Friday, September 18, 2026

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား...

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...
HomeNewsLocal Newsမကွေးတိုင်းတွင် မိုးရာသီနှမ်း GAP...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ သိုလှောင်ရုံကုန်အပ် ချေးငွေစနစ် စတင်

မကွေး၊ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးရာသီနှမ်းများ စုပေါင်းရောင်းဝယ်ရေးနှင့် သိုလှောင်ရုံကုန်အပ် ချေးငွေစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

၂၀၂၆–၂၀၂၇ ခုနှစ် မကွေးတိုင်းဒေသကြီး မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးရာသီနှမ်းများအတွက် စုပေါင်းရောင်းဝယ်ရေးလုပ်ငန်း အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်က မကွေးမြို့၊ ကံလှကျေးရွာရှိ GBS စိုက်ပျိုးရေးထွက်ကုန် ရောင်းဝယ်ရေးစက်ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နှမ်းဝယ်ယူမည့် ကုန်သည်နှင့် လုပ်ငန်းရှင်ကိုယ်စားလှယ်များ၊ နှမ်းစိုက်တောင်သူကိုယ်စားလှယ်များနှင့် မကွေးမြို့သစ်မှ မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP) စနစ်ဖြင့် စံချိန်စံညွှန်းနှင့်အညီ စိုက်ပျိုးထုတ်လုပ်ရန် အရေးကြီးကြောင်း ပြောကြားသည်။

GAP စနစ်ကို အကောင်အထည်ဖော်ရာတွင် စားသုံးသူများ၏ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် စိုက်ပျိုးရေးထွက်ကုန် အရည်အသွေးသာမက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး၊ လူမှုဘဝကောင်းမွန်ရေးတို့ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

GAP စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေး မြင့်မားလာနိုင်သည့်အပြင် တောင်သူများအတွက် စီးပွားရေးအကျိုးအမြတ်ရရှိစေနိုင်ပြီး စားသုံးသူများအနေဖြင့်လည်း ပိုမိုသန့်ရှင်းလတ်ဆတ်သည့် အစားအစာများ ရရှိစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးကလည်း GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရာတွင် လက်တွေ့အကောင်အထည်ဖော်ရမည့် နည်းပညာပိုင်းဆိုင်ရာအချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

GAP စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တည်ငြိမ်သည့် ဈေးကွက်နှင့် ရောင်းချရေးလမ်းကြောင်းများ ဖော်ဆောင်နိုင်မည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးကွက်တန်ဖိုး မြင့်တက်လာစေရန်နှင့် တောင်သူများ၏ ဝင်ငွေတိုးမြှင့်ရေးအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ GAP စီမံကိန်း၏ လုပ်ငန်းစဉ်တစ်လျှောက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး GBS Finance Co., Ltd မှ Deputy General Manager က ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် သိုလှောင်ရုံ ကုန်အပ် ချေးငွေစနစ် အကောင်အထည်ဖော်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့က မကွေးမြို့သစ်မှ GAP အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် တောင်သူများအား မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်များ တစ်ဦးချင်း ပေးအပ်ခဲ့သည်။

တောင်သူကိုယ်စားလှယ်များကလည်း GAP စံချိန်စံညွှန်းနှင့်အညီ စိုက်ပျိုးထုတ်လုပ်ရာတွင် ရရှိခဲ့သည့် အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး စိုက်ပျိုးထုတ်လုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် လက်တွေ့လိုအပ်ချက်များကို တင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားကို G.B.S Agricultural Services Public Co., Ltd (ASPGB 00010.YSX) က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားကျင်းပရေးအတွက် လိုအပ်သည့် ကုန်ကျစရိတ်များကိုလည်း ကုမ္ပဏီဘက်မှ ကျခံပေးခဲ့ကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နှစ်ရှည်ဆောင်ရွက်လာခဲ့ပြီး ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ ဈေးကွက်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို အပူချိန် ဖြည်းဖြည်းချင်းနဲ့ ခန့်မှန်းလို့ရရုံ မြင့်တက်လာမယ့် ဝေးဝေးက ခြိမ်းခြောက်မှုတစ်ခုလို့ပဲ ထင်ရလွယ်ပါတယ်။ ဒါပေမဲ့ သုတေသနအသစ်တွေအရ ပိုပြီး အရေးတကြီးရင်ဆိုင်ရမယ့် အမှန်တရားတစ်ခုက ရှိနေပါတယ်။ အဲဒါကတော့ ရာသီဥတုဘေးအန္တရာယ်ဟာ တိတ်တဆိတ် စတင်နေပြီ ဆိုတာပါပဲ။ ဒီသတိပေးချက်ကို အဓိကပြ‌နေတာကတော့ မြေကမ္ဘာရဲ့ ရာသီဥတုကို ထိန်းညှိပေးပြီး အပူ၊ ကာဗွန်နဲ့ ရေတွေကို တစ်ကမ္ဘာလုံးဆီ...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက လူမှုအကျိုးပြုထူးချွန်ဆုရရှိ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဇင်ဦးက "Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Langcang Regional Countries" ဆောင်းပါးဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပသောဆုပေးပွဲတွင် Best Public Impact...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား ခုနစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်း

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား တစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူလျက်ရှိသည်။ လက်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၃၄၄ ဦးအနက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071