Tuesday, March 25, 2025

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ...

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်)...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ...

အရည်ပျော်နေသည့်ရေခဲမျောတုံးကြီးကထိုင်းကမ်းရိုးတန်းကိုခြိမ်းခြောက်နေ

ကမ္ဘာ့အပူချိန်များ မြင့်တက်နေမှုကြောင့် ကမ္ဘာ့အကြီးဆုံး ရေခဲမျောတုံးကြီး အလျင်အမြန် အရည်ပျော်နေခြင်းသည် ပင်လယ်ရေမျက်နှာပြင် ကို မြင့်တက်စေကာ လာမည့် ၂၅ နှစ်အတွင်း ထိုင်းနိုင်ငံ၏...
HomePopular Academy"ဘိုးတော်ကင်း" လား ၊...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။

“ဘိုးတော်ကင်း” နှင့် ” နို့ထမင်း” ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင် မြင့်မြတ်လည်း ပါဝင်နေခြင်းဖြစ်သည်။

အကယ်၍ ယနေ့ည ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် သရုပ်ဆောင်မြင့်မြတ်သာ အကယ်ဒမီရရှိပါက ၎င်းအနေဖြင့် အကယ်ဒမီ (၃) ဆုရှင် လူငယ်သရုပ်ဆောင်တစ်ယောက်ဖြစ်လာမည် ဖြစ်သည်။

မြင့်မြတ်သည် ၂၀၁၇ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် “အမှောင်တွေရွာချတဲ့မိုးတိမ်” ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုကို ပထမဆုံးရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထပ်မံရရှိထားသည့် အကယ်ဒမီ နှစ်ဆုရှင် လူငယ်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

လတ်တလော အကယ်ဒမီရရန် ထင်ကြေးပေးခံထားရသည့် “နို့ထမင်း” ဇာတ်ကားကို ဒါရိုက်တာ ဝင်းထွန်းထွန်း က ဖန်တီး ပုံဖော်ထားပြီး မြင့်မြတ် ၊ ဖြိုးငွေစိုး ၊ ချာလီ ၊ ဖြိုးလေး ၊စစ်နိုင် ၊ ထူးခြား ၊စိုးမြတ်သူဇာ ၊ ခင်ဝင့်ဝါ ၊ ဝေလာရီ ၊ ဦးဇော်ဝင်းနိုင် ၊ K ညီ ၊ ဝါဝါအောင် ၊ အံ့မင်းညို ၊ ရှိုင်းလတ် ၊ သီဟ တို့ ပါဝင်အားဖြည့် သရုပ်ဆောင်ထားသည်။

အလားတူ ” ဘိုးတော်ကင်း ” ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ဖန်တီးပုံဖော်ပေးထားပြီး မြင့်မြတ် ၊အိချောပို ၊ခြူးလေး ၊ စည်သူဝင်း ၊ ထက်ထက်ထွန်း ၊ ဥဩသံသာ ၊ သံစဉ်ဆည်းဆာ ၊ လှနုထွန်းတို့ ပါဝင်အားဖြည့်သရုပ်ဆောင်ထားကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ တစ်နှစ်ထပ်မံတိုးမြင့်

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာတင်သွင်း ခွင့်ကြေညာချက်ကို တစ်ပြိုင်တည်း ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ကိုသာ ကြေညာခဲ့ပြီး မတ်ပဲအား လွတ်လပ်စွာ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်) ရင်းနှီးမြှုပ်နှံမည်ဟု တနင်္လာနေ့ကပြောကြားခဲ့သည်။ ယခုရင်းနှီးမြှုပ်နှံမှု အကောင်အထည်ပါ်လာပါက တရုတ်နိုင်ငံ၏ဓါတ်အားလိုင်းတွင် နှစ်စဉ် ၅၅၀,၀၀၀ မဂ္ဂါဝပ်အထိတိုးလာစေမည်ဖြစ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံသူများရှိလာပါက ယခုပမာဏထက် ထပ်တိုးလာနိုင်သည်ဟုလည်းဆိုသည်။ တရုတ်နိုင်ငံရှိ Apple ပစ္စည်းတင်သွင်းသူများသည် ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သည့်ထုတ်လုပ်မှုဖြင့် ကမ္ဘာ့အဆင့်မီတိုးတက်မှုကို လုပ်ဆောင်နေကြသည်ဟု Apple လုပ်ငန်းလည်ပတ်‌ရေး အရာရှိချုပ်ကပြောကြားခဲ့သည်။ "တရုတ်မှာ သန့်ရှင်းတဲ့စွမ်းအင်ရန်ပုံငွေအသစ်တစ်ခုကို ကြေငြာလိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ရဲ့ သုံးပုံနှစ်ပုံကလည်း...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ (၂၅)ရက် ညနေ (၅)နာရီအချိန်၌ မြန်မာ- အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပွဲပြီးချိန်၌ တစ်ဖက်(၁)ဂိုးစီ သွင်းယူထားနိုင်ကြပြီး၊ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက နောက်ထပ်သွင်းဂိုး (၁)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။ အာဖဂန်နစ္စတန်အသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၅၆)အဆင့်တွင်ရပ်တည်နေပြီး၊ မြန်မာအသင်းအနေဖြင့် (၁၆၇)အဆင်တွင် ရပ်တည်နေခြင်းဖြစ်သည်။ မြန်မာ့လက်‌ရွေးစင်အသင်း ပွဲထွက် ကစားသမားစာရင်းတွင် ဟိန်းဖြိုးဝေ၊ စိုးမိုးကျော် ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071