Wednesday, April 30, 2025

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ...

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...
HomeArticlesမကြာသောကာလတွင် ကွန်ပျူတာဖြင့် လူ့ဦးနှောက်သို့...

မကြာသောကာလတွင် ကွန်ပျူတာဖြင့် လူ့ဦးနှောက်သို့ တိုက်ရိုက်ဆက်သွယ်နိုင်တော့မည်

 ထိခိုက်ပျက်စီးဆုံးရှုံးသွားသောအာရုံခံစားမှုများပြန်လည်ရရှိနိုင်ရန်အတွက် လူတို့၏ဦးနှောက် အတွင်းသို့ထည့်သွင်းနိုင်မည့် ကွန်ပျူတာများကို အမေရိကန်အဆင့်မြင့်သုတေသနစီမံကိန်းအဖွဲ့အစည်း (DARPA) ကတီထွင်နေကြောင်းသိရှိရသည်။

DARPA အနေဖြင့် ဦးနှောက်အတွင်းသို့ ထည့်သွင်းနိုင်မည့် အာရုံကြောဆိုင်ရာနည်းပညာတစ်မျိုးကို တီထွင်ရန် Neural Engineering System Design (NESD) စီမံကိန်းသို့ အမေရိကန်ဒေါ်လာ ၆၅ သန်း ရန်ပုံငွေ ထောက်ပံ့ထားသည်။

  Defense Advanced Research Projects Agency (DARPA) ဆိုသည်မှာ အမေရိကန်တပ်မတော်၏ စစ်လက်နက်သုတေသနဌာနကြီးတစ်ခုဖြစ်ပြီး ၎င်းတို့ယခုတီထွင်နေသည့် ကွန်ပျူတာများကို အာရုံခံစား မှုထိခိုက်ဆုံးရှုံးသွားသူတို့၏ အမြင်၊ အကြားနှင့် စကားပြောနိုင်သည့်အာရုံခံစားမှုများ ပြန်လည်ရရှိစေရန် အသုံးပြုသွားမည် ဖြစ်ပါသည်။

  ဦးနှောက်အတွင်းထည့်သွင်းနိုင်မည့်ကွန်ပျူတာသည် အရွယ်အစားအားဖြင့် ၁ ကုဗစင်တီမီတာ ထက်သေးငယ်မည်ဖြစ်ပြီး လူ့ဦးနှောက်အာရုံကြောစနစ်မှ ဆက်သွယ်မှုများကို ကွန်ပျူတာဘာသာက နားလည်မည့် (0, 1) ဘာသာစကားအဖြစ်သို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း DARPA ကဆိုသည်။

ထို့ကြောင့် လူသားတို့၏ဦးနှောက်နှင့် ကွန်ပျူတာတို့အကြား အပြန်အလှန်တိုက်ရိုက်ဆက်သွယ်သွား နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

  ယခုတီထွင်နေသည့် အာရုံခံစားမှုပြန်လည်ရယူပေးနိုင်မည့်နည်းပညာသည် DARPA က တီထွင်ထားသော နည်းပညာများအနက် အသုံးချနိုင်ခြေအလားအလာအရှိဆုံးနည်းပညာတစ်မျိုး ဖြစ်ကြောင်း ဇီဝဗေဒနည်းပညာဌာနမှ စီမံကိန်းမန်နေဂျာဖြစ်သူ Dr Elizabeth Strychalski ကဆိုသည်။ ထို့အပြင် DARPA အနေဖြင့် ယခုနည်းပညာနှင့်ပတ်သက်၍ စစ်ဘက်တွင်အသုံးပြုနိုင်မည့် အခြားသော နည်းလမ်းများကိုလည်း ရှာဖွေ၍သုတေသနပြုလုပ်သွားရန် Dr Elizabeth Strychalski ကအကြံပြုထားသည်။

  ထို့အပြင် NESD စီမံကိန်းအနေဖြင့် အနာဂတ်တွင် ရောဂါကုသရာ၌ အာရုံစားမှုကို ပိုမိုတိကျစွာထောက်ပံ့ပေးနိုင်မည့် အဆင့်မြင့်အာရုံခံစနစ်သုံးကိရိယာများကို တီထွင်သွားရန် ရည်ရွယ်ထားကြောင်း Neural Engineering System Design (NESD) စီမံကိန်းမန်နေဂျာဖြစ်သူ Phillip Alvelda ကဆိုသည်။

ဥာဏ်​ဝေ

https://i-hls.com/archives/117953

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းပွဲစဉ်အတွင်း (၃) ပွဲကစားရမည်ဖြစ်ရာ မေ (၁) ရက်တွင် Thammasat Stallions အသင်းနှင့်လည်းကောင်း၊ မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ‌ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရဦးမည်ဖြစ်သည်။ အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071