မော်စကို၊မေ ၇
ဘရာဇီးလ်သမ္မတသည် လာမည့်ရက်များအတွင်း မော်စကိုသို့သွားရောက်ရန်စီစဉ်နေပြီး ယူကရိန်းနှင့် ရုရှား ငြိမ်းချမ်းရေးအတွက် ကြားဝင်ဖျန်ဖြေသူအကျိုးဆောင်အဖြစ် ဘရာဇီးလ်နိုင်ငံကိုထားရှိပေးရန် ကမ်းလှမ်းမည်ဟု သိရသည်။
အဆိုပါခရီးစဉ်အတွင်း သမ္မတလူလာသည် ယူကရိန်းစစ်ပွဲအရေးဆွေးနွေးရန် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့်လည်း တွေ့ဆုံရန်ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
မစ္စတာလူးလာကမူ ဘရာဇီးလ်နိုင်ငံသည် အခြားအင်အားကြီးနိုင်ငံများနှင့်မတူဘဲ ကမ္ဘာ့သံခင်းတမန်ခင်းတွင် လွတ်လပ်စွာပြုမူနိုင်ကြောင်းနှင့် စစ်မက်ဖြစ်ပွားနေသည့်နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ကိုဖော်ဆောင်ပေးနိုင်ရန်တက်ကြွစွာဆာင်ရွက်နေသည့် နိုင်ငံအဖြစ် ပုံဖော်နေခြင်းလည်းဖြစ်သည်။
မစ္စတာလူးလာ၏ ယခုခရီးစဉ်တွင် ၎င်းသည် မေလ ၉ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် မော်စကို၏ စစ်ရေးပြအခမ်းအနားသို့တက် ရောက်မည်ဟု သိရသည်။
Source : ရှင်းဟွာ
