Friday, September 18, 2026

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...
HomeMusicဘဝအကြောင်းကို ရုပ်ရှင်ရိုက်ချင်ပေမယ့် ...

ဘဝအကြောင်းကို ရုပ်ရှင်ရိုက်ချင်ပေမယ့် ရိုက်ဖို့ ချိန်နေဆဲပါပဲ အိမ့်ချစ်


သင်္ကြန်ကာလတစ်လျှောက် ရန်ကုန်၊ မန္တလေးစုန်၊ ဆန်ချီတက်ရင်း ဖျော်ဖြေရေးတွေနဲ့ ဖြတ်သန်းဖြစ်တဲ့ အဆိုတော်မလေး အိမ့်ချစ်၊ သူမက သွက် လက်တယ်။ တက်ကြွတယ်။ ပြီးတော့ ဘာသာရေးကိုင်းရှိုင်းတယ်။ နှစ်သစ်လည်း ရောက်ပြီ အိမ့်ချစ်ရေ …။ ရှေ့မှာဆိုရင်လည်း ဟဲလေးနဲ့ ချောကလက် မှိုတက်ညိုပြာညက် အခွေထွက်ခဲ့ပြီးပြီ။ ဒီတော့ အိမ့်ချစ်တစ်ခါ ပြောဖူးတဲ့ အိမ့်ချစ်ဘဝအကြောင်း ရုပ်ရှင်ရိုက်မယ်ဆိုတဲ့ ကိစ္စ ဘယ်လိုအခြေအနေရှိသလဲလို့ အိမ့်ချစ်ကို မေးဖြစ်ခဲ့ပါတယ်။ သူမက….

“အိမ့်ချစ်ဇာတ်ကြောင်းကို ရိုက်ကူးမယ်ဆိုလို့ရှိရင် အိမ့်ချစ်ဘဝက နည်းနည်းကြမ်းတမ်းတယ်။ ဘာကြောင့် ကြမ်းတမ်းသွားတာလဲဆိုလို့ရှိရင် အိမ့်ချစ် မိဘ ၂ ပါး ကနေ စပြောရမှာပေါ့နော်။ အိမ်ချစ်ဘဝမှာ ၁၃ နှစ်၊ ၁၄ နှစ်လောက် ကတည်းက အမေနဲ့ ဖြတ်သန်းလာတာမို့လို့ အခက်အခဲတွေကတော့ အများကြီးကြုံရတယ်။ အဲဒီအခက်အခဲတွေကို ရုပ်ရှင်ရိုက်ပြချင်တယ်။ နောင်လာမယ့် အမျိုးသမီးထုတွေအတွက် ခွန်အား ပေးရင်းနဲ့ပေါ့။ ဒီလိုမျိုးတွေရှိတယ်ပေါ့။ ဒါပေမဲ့ နားလည်မှုလွဲသွားနိုင်တဲ့ဟာတွေ အများကြီးရှိလာ နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အကြောင်းကို ဖွင့်လှစ်ပြီးတော့ တချို့ကိစ္စတွေကျတော့ ကိုယ်က မပြောသင့်တဲ့အကြောင်းအရာတွေလည်း ရှိတယ်။ အဲဒီအခါကျတော့ အိမ့်ချစ်လည်း ၅ဝ၊ ၅ဝ ဖြစ်နေတဲ့အတွက် ကြောင့်မို့လို့ စဉ်းစားနေတာပါ။ အဓိကကတော့ ပညာပေးသဘောလေး အနေနဲ့ အိမ့်ချစ်ရိုက်ကူးပြချင်တယ်။ နောက်ပြီးတော့ မိသားစုတွေ၊ မိသားစုတွေမှာ အိမ်ထောင်တစ်ခုကို တည်ဆောက်ပြီး သွားပြီဆိုလို့ ရှိရင် တည်မြဲအောင်လုပ်ရတယ်။ အဲဒီလို မတည်မြဲတဲ့အခါကျလို့ ရှိရင် သားသမီးတွေက ဘယ်လိုခံစားရတယ်။ ဘယ်လိုတွေ ဖြစ်တတ်ကြတယ်ဆိုတဲ့ အကြောင်းလေးကို အိမ့်ချစ် အဓိကမက်ဆေ့ခ်ျ ပေးချင်လို့ ရိုက်ကူးချင်တာပါ။ ဒါပေမဲ့ အဲဒီမှာ မှားသွားနိုင်တဲ့ အကြောင်းအရာလေးတွေ အများကြီးရှိတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အိမ့်ချစ် ချိန်နေတာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071