ဘိုကလေးသူ နာမည်နဲ့ အစားအသောက်များအွန်လိုင်းကနေရောင်းချလျက်ရှိတဲ့ အေသင်ချိုဆွေ
အဆိုတော် အေသင်ချိုဆွေက အနုပညာအလုပ်များ နားနေရတဲ့ အချိန်မှာ ဘိုကလေးသူ ဆိုတဲ့နာမည်နဲ့ မုန့်ဟင်းခါးအသုပ်စုံ များကို အွန်လိုင်း ကနေ ရောင်းချလျက်ရှိပါတယ်။ အွန်လိုင်းကနေ စျေးရောင်းဖြစ်တဲ့အကြောင်းကိုလည်း အခုလိုပဲပြောပြခဲ့ပါတယ်။
“ အဓိက အွန်လိုင်းမှာ ဘိုကလေးသူ ဆိုတဲ့နာမည်လေးနဲ့ အသုပ်စုံတွေ လုပ်ဖြစ်တာက အစကတည်းက အေသင့်ရဲ့ အမက စားသောက်ကုန် နဲ့ပတ်သက်ပြီး ရောင်းတာတွေလုပ်တာဆိုတော့ အခုဒါလေးကိုလည်း သူနဲ့ပဲပူးပေါင်းပြီး လုပ်ဖြစ်တာပါ။ အခုစစလုပ်တာ တပတ်လောက်ပဲ ရှိသေးတာဆိုတော့ ရောင်းတော့ရောင်းရပါတယ်။ ဖြည်းဖြည်းချင်းတော့ ရောင်းအားတက်လာပါတယ်။ အခက်အခဲ ကတော့ ထွေထွေထူးထူးမရှိပါဘူး။ ပို့ရတာ နည်းနည်းလေး ခက်တာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်။ အမကပဲ အကုန်အစအဆုံး လုပ်သွားတာဆိုတော့ ဘာမှအခက်အခဲရယ်လို့တော့ မရှိပါဘူး။ နောက်ထပ် အသစ်ထွက်မယ့် Menuလေးတွေရှိလို့ အားပေးကြပါဦး။” လို့ပြောပါတယ်။