Sunday, November 9, 2025

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃)...

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင်...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်...

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...
HomeNewsLocal Newsဘုရားသုံးဆူတွင် ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရ၊...

ဘုရားသုံးဆူတွင် ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရ၊ ရွှေနှင့် ငွေသားများ ပါသွားဟုဆို

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့ရှိ “သစ်ဆန်းယဥ်” ရွှေဆိုင်တွင် ယမန်နေ့ ညနေပိုင်းက ဓါးပြတိုက်မှုဖြစ်ပွားခဲ့ပြီး ရွှေနှင့် ငွေသားများ ယူ ဆောင်သွားကြောင်း သိရသည်။

နိုဝင်ဘာ (၁၃) ရက် ညနေပိုင်းက “သစ်ဆန်းယဉ်” ရွှေဆိုင်သို့ အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့် ခြော က်လှန့်ပစ်ခတ်ကာ ဝင်ရောက်ဓါးပြ တိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဓါးပြတိုက်ခဲ့သည့် အမျိုးသားသည် မျက်နှာဖုံးစွတ်ထားကာ ဆိုင်ကယ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဆိုင်ပိုင်ရှင်ဖြစ်သူအား သေနတ်ဖြင့်ခြိ မ်းခြောက်ပစ်ခတ်၍ လုယက်ယူဆောင်ခဲ့ခြင်းဖြစ် ကြော င်း သိရသည်။

ထိုသို့ လုယက်ယူဆောင်ရာတွင် ငွေအချို့နှင့်ရွှေထည်ပစ္စည်းအချို့သည် ၎င်းလက်လှမ်းမမှီသည့် ကောင်တာအတွင်း၌ ရှိနေသဖြင့် ကောင်တာမှန်အား သေနတ်ဖြင့်ပစ်ခတ်ပြီး သေနတ်ဒင်ဖြင့်ရိုက်ခွဲ၍ ယူဆောင်ကာထွက် ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ ဆိုင်ပိုင်ရှင်၏သားအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့်  ကျောပြင်၌ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဟုတ်တယ်ဗျ။ ကျည်ထိသွားလို့ဆေးရုံကို ခေါ်သွားရတယ်။ အခုချိန်ထိတော့ တရားခံကို မဖမ်းမိသေးဘူး။ စစ်ဆေးတာတွေ လုပ်နေတာတွေ့တယ်။ ရွှေထည်ပစ္စည်းအနည်းငယ်နဲ့ ငွေတွေတော့ပါသွားတယ် “ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရရှိထားသည့် CCTV မှတ်တမ်းအားစစ် ဆေးလျက်ရှိပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများလည်း ပြု လုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃) တိုင်းနှင့် ပြည်နယ် (၂) ခုတွင် မိုးကြီးနိုင်ဟု မိုး/ဇလအသိပေး

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင် ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ တရားမဝင်ကုန်စည်သယ်ဆောင်သည့် ဂိတ်များနှင့် ဂိုထောင်/ အဆောက်အဦးများအား တပ်မတော်မှ ရှင်းလင်းနေသည့် မြင်ကွင်းများ

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား တပ်မတော်မှတာဝန်ရှိသူများ ဦးဆောင်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်အတွင်းရှိ သောင်ရင်းမြစ်ကမ်းအနီးမှ အောင်ပါဝါဂိတ်အား မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေ ဦးဆောင်သည့် တပ်မတော်မှတာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့သည်ကို တွေ့ရသည်။ နောက်ရက်များတွင်လည်း သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ ဖယ်ရှားရှင်းလင်းရန် ကျန်နေသည့် တရားမဝင် ကုန်စည်သယ်ဆောင်ရာ ဂိတ်များအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071