Saturday, April 25, 2026

၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း...

  ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅...

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု...

အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ် ဖြစ်ပွားပြီးနောက် တပ်မတော်က...

CDF နှင့် PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ်ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို ယနေ့ ဧပြီ ၂၅ ရက်တွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး...

မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိလာသည့် တရုတ်ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့်...
HomeArticlesမကြာသောကာလတွင် ကွန်ပျူတာဖြင့် လူ့ဦးနှောက်သို့...

မကြာသောကာလတွင် ကွန်ပျူတာဖြင့် လူ့ဦးနှောက်သို့ တိုက်ရိုက်ဆက်သွယ်နိုင်တော့မည်

 ထိခိုက်ပျက်စီးဆုံးရှုံးသွားသောအာရုံခံစားမှုများပြန်လည်ရရှိနိုင်ရန်အတွက် လူတို့၏ဦးနှောက် အတွင်းသို့ထည့်သွင်းနိုင်မည့် ကွန်ပျူတာများကို အမေရိကန်အဆင့်မြင့်သုတေသနစီမံကိန်းအဖွဲ့အစည်း (DARPA) ကတီထွင်နေကြောင်းသိရှိရသည်။

DARPA အနေဖြင့် ဦးနှောက်အတွင်းသို့ ထည့်သွင်းနိုင်မည့် အာရုံကြောဆိုင်ရာနည်းပညာတစ်မျိုးကို တီထွင်ရန် Neural Engineering System Design (NESD) စီမံကိန်းသို့ အမေရိကန်ဒေါ်လာ ၆၅ သန်း ရန်ပုံငွေ ထောက်ပံ့ထားသည်။

  Defense Advanced Research Projects Agency (DARPA) ဆိုသည်မှာ အမေရိကန်တပ်မတော်၏ စစ်လက်နက်သုတေသနဌာနကြီးတစ်ခုဖြစ်ပြီး ၎င်းတို့ယခုတီထွင်နေသည့် ကွန်ပျူတာများကို အာရုံခံစား မှုထိခိုက်ဆုံးရှုံးသွားသူတို့၏ အမြင်၊ အကြားနှင့် စကားပြောနိုင်သည့်အာရုံခံစားမှုများ ပြန်လည်ရရှိစေရန် အသုံးပြုသွားမည် ဖြစ်ပါသည်။

  ဦးနှောက်အတွင်းထည့်သွင်းနိုင်မည့်ကွန်ပျူတာသည် အရွယ်အစားအားဖြင့် ၁ ကုဗစင်တီမီတာ ထက်သေးငယ်မည်ဖြစ်ပြီး လူ့ဦးနှောက်အာရုံကြောစနစ်မှ ဆက်သွယ်မှုများကို ကွန်ပျူတာဘာသာက နားလည်မည့် (0, 1) ဘာသာစကားအဖြစ်သို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း DARPA ကဆိုသည်။

ထို့ကြောင့် လူသားတို့၏ဦးနှောက်နှင့် ကွန်ပျူတာတို့အကြား အပြန်အလှန်တိုက်ရိုက်ဆက်သွယ်သွား နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

  ယခုတီထွင်နေသည့် အာရုံခံစားမှုပြန်လည်ရယူပေးနိုင်မည့်နည်းပညာသည် DARPA က တီထွင်ထားသော နည်းပညာများအနက် အသုံးချနိုင်ခြေအလားအလာအရှိဆုံးနည်းပညာတစ်မျိုး ဖြစ်ကြောင်း ဇီဝဗေဒနည်းပညာဌာနမှ စီမံကိန်းမန်နေဂျာဖြစ်သူ Dr Elizabeth Strychalski ကဆိုသည်။ ထို့အပြင် DARPA အနေဖြင့် ယခုနည်းပညာနှင့်ပတ်သက်၍ စစ်ဘက်တွင်အသုံးပြုနိုင်မည့် အခြားသော နည်းလမ်းများကိုလည်း ရှာဖွေ၍သုတေသနပြုလုပ်သွားရန် Dr Elizabeth Strychalski ကအကြံပြုထားသည်။

  ထို့အပြင် NESD စီမံကိန်းအနေဖြင့် အနာဂတ်တွင် ရောဂါကုသရာ၌ အာရုံစားမှုကို ပိုမိုတိကျစွာထောက်ပံ့ပေးနိုင်မည့် အဆင့်မြင့်အာရုံခံစနစ်သုံးကိရိယာများကို တီထွင်သွားရန် ရည်ရွယ်ထားကြောင်း Neural Engineering System Design (NESD) စီမံကိန်းမန်နေဂျာဖြစ်သူ Phillip Alvelda ကဆိုသည်။

ဥာဏ်​ဝေ

https://i-hls.com/archives/117953

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားပြတ်တောက်နေခြင်းဖြစ်

  ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅ ရက်ည ၈ နာရီ ၄ မိနစ်ခန့်က အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ် အားအမြန်ဆုံးပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဝန်ထမ်းများက အပြစ်ဖြစ်ပွားခဲ့သည့် ဓာတ် အားလိုင်းကို အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြု ပြင်နိုင်ရန်...

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု YESC ကအသိပေးခဲ့သည်။ ဧပြီ ၂၉ ရက်သည် ဗုဒ္ဓဟူးနေ့ အပတ်စဥ်ရုံးပိတ်ရက်ဖြစ်ပြီး ဧပြီ ၃၀ ရက်သည် ကဆုန်လပြည့်နေ့၊ မေ ၁ ရက်သည် အလုပ်သမားနေ့တို့ဖြစ်၍ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကိုပိတ်ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။ ယနေ့ ဧပြီ ၂၅ ရက်၊ ဧပြီ ၂၆ ရက်၊ ဧပြီ ၂၇ ရက်နှင့် ဧ...

အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ် ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို အလုံးစုံပြန်လည်ထိန်းချုပ်သိမ်း ပိုက်

CDF နှင့် PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ်ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို ယနေ့ ဧပြီ ၂၅ ရက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကိုပြန်လည်ထိန်း ချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်က စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် သာယာကုန်း ကျေး ရွာ၊ အောက်တိုဘာ ၃၀ ရက်တွင် နတ်ချောင်းတံတား၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ပွိုင့်-၂၂၄၄ တောင်ကုန်း၊ နိုဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071