Tuesday, July 15, 2025

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆...

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...
HomeCelebrities' Newsဘာသာရေးဘက်ကို စိတ်နှစ်ထားတဲ့အတွက် တချို့ကိစ္စတွေဆိုရင်ခံနိုင်ရည်ရှိလာတယ်...

ဘာသာရေးဘက်ကို စိတ်နှစ်ထားတဲ့အတွက် တချို့ကိစ္စတွေဆိုရင်ခံနိုင်ရည်ရှိလာတယ် မင်းမော်ကွန်း

min

 

မင်းမော်ကွန်းက ဘာသာရေးနဲ့ ပတ်သက်လို့ နေ့စဉ်တိုင်းမှာ ပုံမှန် လုပ်ဆောင်နေ တာတွေရှိပါတယ်။ဘာသာရေး လုပ်ဆောင်မှုတွေကြောင့် နေ့စဉ်ဘဝမှာ အကျိုးပေးမှု တွေလည်း များစွာရှိခဲ့ကြောင်း သူက ပြောပြပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ဘာသာရေးနဲ့ ပတ်သက်လို့ နေ့စဉ်လုပ်ဖြစ်နေတဲ့ အကြောင်း အရာတွေကို အခုလိုမေးမြန်းဖော်ပြလိုက်ရပါ တယ်။

ဘာသာရေးနေ့စဉ်လုပ်ဖြစ်တယ်
ဘာသာရေးအနေနဲ့ နိစ္စဓူဝ လုပ်ဖြစ်တာကတော့ ပုတီးစိပ်တယ်။ ပဋ္ဌာန်းရွတ်တယ်။ ရတနသုတ်၊ မေတ္တသုတ်တို့ အမြဲပုံမုန် ရွတ်ဖြစ် ပါတယ်။ ပုတီးစိပ်တဲ့ အခါမှာလည်း အဓိဋ္ဌာန်ပေါ့နော်။ နေ့စဉ်ကျွန်တော် စိပ်နေကျ ပုတီးက ဂုဏ်တော်လည်း စိပ်တယ်။ သရဏဂုံလည်း စိပ်တယ်။ နောက်တစ် နည်းကတော့ ဘာနည်း လဲတော့ကျွန်တော်မသိဘူး။ဘုန်း ဘုန်း ပေးထားတဲ့ ပုတီးစိပ်နည်း တစ်မျိုးလည်း စိပ်ပါတယ်။
ဘာသာရေး ပြုလုပ်တဲ့အတွက် ကောင်းကျိုးခံစားမှု သိတော့သိသာလာတယ်။ ကျွန်တော် ပြန်ပြီးတော့ အရှိန် အဝါလေးတစ်ခုရတာရယ်။ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ရှိတာရယ်။ ဘာသာရေးဘက်ကို စိတ်နှစ် ထားတဲ့အတွက် တချို့ကိစ္စ တွေဆို ရင် ခံနိုင်ရည် ရှိလာတယ်။ ဘာသာ ရေးလုပ်တော့ အဲဒီကိစ္စတွေ အတွက် တော်တော်လေး သိသာလာ ပါ တယ်။ ဒါကလည်း ဘာသာရေး လုပ်ခြင်းအတွက် ကောင်းကျိုးခံစားမှု တွေပေါ့နော်။

ဘာသာတရားဆိုတာ လူသား တွေရဲ့ စိတ်ကို ထိန်းချုပ်ပေးတဲ့အရာ
ဘာသာရေးဆိုတာ လူသား တွေရဲ့ စိတ်ကို ထိန်းချုပ်ပေးတဲ့ အရာပါ။ ဘယ်ဘာသာပဲ ဖြစ်ဖြစ် ပေါ့နော်။ ကျွန်တော် ဗုဒ္ဓဘာသာကိုပဲ High Light ပြောတာမဟုတ်ပါဘူး။ အကုန်လုံး ရည်ရွယ်ချက်ကတော့ လူတွေရဲ့ စိတ်နှလုံးကို ငြိမ်းချမ်း အောင်၊ နူးညံ့အောင် ထိန်းချုပ်ပေးတဲ့ အရာဖြစ်တဲ့အတွက် ဘာသာတရား လိုက်စားတာကတော့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှု၊ ကိုယ့်စိတ်ရဲ့ ကြီးပွားတိုးတက်ကြောင်းကို အ ထောက်အကူ အများကြီး ပြုလုပ် ပါလိမ့်မယ်။

ဘာသာတရားအပေါ် ယုံကြည် ကိုးကွယ်မှု
အရင်တုန်းကတော့ ကျွန်တော် တို့က မိရိုးဖလာ အနေနဲ့ပဲ ကိုးကွယ် တာပါ။ နောက်ပိုင်းကျတော့မှ အသက်အရွယ်ရလာပြီး လေ့လာရင်း လေ့လာရင်းနဲ့မှ ပိုပိုပြီးတော့ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာရ ကို သိသိလာ တယ်။ ပိုပိုပြီးတော့ ကိုးကွယ်ဖြစ် လာတယ်။ ပိုပြီးယုံကြည်လာတယ်။

ဘာသာရေးလိုက်စားတဲ့ လူငယ်တွေအပေါ် အကြံပြုစကား
လိုက်စားကြတဲ့ လူငယ်တွေ ရှိကြပါတယ်။ ဗုဒ္ဓဘာသာ သင်တန်း၊ ယဉ်ကျေးမှု သင်တန်းတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ စနစ်တကျ ပိုပြီးတော့ လေ့လာ သိရှိပြီးတော့ စနစ်တကျ ယုံကြည် ကိုးကွယ်ခြင်းကတော့ ပိုပြီးတော့ ကောင်းပါတယ်။

ဇင်မာနွယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071