ဩဂုတ်လတွင် ပြန်လည်ပြေးဆွဲပေးနေသည့် မကွေးလေကြောင်း ခရီးစဉ်တွင် စီးနင်းသူခရီးသည် ဦးရေများလာပါက လေယာဉ်ချိန်ပြောင်းလဲပြေးဆွဲရန် စီစဉ်ထားကြောင်း မကွေးလေဆိပ်မှ သိရသည်။
ရပ်နားထားသည့် မကွေးလေကြောင်း ခရီးစဉ်များကို ဩဂုတ် (၂၅) ရက်ကစပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းက တစ်ပါတ်နှစ်ရက်ဖြင့် ပြေးဆွဲပေနေခြင်းဖြစ်သည်။
အပတ်စဉ် တနင်္လာနှင့် ကြာသပတေးရက်များတွင်မှာ မန္တလေး-မကွေး ၊ မြစ်ကြီးနား – မကွေး၊ မကွေး-နေပြည်တော်၊ မကွေး-ရန်ကုန် စသည့် ခရီးစဉ်များ ကိုပျံသန်းပြေးဆွဲနေကြောင်း သိရသည်။
မကွေးသို့ လိုက်ပါစီးနင်းသူခရီးသည် အရေအတွက်သည် (၂၀) ဝန်းကျင်ခန့်ရှိပြီး မကွေးမှ ရန်ကုန်နှင့် နေပြည်တော်သို့ လိုက်ပါစီးနင်းသူ ခရီးသည်အရေအတွက်သည် (၂၀)မှ (၃၀) ခန့်ရှိကြောင်း သိရသည်။
ထို့ပြင် ခရီးသည်ဦးရေများလာပါက အဆင်ပြေချောမွေ့စေရန် လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်အချိန်ကို ပြောင်းလဲရန်စီစဉ်ထားကြောင်း သိရသည်။
