ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
ဒေသထွက် မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းဆိုင်ခန်း (၃၀) ကျော်ဖြင့် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချခဲ့မှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တောင်သူလယ်သမားစျေးကို လစဉ်ပထမပတ်၏ စနေနေ့တွင်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ နောင်လာမည့်အပတ်တွင်လည်း ဈေးဆိုင်ခန်းများ ပိုမိုတိုးချဲ့ဖွင့်လှစ်နိုင်ရန်နှင့် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက်ပိုမိုတိုးတက်ရောင်းချနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
