Friday, June 26, 2026

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့်...

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့်...

MISIS ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်းစတက်အတွင်း ရေးမှူးချုပ်တို့တွေ့ဆုံ  ဘင်းမ်စတက်မူဘောင်အောက်တွင်...

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန်...

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု...

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel...

စာမေးပွဲလိမ်လည်မှုကြောင့် ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆,၆၆၉ ဦး...

ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ရွေးချယ်ခန့်အပ်ရေး စာမေးပွဲတွင် အကြီးစားလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အဆိုပါခန့်အပ်ရေးလုပ်ငန်းစဉ်ကို ပယ်ဖျက်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က အမိန့်ထုတ်ပြန်ခဲ့ကြောင်း...
HomeNewsLocal Newsမကြာခင်ကျင်းပမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သောနိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာလိမ့်မည်ကိုမျှော်လင့်ဟု...

မကြာခင်ကျင်းပမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သောနိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာလိမ့်မည်ကိုမျှော်လင့်ဟု IBEC ဆရာတော်မိန့်ကြား

မကြာခင်ကျင်းပမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သောနိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာလိမ့်မည်ကိုမျှော်လင့်ဟု IBEC ဆရာတော်ကမိန့်ကြားတော်မူခဲ့သည်။

ဂျပန်နိုင်ငံ၊ ကာနာဂါဝါစီရင်စု၊ ကာဝါဆာကီမြို့၌ အောက်တိုဘာ ၁၁ ရက်၊ ယနေ့ အောက်တိုဘာ ၁၂ ရက်နှင့် အောက်တိုဘာ ၁၃ ရက်တို့ကကျင်းပလျက်ရှိသော တတိယအကြိမ်မြောက် UNWPA နိုင်ငံတကာညီလာခံတွင် “ကျွန်ုပ်တို့ရင်ဆိုင်နေရသော လက်ရှိစိန်ခေါ်မှုများ”ခေါင်းစဥ်ဖြင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းမိန့်ကြားတော်မူခဲ့ခြင်းဖြစ်သည်။

မကြာခင်ကာလတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းလပမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက်ကောင်းမွန်သော နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာလိမ့်မည်ကိုမျှော် လင့်ကာ အရပ်သားအစိုးရတစ်ရပ်သည် နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သောနိုင်ငံတစ်နိုင်ငံကို ဖန်တီးပေးနိုင်သည်ကိုယုံကြည်သည်ဟု မိန့်ကြားတော်မူခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသော အကျပ် အတည်းကို စေ့စပ်ညှိနိုင်းဆွေးနွေးရေးစကားဝိုင်း၊ အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှု၊ ထိရောက်သော ပူးပေါင်းပါဝင်မှုတို့ဖြင့်သာဖြေရှင်းနိုင်မည်ဟု မိန့်ကြားတော်မူခဲ့သည်။

ထို့အတူ အရေးအကြီးဆုံးမှာ လက်နက်ကိုင်အဖွဲ့အသီးသီးမှဦးဆောင်၍ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် စကားဝိုင်းဆွေးနွေးမှုမှတဆင့်သာ ဖြေရှင်းနိုင်သည်ကိုယုံကြည်သည်ဟုလည်း IBEC ဆရာတော်က မိန့်ကြားတော်မူခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSME ဖွံ့ဖြိုးရေး၊ AI နည်းပညာအသုံးချရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေးကို နိုင်ငံတော်သမ္မတ အလေးထားမှာကြား

နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားကို ခိုင်မာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ AI နည်းပညာအသုံးချရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက နိုင်ငံတစ်ခု၏ စီးပွားရေးမောင်းနှင်အား အားကောင်းမှသာ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် အရင်းအနှီးနည်းပါးစွာဖြင့် လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းများကို တန်ဖိုးမြှင့် (Value-added) ထုတ်ကုန်များအဖြစ်...

MISIS ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်းစတက်အတွင်း ရေးမှူးချုပ်တို့တွေ့ဆုံ  ဘင်းမ်စတက်မူဘောင်အောက်တွင် ပူးပေါင်းဆောင် ရွက်မှုများကိုပိုမိုတိုးမြှင့်ခိုင်မာစေရေးကိုဆွေးနွေး

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအ ဖွဲ့(MISIS)ဥက္ကဋ္ဌဦးသန့်ကျော်နှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့ ယနေ့ ဇွန် ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် ဘင်းမ်စတက်မူဘောင်အောက်တွင် ပူး ပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ ဒေ သတွင်း မူဝါဒဆိုင်ရာဆွေးနွေးဖလှယ်မှုများအား ကောင်းလာစေရေးနှင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကြား ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းသာယာဝပြောမှုတို့ဖော်ဆောင်ရန်ရည်ရွယ်သည့် ဘုံရည်မှန်းချက်များအကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်၊ 

အမေရိကန်သည် ၎င်းတို့နိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲနေသည်ဟု ကျူးဘားသမ္မတစွပ်စွဲ

အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို အဆက်မပြတ် စစ်ပွဲဆင်နွှဲလျက်ရှိပြီး နိုင်ငံ၏ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိစေရန် ပိတ်ပင်တားဆီးနေသည်ဟု ကျူးဘားသမ္မတ မီဂူဒီယက်ဇ်-ကာနယ် (Miguel Diaz-Canel) က ပြောကြားခဲ့သည်။ "ကျူးဘားအပေါ် အမေရိကန်၏ ကျူးကျော်လုပ်ဆောင်မှုများသည် ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုပြင်းထန်လာနေသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား အနိုင်မယူနိုင်သည့်အတွက် ၎င်းတို့တွင် ဘာမျှမတတ်နိုင်တော့သောကြောင့် ဖြစ်သည်။ … အမေရိကန်အစိုးရသည် ယခုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲအလယ်တွင် မည်သည့်နိုင်ငံမျှ ရပ်တည်နိုင်မည်မဟုတ်၊ လည်ပတ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်" ဟု ၎င်းက X (ယခင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071