Thursday, July 2, 2026

AI ရင်းနှီးမြှုပ်နှံမှုများကြောင့် စင်ကာပူ၏ စီးပွားရေးတိုးတက်မှု...

စင်ကာပူ၊ ဇူလိုင် ၂ ဉာဏ်ရည်တု (AI) ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်မြင့်တက်နေခြင်း၊ ပြည်တွင်းစီးပွားရေးလှုပ်ရှားမှုများ အားကောင်းလာခြင်းနှင့် ဆောက်လုပ်ရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းတို့ကြောင့် အဓိကသုတေသနအဖွဲ့အစည်းများက...

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို (H.E. Mr. Aleksandr Lukashenko)...

AI၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး...

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ဉာဏ်ရည်တု (AI)၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များကို ဇူလိုင် ၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း...

တရုတ်ဝါရင့်အမတ် ဟီဝေ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ...

တရုတ်နိုင်ငံ၏ ဝါရင့်အမတ် ဟီဝေသည် အီရန်နိုင်ငံ၊ တေရန်မြို့တွင် ကျင်းပမည့် ကွယ်လွန်သူ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက...
HomeMoviesဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့...

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် စတင်ထွက်ခွာ

ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂ ရက်တွင် ဘယ်လာရုစ်သမ္မတနှင့် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးမှု (One-on-One Meeting) ကိုလည်း ပြုလုပ်ကာ ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် သက်ဆိုင်သည့် အရေးပါသောကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍနှင့် အခြားပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၆-၂၀၂၈ ခုနှစ် ကာလအတွက် ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစီမံချက် (Joint Action Plan) တွင် လက်တွေ့အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AI ရင်းနှီးမြှုပ်နှံမှုများကြောင့် စင်ကာပူ၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များ မြင့်တက်

စင်ကာပူ၊ ဇူလိုင် ၂ ဉာဏ်ရည်တု (AI) ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်မြင့်တက်နေခြင်း၊ ပြည်တွင်းစီးပွားရေးလှုပ်ရှားမှုများ အားကောင်းလာခြင်းနှင့် ဆောက်လုပ်ရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းတို့ကြောင့် အဓိကသုတေသနအဖွဲ့အစည်းများက စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှု (GDP) ခန့်မှန်းချက်များကို မြှင့်တင်သတ်မှတ်လိုက်ကြသည်။ သုတေသနအဖွဲ့များ၏ သုံးသပ်ချက်အရ အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ လျော့ပါးလာခြင်းကြောင့် ပို့ကုန်အပေါ် အခြေခံသည့် စင်ကာပူစီးပွားရေးအတွက် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များလည်း လျော့နည်းလာကြောင်း ဖော်ပြထားသည်။ DBS Group Research က ၂၀၂၆ ခုနှစ်အတွက် စင်ကာပူ၏ GDP တိုးတက်မှုခန့်မှန်းချက်ကို ယခင် ၂.၈...

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို (H.E. Mr. Aleksandr Lukashenko) သည် ယနေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် နှစ်နိုင်ငံ...

AI၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး သဘောတူညီချက်များကို အိန္ဒိယနှင့် ဂျပန် လက်မှတ်ရေးထိုး

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ဉာဏ်ရည်တု (AI)၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များကို ဇူလိုင် ၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ပြောကြားသည်။ ဂျပန်ဝန်ကြီးချုပ် ဆနာအဲ တာကာအိချီနှင့် နယူးဒေလီမြို့၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် အိန္ဒိယ-ဂျပန် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မိုဒီက နှစ်နိုင်ငံအနေဖြင့် စီးပွားရေးလုံခြုံရေးဆိုင်ရာ ပူးတွဲအစီအစဉ်တစ်ရပ်ကိုလည်း ရေးဆွဲထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ "ဂျပန်၏ တိကျမြင့်မားသော နည်းပညာနှင့် အိန္ဒိယ၏ ဆော့ဖ်ဝဲဖွံ့ဖြိုးရေးစွမ်းရည်တို့ ပေါင်းစပ်လိုက်ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071