငယ်၊ ကလေးအားလုံး လိုလိုဟာ နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရားရင်ပြင် တော်တွေပေါ်မှာ၊ ဘုန်းကြီးကျောင်း တွေမှာ ကုသိုလ်ပြုရှိခိုး ဖူးမြော်နေ ကြပုံတွေကို မြင်ကြရမှာပါ။ ရဟန်း သံဃာတော်တွေကို ရှိခိုးပူဇော်လှူ ဒါန်းနေကြတဲ့ပုံတွေကလည်း မြန်မာ့ ပုံရိပ်စစ်စစ်တွေ ဖြစ်ပါတယ်။ အိမ် တိုင်းလိုလို ဘုန်းကြီးကျောင်းတွေနဲ့ တစ်ဦးအိမ်တစ်ဦး လှူဒါန်းကြမှုဆို တာလည်း မြန်မာ့ယဉ်ကျေးမှုစစ်စစ် ဆိုတော့ အင်မတန်ဂုဏ်ယူစရာ ကောင်းပါတယ်။ မြန်မာနိုင်ငံဟာ လှူဒါန်းမှုမှာ အမေရိကန်နိုင်ငံကို တောင် ကျော်လွှားပြီး နံပါတ်တစ် ချိတ်တယ်ဆိုတာ အခုလို ပုံရိပ်တွေကို မြင်တွေ့သွားကြလို့လည်းဖြစ်မှာပါ။ ဒါတောင်မှ ဆယ့်နှစ်လရာသီ အလှူ ပွဲတွေမပါသေးပါဘူးရှင်။

နှစ်ဆန်းတစ်ရက် ညနေ လေး ရာနီဆိုရင် ရှိသမျှရပ်ကွက်ရဲ့ အဓိက နေရာတိုင်းလိုလိုမှာ ပရိတ်အိုးလေး တွေကိုယ်စီနဲ့ ဆရာတော်ကြီးတွေရဲ့ ပရိတ်တရားတော်တွေကို နာယူကြ ပါတယ်။ ရဟန်းသံဃာတော်တွေကို အချိုရည်များ ကပ်လှူကြပါတယ်။ ဒီလို ပရိတ်တရားနာကြားကြလိုက် တာနဲ့ မိမိမြို့ရွာပတ်ဝန်းကျင်က မကောင်းတဲ့ ဘေးဆိုးအန္တရာယ်တွေ လွင့်စင်ပျောက်ကွယ်သွားကြတယ် ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါ တယ်။ ကျွန်မကတော့ ငယ်ဘဝက အဘွားတို့၊ အမေတို့လုပ်သလို အခုအချိန်ထိ လုပ်တုန်းပါပဲ။
ပရိတ်တရားနာပြီးရင် လင် ပန်းထဲက ပရိတ်အိုးထဲက နေ့သင့်နံ သင့်ပန်းတွေကို ဝင်းတံခါး တစ်ဖက် တစ်ချက်မှာ ချိတ်ထားပါတယ်။ အပ်ချည်လုံးက အပ်ချည်တွေကို ဝင်းတံခါးမှာ ဟိုဘက်ဒီဘက်ထားပြီး ချည်နှောင်ပါတယ်။ နနွင်းလူးထားတဲ့ ဆန်စေ့တွေကို အိမ်ခြံဝင်းရဲ့ လေး ဖက်လေးတန်မှာ ကြဲပက်ပါတယ်။ ပရိတ်ရေတွေကို အိမ်ခြံအနှံ့ ဖျန်း ပက်ပါတယ်။ ပြီးရင်တော့ ကျွန်မ ကအိမ်ထဲက လင်ပန်းဒါမှမဟုတ် စလောင်းဖုံးတစ်ခုကိုယူပြီး ခြံဝင်းထဲ မှာ တုတ်တစ်ချောင်းနဲ့ တဂွမ်းဂွမ်း မြည်အောင် နာနာထုပါ တော့တယ်။ ဒါက ရှေးခေတ်လူကြီး သူမတွေရဲ့ မကောင်းဆိုးဝါးတွေကို အိမ်ပြင်၊ မြို့ပြင်၊ ရပ်ကွက်အပြင်ကို နှင်ထုတ် နည်းပါပဲ။ မကောင်းတာတွေ လန့်ပြီး ပြေးတယ်ဆိုပါတော့ရှင်။ ကိုင်းစာ လည်းရှည်သွားပါပြီရှင်။ သင်္ကြန်ပွဲ တော်ကြီးလာပါတော့မယ်။ မြန်မာ့ ယဉ်ကျေးမှုကြီး အဓွန့်ရှည်ပါစေရှင်။ အားလုံး နှစ်သစ်မှာ ကျန်းမာ၊ ချမ်း သာဘေးကင်းကြပါစေ။

စိုးကြည်ဖြူ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071