Saturday, June 20, 2026

NSPNC နှင့် UWSP တို့ငြိမ်းချမ်းရေးအတွက်တွေ့ဆုံ  လက်ရှိအခြေအနေထက်...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒု-ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့တို့ ဇွန် ၁၈ ရက်က ရှမ်းပြည်နယ်၊...

ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသည့် လူသားပုံစံတူ စက်ရုပ်...

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တည်ရှိပြီး လူသားပုံစံတူ စက်ရုပ်(Humanoid Robots) နှင့် စက်ရုပ်ခွေး များ (Quadruped Robots) ကို ကမ္ဘာ့ဈေးကွက်သို့...

တနင်္သာရီတိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကိုမေးမြန်းဆွေးနွေး

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့ ဇွန် ၁၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ လွှန်တော်ကိုယ် စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေး...

မြဝတီမြို့နေအိမ်မီးလောင်မှုတွင် အသက်(၉)လနှင့် (၁၅)နှစ်အရွယ် ကလေးငယ်(၂)ဦးသေဆုံး...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နေအိမ်တစ်လုံးတွင် ယ နေ့ ဇွန် ၁၉ ရက်နေ့လည် ၃ နာရီ ၅၀ မိနစ်ကျော်ခန့်က မီးလောင်မှုဖြစ်ပွားရာမှ...
HomeInternationalမက်ဆီ၏ ပထမဆုံး Hat-trick...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့် ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီ

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။

Ballon d’Or ဆု ရှစ်ကြိမ်ရရှိထားသည့် အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး မက်ဆီသည် အုပ်စု(ည)ပွဲစဉ်တွင် အယ်လ်ဂျီးရီးယားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အာဂျင်တီးနားအသင်း၏ သုံးဂိုးစလုံးကို တစ်ဦးတည်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါသွင်းဂိုးများနှင့်အတူ မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် စုစုပေါင်း ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂျာမနီဂန္ထဝင်တိုက်စစ်မှူး မီယိုဆလပ် ကလိုဆေး (Miroslav Klose) ၏ ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီကာ ပူးတွဲစံချိန်ရှင် ဖြစ်လာခဲ့သည်။

ကလိုဆေးမှာ ကစားသမားဘဝမှ အနားယူထားပြီးဖြစ်သော်လည်း မက်ဆီမှာ ယခုနှစ်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ရာ စံချိန်သစ်တင်နိုင်ရန် အခွင့်အရေးကောင်းများ ပိုင်ဆိုင်ထားကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

မက်ဆီသည် ၂၀၀၆ ခုနှစ်မှစတင်၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်ဆက်တိုက် ပါဝင်ယှဉ်ပြိုင်ထားသူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၇ ပွဲအထိ ကစားထားကာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားတွင်လည်း အာဂျင်တီးနားအသင်းကို ချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးခဲ့သူဖြစ်သည်။

တစ်ဖက်တွင်လည်း ဆီနီဂေါအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သော ပြင်သစ်တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီသည် ကမ္ဘာ့ဖလားသွင်းဂိုး ၁၄ ဂိုးအထိ ရရှိထားပြီဖြစ်ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်သာရှိသေးသည့် အမ်ဘက်ပီသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၅၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သဖြင့် အိုလီဗီယာ ဂီရူး၏ ၅၇ ဂိုးစံချိန်ကို ကျော်ဖြတ်ကာ ပြင်သစ်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

ထို့ပြင် အမ်ဘက်ပီသည် ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ဂျာမနီဂန္ထဝင်တိုက်စစ်မှူး ဂတ် မူလာနှင့်အတူ ပူးတွဲတတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – FIFA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NSPNC နှင့် UWSP တို့ငြိမ်းချမ်းရေးအတွက်တွေ့ဆုံ  လက်ရှိအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် နိုင်ငံရေးရည်မှန်းချက်များထားရှိဖော်ဆောင်နိုင်ရေးဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒု-ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့တို့ ဇွန် ၁၈ ရက်က ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့၌ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ငြိမ်းချမ်းရေးကော်မတီ(၃)ရပ်ဖွဲ့စည်းထားမှု၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့မှု၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့အတူ UWSP ဒု-ဥက္ကဋ္ဌမှလည်း အဖွဲ့အစည်း၏ ရပ် တည်ချက်နှင့် သဘောထားများ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို အစဉ်တစိုက်ထိန်းသိမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်သ မ္မတ ဦးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုအစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြည်သူ့နေထိုင်မှုဘဝတည်ဆောက်ရေးကို ရှေ့ဆက်...

ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသည့် လူသားပုံစံတူ စက်ရုပ် နှင့် စက်ရုပ်ခွေး ထုတ်လုပ်သည့် Unitree Robotics ကို နိုင်ငံတော်သမ္မတ လေ့လာ

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် တည်ရှိပြီး လူသားပုံစံတူ စက်ရုပ်(Humanoid Robots) နှင့် စက်ရုပ်ခွေး များ (Quadruped Robots) ကို ကမ္ဘာ့ဈေးကွက်သို့ စီးပွားဖြစ် တင်ပို့ရောင်းချလျက်ရှိသည့် Unitree Robotics ကုမ္ပဏီသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ကုမ္ပဏီသို့ ရောက်ရှိစဉ် Unitree Robotics မှ တာဝန်ရှိသူများက ရိုဘော့နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ကမ္ဘာ့ဈေးကွက်အတွင်း ဖြန့်ချီရောင်းချနေမှု အခြေအနေများကို...

တနင်္သာရီတိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကိုမေးမြန်းဆွေးနွေး

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့ ဇွန် ၁၉ ရက်နံနက် ၁၀ နာရီကကျင်းပရာ လွှန်တော်ကိုယ် စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေး မြန်းဆေးနွေးခဲ့ကြကြောင်း သိရသည်။ လွှန်တော်ကိုယ်စားလှယ်များမေးမြန်းဆွေးနွေးသည့် ကြယ်ပွင့်ပြမေးခွန်း(၇)ခုအား သက်ဆိုင်ရာ တိုင်းဒေ သကြီးအဆင့် အဖွဲ့အစည်းဝင်များကပြန်လည်ဖြေ ကြားခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးအဖွဲ့၏ အတွင်းရေးမှူးနေရာ၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင်နှစ်နေရာတို့ကို အစားထိုးတာဝန်ပေး အပ်ခြင်းကိုလည်း လွှတ်တော်ကအတည်ပြုပေးခဲ့ကြောင်း သိရသည်။ ယနေ့ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်အစည်း အဝေးအား တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ် စားလှယ်(၂၈)ဦးလုံးတက်ရောက်ခဲ့ရာ (၁၀၀)ရာခိုင် နှုန်းအပြည့်ရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071