Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeNewsLocal Newsမကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။

ယခုခြေစစ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အုပ်စု(ဂ)၌ အိမ်ရှင်မြန်မာအသင်းနှင့်အတူ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ ဗဟိုအာရှအသင်းတစ်သင်းဖြစ်သည့် တက်ခ်မင်နစ္စတန်၊ အရှေ့အလယ်ပိုင်းနိုင်ငံ ဘာရိန်း အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ယခုခြေစစ်ပွဲသည် အုပ်စုအတွင်း တစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည့်အတွက် ပြိုင်ဘက်အသင်း အားလုံးကို အနိုင်ကစားပြီး အိမ်ကွင်း ပရိသတ်အားပေးမှုနှင့် အခွင့်အရေး ယူသွားနိုင်ရန်လိုအပ်ကြောင်း MFFက မြန်မာပရိတ်သတ်အား နှိုးဆော်ထားသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် AFC Women’s Asian Cup သမိုင်းတလျှောက် ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ၊ ၂၀၂၂ တို့တွင် အာရှဖလား ခြေစစ်ပွဲများကို အောင်မြင်ခဲ့ပြီး နောက်ဆုံးအဆင့်အထိ တက်ရောက်ကစားခွင့် ရရှိခဲ့သည့် သမိုင်းအစဉ်အလာ ရှိခဲ့ဖူးသည်။

အသင်းအနေဖြင့် ဖီဖာအဆင့်သတ်မှတ်ချက်အဆင့် ၅၅ နေရာတွင်ရပ်တည်နေကာ ပြည်တွင်းလိဂ်ကလပ်များရှိ ကစားသမားများဖြင့်အဓိကဖွဲ့စည်းထားသည်။

လက်ရှိမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် တွေ့ဆုံရမည့် ဘင်္ဂလားဒေရှ့် အသင်းသည် ဖီဖာအဆင့် (၁၂၈)ရှိကာ အင်္ဂလန်သား ပရီမီးယားလိဂ် ကစားသမားဟောင်း နည်းပြ ပီတာဘတ္တလာဖြစ်ပြီး၊ ကစားသမား အားလုံးမှာ ဘင်္ဂလားဒေရှ့် အမျိုးသမီးလိဂ် ပြည်တွင်းကစားသမားများဖြင့်သာ ဖွဲ့စည်းထားသော အသင်းတစ်သင်းဖြစ်သည်။

ဘာရိန်းအမျိုးသမီး လက်ရွေးစင် အသင်းသည် ဖီဖာအဆင့် (၉၂)ဖြင့် အုပ်စုတွင်း မြန်မာအသင်းပြီးပါက ဖီဖာအဆင့် ဒုတိယအမြင့်ဆုံးအသင်းဖြစ်ကာအသင်းကို ပြည်တွင်းနည်းပြ ခါလစ်အလ်ဟာဘင်က တာဝန်ယူကိုင်တွယ်ထားပြီး ကစားသမားများမှာ ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ အမေရိကန်အသင်းများရှိ ကစားသမားများကို အခြေခံဖွဲ့စည်းထားသည်။

တာ့ခ်မင်နစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းသည် ဖီဖာအဆင့် ၁၄၁ ဖြစ်ပြီး ပြည်တွင်းနည်းပြ ခါမီလ်မင်ဂါဇို ကတာဝန်ယူထားကာ အသင်းအား ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်ကိုယခုနှစ်မှသာ စတင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ပုံစာ- ခြေစစ်ပွဲစဉ်အတွက် မိုးထဲရေထဲ အပြင်းအထန် လေ့ကျင့်ပြင် ဆင်နေသည့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊ မီးပြတ်တောက်မှုကြောင့် မြို့နယ်အချို့တွင် ရေပေးဝေချိန် နောက်ကျနိုင်နေပြည်တော်ရှိ မြို့နယ်အချို့၌ ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် မီးပြန်လည်ရရှိရေးနှင့် ရေပေးဝေမှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများက အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် ဓာတ်တိုင်ကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့ရှိ အိမ်ရာများ၊ အဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၏ ဝိုင်းဝန်းပြုပြင်မှုကြောင့် နေရာအချို့တွင် မီးပြန်လည်ရရှိနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် နေရာများကိုလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရေပေးဝေမှု နောက်ကျနိုင်သည့် နေရာများ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အောက်ရှိ ရေတင်စနစ်များ...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄ ဦးနှင့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့ ဧပြီလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်ပြီး ပုန်းခိုနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071