ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ(ခွဲ)အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ယနေ့ ဧပြီ ၂ ရက်နံနက်ပိုင်းကပြန် လည်ဖွင့်လှစ်ခဲ့သည်။
ထိုသို့ ဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့ ညနေ ၄ နာရီအထိ ဘားအံမြို့ဘက်မှ မြဝတီမြို့ဘက်သို့ ခရီးသည်တင်ကားများ၊ ကုန်ပစ္စည်းတင်ကားများနှင့် အိမ်စီးကားများ (၂၂၃)စီး၊ မြဝတီမြို့ဘက်မှ ဘားအံမြို့ဘက်သို့ ခရီး သည်တင်ကားများ၊ ကုန်ပစ္စည်းတင်ကားများနှင့် အိမ်စီးကားများ(၃၃၂)စီး(စုစုပေါင်း ၅၅၅ စီး)ဖြတ်သန်းသွားလာခဲ့သည်။
ထို့ပြင် ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)လမ်းပိုင်းကို အသုံးပြုသွားလာသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေးတို့အ တွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခတပ်ဦးကျောင်းတိုက်ဆရာတော်အမှူးပြုသော သံ ဃာတော်များက အာရှလမ်းထိပ် သင်္ဃန်းညီနောင် ကျေးရွာ၊ ဈေးကုန်းရပ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့ကြသည်။
ထို့အတူ သင်္ဃန်းညီနောင်ကျေးရွာမှ ကော့ကရိတ်မြို့ နယ်၊ လှိုင်ဝကျေးရွာအထိ အာရှလမ်းမကြီးတစ် လျှောက် မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်း ပ ရိတ်တရား တော်များကိုရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့ကြသည်။
ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်းပိုင်း)သည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းသည့် အဓိကအသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ -ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ထိ (၁၆၅ ဒသမ ၃၆၀)ကီလိုမီတာရှည်လျားပြီး အကြမ်းဖက်အဖွဲ့များ၏ ဖျက်ဆီးမှုများကို ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေများဖြင့်ပြုပြင်ပြီးစီး၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
