Thursday, August 6, 2026

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ...

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ...

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...
HomeInternationalဘရက်ပစ်ပရိတ်သတ်တစ်ဦးအွန်လိုင်းအလိမ်အညာခံလိုက်ရ

ဘရက်ပစ်ပရိတ်သတ်တစ်ဦးအွန်လိုင်းအလိမ်အညာခံလိုက်ရ

ဟောလိဝုဒ်နာမည်ကျော်မင်းသား အယောင်ဆောင်ထားသည့် လိမ်လည်လှည့်ဖြားသူများကြောင့် ပြင်သစ်အမျိုးသမီးတစ်ဦး ဘဝပျက်ခဲ့ရသည့်အတွက် အယောင်ဆောင်လှည့်စားမှုများကို သတိထားကြရန် ဘရက်ပစ်၏ အေးဂျင့်က ပရိသတ်များကို သတိပေးလိုက်သည်။

အသက် ၅၃ နှစ်အရွယ် ပြင်သစ်သူက သူသည် ပစ်နှင့် ချစ်ကြိုက်နေခဲ့ပြီဟု ယုံကြည်နေခဲ့ကြောင်း ပြင်သစ် TF1 ရုပ်သံလိုင်းကို ပြောကြားခဲ့ပြီး သူသည် ခင်ပွန်းဖြစ်သူနှင့်ပင် ကွာရှင်းပြတ်စဲခဲ့ကာ လိမ်ညာသူများကို ယူရို ၈၃၀၀၀၀ (ဒေါ်လာ ၈၅၀,၀၀၀) လွှဲပေးခဲ့သည်ဟု ဆိုခဲ့သည်။

“လူလိမ်တွေဟာ နာမည်ကျော်တွေနဲ့ ပရိသတ်တွေရဲ့ ခိုင်မာတဲ့ ချိတ်ဆက်ဆက်ဆံမှုကို အခွင့်ကောင်းယူကြတာ အတော်ဆိုးပါတယ်” ဟု “Fight Club” actor အတွက် ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် Entertainment Weekly ကို ပြောဆိုခဲ့သည်။

အထူးသဖြင့် ပစ် ကဲ့သို့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းမရှိသော သရုပ်ဆောင်များထံမှဆိုကာ အွန်လိုင်းမှ လိမ်လည်ဆက်သွယ်မှုများကို မတုန့်ပြန် အရေးကြီးသည့် သတိပေးချက်တစ်ခုဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောဆိုခဲ့သည်။

လူလိမ်များသည် ဆိုရှယ်မီဒီယာနှင့် WhatsApp အကောင့်အတုများအပြင် AI ရုပ်ပုံဖန်တီးမှုနည်းပညာကိုသုံးကာ အော်စကာဆုရှင်မင်းသား၏ ဆဲလ်ဖီပုံနှင့် မက်ဆေ့ချ်များ အမျိုးသမီးထံ ပေးပို့ခဲ့ကြသည်။

ငွေလိမ်ရန်အတွက်မူ အသက် ၆၁ နှစ်အရွယ်မင်းသားသည် ကျောက်ကပ်ကုသရန် ငွေလိုနေကြောင်း အယုံသွင်းပြီး ဇနီးဟောင်း အန်ဂျလီနာဂျိုလီနှင့် ကွာရှင်းပြတ်စဲခဲ့၍ သူ၏ ဘဏ်စာရင်းများ ပိတ်ခံထားရကြောင်း ဟန်ဆောင်ခဲ့သည်။

Anne ဟုသာ အမည်ဖော်ပြခဲ့သော အဆိုပါ အမျိုးသမီးသည် ပစ် နှင့်ဆက်သွယ်နေသည်ဟု တစ်နှစ်ခွဲကြာအောင် လိမ်ညာခံခဲ့ရကြောင်းနှင့် ပစ်နှင့် ရည်းစားဖြစ်သူ Ines de Ramon တို့၏ အချစ်ရေးသတင်းများထွက်လာမှသာ သူအလိမ်ခံနေရသော အဖြစ်မှန်ကို သိရှိခဲ့ခြင်းဟု ဆိုသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုးခဲ့

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Green Room ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ အာဆီယံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေး ဆွေးနွေး

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ...

ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတိုင်းတာချက်အရ ဆည်တော်ကြီးရေလှောင်တမံအတွင်းရေဝင်ရောက်မှုကန်ရေပြည့်မှတ်အောက်လျော့ကျလာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ခဲ့ရာ ယနေ့ သြဂုတ် ၆ ရက်နံနက် ၁၀ နာရီတိုင်းတာချက်အရ ရေအမှတ်(၄၁၉ ဒသမ ဝ)ပေသို့ပြန်လည်ရောက်ရှိခဲ့သဖြင့် ကန်ရေပြည့်မှတ်အောက်လျော့ကျလာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဆည်တော်ကြီးရေလှောင်တမံ၏ ရေထိန်းတံခါး(၇) ပေါက်မှ တံခါးနံပါတ်(၂၊ ၃၊ ၄၊ ၅၊ ၆) တို့အား (၂)ပေစီ၊ ရေတံခါးနံပါတ်(၁) နှင့် (၇)တို့အား (၁)ပေစီထုတ်လွှတ်ထားရသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071