Thursday, June 18, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု...

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...
HomeMoviesဘီလီလမင်းအေးကို မင်းသမီးတင်ရိုက်ကူးမယ့် ဒါရိုက်တာ...

ဘီလီလမင်းအေးကို မင်းသမီးတင်ရိုက်ကူးမယ့် ဒါရိုက်တာ စတီးလ်

billy

ဒါရိုက်တာစတီးလ်က Myanmar Idols ရဲ့First Runner Up ဆုရှင် ဘီလီလမင်းအေးကို မေလထဲမှာ ရိုက်ကူးမယ့် “လမ်းကြောင်း”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ထားကြောင်း သိရပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ အကယ်ဒမီထွန်းထွန်း၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ကိုကို၊ ရွှေသမီးတို့လည်း ပါဝင်မှာဖြစ်ပါတယ်။ အခုလို ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ဘီလီလမင်းအေးကို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက် ပြီး ဒါရိုက်တာစတီးလ်က …

” ကျွန်တော်တို့ရိုက်ကူးမယ့် ဇာတ်ကားကတောင်ကြီးမှာ အစအဆုံး ရိုက်ကူးရမှာ။ တောင်ကြီးမြို့ပေါ်ကဘဝဇာတ်လမ်းတစ်ခုအကြောင်းကို ရိုက်ကူးရမှာဖြစ်တဲ့ အတွက်ကြောင့် သရုပ်ဆောင်ဖို့အတွက် တောင်ကြီးသူကို လိုချင်နေတာ။ ဒီ ဇာတ်ကားကို ရိုက်ကူးမယ့် အားဟန်ထုတ်လုပ်ရေးက ပရိုဂျူဆာတွေနဲ့ ဘီလီ လမင်းအေးနဲ့က နည်းနည်းဆွေမျိုးမကင်းဘူး။ ကမ်းလှမ်းကြည့်ပါလားလို့ ပြောတဲ့အခါမှာ ကမ်းလှမ်းလိုက်တော့ သူလက်ခံရိုက်ကူးမယ်လို့ပြောတယ်။ သူတို့ကတော့ ဝန်ခံတယ်။ သရုပ်ဆောင်တော့ မလုပ်ဖူးဘူး။ ဒါပေမဲ့ရတယ်။ ကျွန်တော်တို့က အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘာသာကိုယ်ကြိုးစားပြီး လုပ်မယ်လို့ပြောတယ်။ သူက ထွန်းထွန်းနဲ့တွဲ ရမှာ။ ဒီဇာတ်ကားက အက်ရှင်ကား။ ဘီလီလမင်းအေးရဲ့ ကာရိုက်တာက နည်းနည်းတော့ဂေါ်လီဆန်တယ်။ ထွန်းထွန်းနဲ့ရည်းစား။ အဲဒီကနေပြီးမှ ပြဿနာလေးတွေဖြစ်ပြီးမှ နှစ်ယောက်ကွဲသွားတာ” လို့ ပြောပါတယ်။

ရှုတင်မန်နေဂျာဘဝကနေတစ်ဆင့် ဒါရိုက်တာတစ်ဦးအဖြစ် ကင်မရာအယူအဆကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်းနဲ့ ဇာတ်ကားတွေကို ရိုက်ကူးလာတဲ့ ဒါရိုက်တာစတီးလ်က အခုအချိန်မှာ သူ့ကို တန်းဝင် ဒါရိုက်တာအဖြစ် ပရိသတ်တွေအသိအမှတ်ပြုလာကြတာကို တွေ့ရပါတယ်။ ဒါရိုက်တာ စတီးလ်ကလည်း သူ့အနေနဲ့ ပရိသတ်တွေရဲ့ မိသားစုဝင်တစ်ယောက်လို့ပဲ ခံယူထားကြောင်းကို ” ပရိသတ်က ကျွန်တော့်ကို အားပေးတယ်ဆိုတာ ဘုရားပေးတဲ့ဆု။ ရုပ်ရှင်သမားတွေ ကျွန်တော့်ကို မုန်းတယ်ဆိုတာက ဘုရားပေးတဲ့ ပြစ်ဒဏ်လို့ပဲ ပြောရမယ်။ တချို့ရုပ်ရှင်သမားတွေက ကျွန်တော့်ဆို မကြိုက်ဘူး။ ဒါကဘုရားပေးတဲ့ ပြစ်ဒဏ်ပဲ။ ပရိသတ်နဲ့ကျွန်တော်နဲ့က သူစိမ်းတွေ မဟုတ်ဘူး။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ပရိသတ်ရဲ့ မိသားစုဝင်တစ်ယောက်လို့ ခံယူထားတယ်။ ကျွန်တော့်မှာ ဖြူသည်မည်းသည်မရှိဘူး။ ပရိသတ်တိုင်း သည် ကျွန်တော်ရဲ့ ကျေးဇူးရှင်၊ ကျွန်တော်ရဲ့ မိသားစုဝင်လို့ သတ်မှတ်ထားတဲ့ အတွက်ကြောင့် ကျွန်တော့်အလုပ်တစ်ခုခုလုပ်ရင် ဒါကိုသူတို့ရဲ့မိသားစုဝင်လို့သဘောထားပြီး ကျွန်တော့်ကို အားပေးနေတဲ့အတွက် ကျွန်တော်ကတော့ဆုလာဘ်လို့ သဘောထားပါတယ်” လို့ ပြောပါတယ်။

တွယ်တာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071