ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့လည် ၁ နာ ရီခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်ရုံး)တို့ထံမှ သိရသည်။
ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘားအံ-ကော့ကရိတ်သွားကားလမ်းပေါ်ရှိ “ရတနာမြေ”စက်သုံးဆီအရောင်းဆိုင်၌မီးလေ-ာင်မှုဖြစ်ပွား၍ ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ ဘားအံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်ရုံး)နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလေ-ာင်မှုကြောင့် စက်သုံးဆီအရောင်းဆိုင်၊ ဆီဘောက်ဆာကားအချို့နှင့် ဆိုင်အနီးရှိ စျေးဆိုင်အများစုလည်း မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo- MFSD / မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း
