Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeNewsFootballဘယ်ဂျီယံကို ကပ်နိုင်ခဲ့တဲ့ ပြင်သစ်နဲ့...

ဘယ်ဂျီယံကို ကပ်နိုင်ခဲ့တဲ့ ပြင်သစ်နဲ့ ဂိုးသမား လက်စွမ်းပြမှုကြောင့် ကွာတားတက်တဲ့ ပေါ်တူဂီ

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ယူရို ၂၀၂၄ ၁၆ သင့်အဆင့် ရှုံးထွက်ပွဲစဉ်တွေမှာတော့ ပြင်သစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ပြိုင်ဘက်တွေကို အနိုင်ရပြီး ကွာတာဖိုင်နယ်ကို အသီးသီး တက်ရောက်သွားကြပါပြီ။

ပြင်သစ်အသင်းက ဘယ်ဂျီယံနဲ့ တွေ့ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၈၅ မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး မူအာနီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ကပ်အနိုင်ရခဲ့ပါတယ်။ ဒီဘရိုင်း၊ လူကာကူ၊ ဒိုကူတို့ပါဝင်တဲ့ ဘယ်ဂျီယံကလည်း ဂိုးရဖို့ကြိုးပမ်းခဲ့ပေမယ့် ပြင်သစ်ဂိုးသမား ကာကွယ်နေခဲ့လို့ ဂိုးရဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဖက်မှာလည်း အမ်ဘတ်ပေ၊ သူရမ်၊ ဂရဇ်မန်း၊ တက်ချူအာမန်နီတို့ရဲ့ တိုးအားတွေ၊ ကန်ချက်တွေနဲ့ ဂိုးဂရဖို့ကြိုးပမ်းခဲ့ပြီး ပွဲဟာအကြိတ်အနယ်ရှိခဲ့တာတွေ့ရပါတယ်။

တစ်ဖက်က ပေါ်တူဂီနဲ့ ဆလိုဗေးနီးယားတို့ပွဲမှာတော့ ဆလိုဗေးနီးယားက ခံစစ်ပိတ်ကာ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့တာကိုတွေ့ရပါတယ်။ စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီကလည်း ဘရူနိုဖာနန်ဒက်၊ ဗာနာဒိုဆေးဗားတို့ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေနဲ့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် ဆလိုဗေးနီးယား ဂိုးသမား အကောင်းဆုံးကာကွယ်နေခဲ့လို့ ဂိုးရဖို့ ခက်ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်တဲ့အထိ နှစ်ဖက်လုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပို ပထမပိုင်းမှာ ပေါ်တူဂီတို့ ပင်နယ်တီရခဲ့တာကို ရော်နယ်ဒို ကန်သွင်းခဲ့ပေမယ့် ဆလိုဗေးနီးယားဂိုးသမား အိုဘလက် ပုတ်ထုတ်ကာကွယ်သွားခဲ့လို့ အခွင့်အရေး နစ်နာခဲ့ရပါတယ်။ ဆလိုဗေးနီးယားတို့ဟာလည်း ပေါ်တူဂီ နောက်ခံလူ ပီပီရဲ့ အမှားကတဆင့် ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ကာ အပိုင်းကန်သွင်းခွင့်ရခဲ့သေးပေမယ့် ဂိုးသမား ကော်စတာ ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ မိနစ် ၁၂၀ ပြည့်တဲ့အထိ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ယင်းမှာ ဆလိုဗေးနီးယားတို့ဘက်က ကန်တဲ့ ပင်နယ်တီ သုံးလုံးကို ပေါ်တူဂီဂိုးသမား ဒီယေဂို ကော်စတာ အံ့အားသင့်ဖွယ် လက်စွမ်းနဲ့ ကာကွယ်ပြသွားခဲ့ပါတယ်။ ပေါ်တူဂီဖက်က ရော်နယ်ဒို၊ ဘရူနို ဖာနန်ဒက်နဲ့ ဗာနာဒိုဆေးဗားတို့ ဂိုးဝင်အောင် ကန်နိုင်ခဲ့တာကြောင့် အဆုံးမှာ ပေါ်တူဂီတို့ ၃-၀ နဲ့နိုင်ပြီး ကွာတားတက်ခဲ့ပါတယ်။

ပင်နယ်တီ သုံးလုံးဆက် ကာကွယ်ခဲ့တဲ့ ဂိုးသမား ကော်စတာဟာ ယူရိုပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံး ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ပွဲနိုင်ခဲ့ကြတဲ့ ပြင်သစ်နဲ့ ပေါ်တူဂီတို့နှစ်သင်းဟာ ကွာတားမှာ ထိပ်တိုက်ဆုံတွေ့ရမှာလည်းဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071