ရန်ကုန်မြို့ ၊ မဂ်လာတောင်ညွှန့်မြို့နယ်၊
လမ်း(၁၂၀)၊ အာဒါးလမ်းထောင့်ရှိ လူနေထိုင်ခွင့်ပိတ်ပင်ထားသော တိုက်ဟောင်း တစ်လုံး ယနေ့ နိုဝင်ဘာ (၂၇)ရက်က ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ပရဟိတအသင်းတစ်ခု၏ တာဝန်ခံ ကိုဘိုဘိုနိုင်က ပေါ် ပြူလာနယူးစ်ကို ပြောသည်။
အဆိုပါ ပြိုကျခဲ့သည့် တိုက်မှာ အမှတ် (၂၆) လေးခန်းတွဲ နှစ်ထပ်တိုက်အမျိုးအစားဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်အတွင်းက လူနေထိုင်ရန် မသင့်တော်သည့် တိုက်အဖြစ် သက်ဆိုင်ရာဌာနက သတ်မှတ်၍ ပိတ်ထားသော တိုက်တစ်လုံးဖြစ်သည်။
” တိုက် ဘေးနံရံ ပြိုကျတာပါ။ လူတစ်ဦးတော့ထိခိုက်ဒဏ်ရာရသွားတယ်။ သူက တိုက်ဘေးနားမှာ ကြက်အမွှေးနှုတ်နေတုန်း ပြိုကျလို့ ထိသွားတာပေါ့။ အမျိုးသားပါဘဲ။ သပြေကုန်းပရဟတိတအဖွဲ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ လူအေ-သအပျောက်မရှိပါဘူး။”ဟုဆိုသည်။
လက်ရှိတွင် မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာက လာရောက်ကြည့်ရှု့ကာ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ဓာတ်ပုံ-အဖြူရောင် ကမ်းလက် ပရဟိတအသင်း




