Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeCelebrities' Newsဘာသာတရား လိုက်စားမှုက စိတ်အေးချမ်းမှုကို...

ဘာသာတရား လိုက်စားမှုက စိတ်အေးချမ်းမှုကို များစွာ အထောက်အကူဖြစ်စေတယ်ဆိုတဲ့ ဆုအိမ့်စံ

Untitled-2

လူသားတိုင်းရဲ့ နေ့စဉ် ဘဝမှာ  ဘာသာရေးကိုးကွယ် ယုံကြည်မှုဟာ   စိတ်အေးချမ်းမှုကို ဖြစ်စေပါတယ်။  ကိုယ် ယုံကြည်ရာ ဘာသာတရားအပေါ်မှာ သက်ဝင် ယုံကြည်ရင်း စိတ်နှလုံး အေးချမ်းအောင် ပြုလုပ်ကြပါတယ်။ ဘာသာတရားဆိုတာ ကြီးသည် ငယ်သည် မဟုတ်ဘဲ လူသားတိုင်း ကိုးကွယ် ဆည်းကပ်ကြတဲ့ အရာလည်း ဖြစ်ပါတယ်။ လူငယ် သရုပ်ဆောင် ဆုအိမ့်စံဟာလည်း ကိုယ်ကိုးကွယ်တဲ့ ဘာသာအပေါ်မှာ အပေါ်ယံ မဟုတ်ဘဲ ထဲထဲ ဝင်ဝင် လေ့လာ ကိုးကွယ် ယုံကြည်ခဲ့တဲ့ အတွက် ပိုပြီး စိတ်အေးချမ်းမှု ကိုရရှိစေခဲ့တယ်လို့ဆိုပါတယ်။

ဘာသာရေးနေ့စဉ်လုပ်ဖြစ်ပုံ
ဆုဘာသာရေးအနေနဲ့ နေ့တိုင်း ဘုရားရှိခိုးဖြစ်တယ်။ ပုတီးလည်း စိပ်တယ်။ နေ့စဉ်ဘုရားရှိခိုးပြီး ပဋ္ဌာန်းလုပ်တာကတော့ အမြဲလုပ် ဖြစ်တယ်။ အင်္ဂါနေ့ရောက်တိုင်းလည်း ဆု ဘုရားသွားဖြစ်တယ်။ အဓိဠာန် တွေလည်း ဝင်ဖြစ်ပါတယ်။ဘုရားရှိခိုးတာကိုယ်ယုံကြည်ဖို့ ပါ။အဓိက ကတော့ဘုရား၊ တရား အလုပ်နဲ့ ပတ်သက်ရင် စိတ်ကအဓိက ပါပဲ။ ဘာသာရေးလုပ်ရင် ကောင်း ကျိုးတွေဘာတွေရတာထက် ဘုရား ရှိခိုးတာက ကိုယ်ယုံကြည်လို့ဘုရား တရားလုပ်ဖြစ်ပါတယ်။ ဘုရားရှိခိုး ဘုရားစာတွေရွတ်ပြီးရင် စိတ်နှလုံး အေးချမ်းတယ်။ ဘုရားရှိခိုးတာက ကိုယ့် ယုံကြည်ကိုးကွယ်ရာမို့ ရှိခိုးဖြစ် ပါတယ်။

ဘာသာရေးက စိတ်အေးချမ်းစေပါတယ်
ဘာသာတရားက လူသားတွေရဲ့ က စိတ်နှလုံးကိုအေးချမ်းအောင်၊ ငြိမ်းချမ်းအောင် ပြုပြင်ပေးတယ်။ ဘယ်ဘာသာပဲဖြစ်ဖြစ် ကိုယ်ယုံကြည် ကိုးကွယ်တဲ့ ဘာသာရေးကကိုယ့်ကို အေးချမ်းစေပါတယ်။ ဘာသာ တရား ကစိတ်ကိုနူးညံ့အောင် ထိန်း ချုပ်ပေး တဲ့ အရာဖြစ်တဲ့အတွက် ဘာသာ တရားလိုက်စားသူက ကိုယ့်ရဲ့စိတ် အေးချမ်းမူကိုအထောက်အကူအ များကြီးရတယ်။

ဘာသာရေးလုပ်ဖို့ လူငယ်ချင်းချင်း မျှဝေပေးစေချင်တယ်
ကိုယ်လည်း လူငယ်တစ်ယောက် ဖြစ်ပေမယ့် ဘာသာရေးလိုက်စားဖို့လူငယ်အချင်းချင်းမျှဝေပေးဖို့ ဆိုတာ ကတော့ ကိုယ်ကိုးကွယ်တဲ့ဘာသာကို သေချာလေး လေ့လာသင့်ပါတယ်။ ထဲထဲဝင်ဝင်လေ့လာမယ်ဆိုရင် ကိုယ့် ဘာသာရဲ့ အနှစ်သာရကို ပိုသိလာ မယ်။ အပေါ်ယံဆိုတာထက်သေချာ လေ့လာတဲ့အတွက် ပိုပြီးစိတ်အေး ချမ်းလာစေလိမ့်မယ်လို့ ထင်တယ်။

ဘာသာတရား အပေါ် ယုံကြည်ကိုးကွယ်မှု
ဆုအရင်တုန်းကလည်း ဘုရား တရား လုပ်တယ်။ အခုနောက်ပိုင်း မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာကို လည်း သေချာလေ့လာဖြစ်ပြီး ပိုပြီး ယုံကြည်လာတယ်။ ထဲထဲဝင်ဝင် လေ့လာတော့ အနှစ်သာရကို ပိုသိ လာတယ်။ ပိုပြီး ယုံကြည်လာတယ်။ ဘုရားတရားက ကိုယ့်အတွက် ပိုပြီး အေးချမ်းတယ်၊ ငြိမ်းချမ်းတယ် ဆိုတာကိုသိလာတယ်။ ဘာသာ တရားကိုဆိုတာပိုပြီးတော့ လေ့လာ လေလေ ပိုပြီး ငြိမ်း ချမ်းလာလေ လေပဲ။ ဒါပေမဲ့ အစွန်းမရောက်ဖို့ အရေးကြီးတယ်။ ဘယ်ဘာသာမဆို ကိုယ်ကိုးကွယ်တဲ့ ဘာသာအပေါ်မှာ အစွန်းမရောက်ဖို့လိုပါတယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071