Thursday, May 7, 2026

TikTok က ထိုင်း၌ ဒေါ်လာ...

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က...

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI...

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့...

အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...
HomeNewsLocal Newsဘုရားသုံးဆူမြို့တွင် ထိုင်းအင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ...

ဘုရားသုံးဆူမြို့တွင် ထိုင်းအင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ စတင်ဖြတ်တောက်

ထိုင်း-မြန်မာနယ်စပ်မြို့တစ်ခုဖြစ်သည့် ဘုရားသုံးဆူမြို့တွ င် ထိုင်းအင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများစတင်ဖြတ်တော က်နေပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီ(၂၁)ရက် နံနက်ပိုင်းမှစတင်၍ ထိုင်းအော်ပရေ တာတစ်ခုဖြစ်သည့် AIS တာနက်လိုင်းများအပြီး ဖြတ်တော က်လိုက်ပြီးနောက် ၊ လာမည့် ရက်ပိုင်းအတွင်း True move နှင့် Dtac ဖုန်းလိုင်းများကိုလည်း ထပ်မံဖြတ်တောက်သွားမည်ဟု သိရှိထားရကြောင်း ဆို သည်။

“AIS အင်တာနက်လိုင်းတွေတော့ ဖြတ်လိုက်ပြီ။ အခြားအော် ပရေတာတွေလည်း ဖြတ်မယ်ကြားတယ်။ အော်ပရေ တာတစ်ခုကို ဖြတ်လိုက်ရင်တော့ နောက်အော်ပရေတာတွေလ ည်း ဖြတ်မှာပဲ။ အခုမြန်မာလိုင်းတွေလည်း ရတစ်ချက်မရတစ်ချက် ထိုင်းအင်းတာနက်တွေပါ ဖြတ်လိုက်ပြီဆိုရင်တော့ လုပ်ငန်းနဲ့ပတ်သက်ပြီး အဆက်အသွယ်တွေ ပြတ်သွားပြီပေါ့”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ‌ရှင်းပြ သည်။

ဘုရားသုံးဆူမြို့ အပါအဝင် ထိုင်း-မြန်မာ နယ်စပ်တလျှော က် အသုံးပြုမှု အများဆုံး အင်တာနက်နှင့် ဖုန်းလိုင်းများမှာ AIS ၊ Truemove နှင့် Dtac ဖုန်းလိုင်းများ ဖြစ်သည်။

သို့သော် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် အဆိုပါ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းအချို့ အသုံးပြု၍ ရနေသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဒီမှာတော့ ထူးထူးခြားခြားဖြတ်ပစ်တာမျိုးမရှိသေးဘူး။ မြဝတီက ထိုင်း-မြန်မာ အဓိက ကူးသန်းရောင်းဝယ်တဲ့ထွက် ပေါက်ဆိုတော့ မဖြတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဘုရားသုံးဆူကတော့ မြဝတီထက်စာရင် ကုန်သွယ်မှု နည်းတာကြောင့် ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး ဖြတ်တာနေမယ်”ဟု မြဝတီ ဒေသခံတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ်သည့် ဘုရားသုံးဆူနှင့် မြဝတီမြို့တို့တွင် အွန်းလိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများကို မြန်မာ-ထိုင်း-တရုတ် ပူးပေါင်း နှိမ်နှင်းနေခြင်းကြောင့် ဒေသတွင်း လက်ကျန်အစွယ်အပွားများကိုပါ ခေါင်းမထောင်နိုင်အောင်အပြီး နှိမ်နင်းခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

ထိုင်းနိုင်ငံက အွန်လိုင်းငွေကြေးလိမ် လည်မှု(ကျားဖြန့်) လု ပ်ငန်းများ နှိမ်နှင်းသည့်အနေဖြင့် ကနဦး လျှပ်စစ်မီး၊ စက်သုံးဆီများကို ဖြတ်တောက်ခဲ့ရာမှ အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများကိုပါ တဆင့်တိုးမြှင့်ဖြတ်တောက်လာခြင်းဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

TikTok က ထိုင်း၌ ဒေါ်လာ ၂၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော အဓိကစီမံကိန်းကြီး ၆ ခုကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အတည်ပြုချက်များတွင် TikTok ၏ ထိုင်းနိုင်ငံတွင်း လုပ်ငန်းခွဲက ဆောင်ရွက်မည့် ဘတ် ၈၄၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်) တန်ဖိုးရှိ အကြီးစား ဒေတာအခြေခံအဆောက်အဦတိုးချဲ့ရေးစီမံကိန်းလည်း ပါဝင်ကြောင်း ဘီအိုအိုင်I ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ “ဒီစီမံကိန်းဟာ...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က SpaceX နှင့် ပူးပေါင်းမည်

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI ကို သီးခြားကုမ္ပဏီအဖြစ်ကနေ ဖျက်သိမ်းသွားမှာဖြစ်ပြီး SpaceXAI အနေနဲ့ပဲ ရှိပါတော့မယ်၊ ဒါဟာ SpaceX ကနေ ထွက်ပေါ်လာမယ့် AI ထုတ်ကုန်တွေ ဖြစ်လာမှာပါ” ဟု xAI ၏ စီးပွားရေးပြန်လည်ဖွဲ့စည်းမှုနှင့် ပတ်သက်သည့် ပို့စ်တစ်ခုကို တုံ့ပြန်ရာတွင် မတ်စ်က လူမှုကွန်ရက် X ပေါ်၌ ရေးသားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် xAI...

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့ စဉ်းစားနေ

အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ ခြောက်ရုံသည် သိုလှောင်ရုံများ၏ သိုလှောင်နိုင်စွမ်းထက်ဝက်နီးပါးကို ဖြည့်သွင်းပြီး လည်ပတ်လျက်ရှိသည်။       ဆက်လက်၍ ပိတ်ပင်ထားပါက ပိုလျှံနေသော သိုလှောင်မှုအတွက်ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း မစ္စတာ ဆာရာဝပ်က သတိပေးခဲ့သည်။       ဒီအိုအီးဘီသည် ဂျက်လေယာဉ်လောင်စာဆီတင်ပို့မှုကို ကနဦးခွင့်ပြုသွားမည်ဟု မျှော်လင့်ရသည်။ ခရီးသွားလုပ်ငန်းကျဆင်းခြင်းကြောင့် ကမ္ဘာတစ်ဝန်း လေယာဉ်လောင်စာဆီဝယ်လိုအား နှေးကွေးသွားသော်လည်း သန့်စင်မှုစွမ်းရည်ပိုင်းတွင် အကန့်အသတ်ရှိသောကြောင့် နိုင်ငံများစွာသည် ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။      လောင်စာဆီပြတ်လပ်မှုအပေါ် လူထု၏စိုးရိမ်မှုများကြောင့် မတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071