Friday, August 14, 2026

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး...

ရန်ကုန်၊ ဩဂုတ် - ၁၄ ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော်အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်...

ရန်ကုန်စီးတီးအသင်း ထိုင်းလိဂ်-၃ ကလပ် VRN...

ရန်ကုန်၊ ဩဂုတ် - ၁၄ မြန်မာလိဂ် ဘောလုံးရာသီသစ်အတွက် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းလိဂ်-၃ ကလပ် VRN Muangnont...

ဝန်ကြီးချုပ် အနုတင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အမှတ်...

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် နာခွန်ရာချာစီမာရှိ လေတပ်စခန်း အမှတ် (၁) သို့ ရောက်ရှိလာခဲ့ပြီး၊ အရေးကြီးပုဂ္ဂိုလ် (VIP)...

ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊...

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသော ဗေဒါများကို သြဂုတ် ၁၃ ရက်က ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်ဘက်မှ...
HomeNewsLocal Newsဘဏ်များ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး၊...

ဘဏ်များ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်မည်

နေပြည်တော်၊ ဩဂုတ် ၁၄

ဘဏ်များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များသို့ ၎င်းတို့၏ ငွေကြေးရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ ကျင်းပသည့် ဘဏ်များ၏ ငွေကြေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်နိုင်ရေးဆိုင်ရာ အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များတွင် ပြည်သူများစုဆောင်းအပ်နှံထားသည့် ငွေကြေးများကို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုကဏ္ဍများသို့ ထိရောက်စွာ စီးဆင်းရောက်ရှိစေရေးသည် ဘဏ်လုပ်ငန်းကဏ္ဍ၏ အရေးကြီးသည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ဘဏ်များသည် ငွေကြေးကြားခံအဖွဲ့အစည်း (Financial Intermediary) အဖြစ်သာမက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတို့အတွက် အရေးပါသည့် မောင်းနှင်အားတစ်ရပ်အဖြစ် ပါဝင်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ပြည်သူများ၏ အပ်နှံငွေများကို စီးပွားရေးလုပ်ငန်းများသို့ ချေးငွေအဖြစ် ပြန်လည်ထုတ်ချေးရာတွင် ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သည့် ချေးငွေ (Quality Loan) များ ဖြစ်ပေါ်စေရေး အရေးကြီးသဖြင့် ချေးငွေအရည်အသွေးနှင့် ပြန်လည်ပေးဆပ်နိုင်စွမ်းတို့ကို အလေးထားစောင့်ကြည့်ရန် လိုအပ်ကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ၎င်းတို့၏ ငွေကြေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME ကဏ္ဍများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး FIFA၊ AFC တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေ

ရန်ကုန်၊ ဩဂုတ် - ၁၄ ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော်အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း လိဂ်အကြိုအစည်းအဝေးမှ သိရသည်။ ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များကို ဩဂုတ် ၂၈ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၁၄...

ရန်ကုန်စီးတီးအသင်း ထိုင်းလိဂ်-၃ ကလပ် VRN Muangnont နှင့် ခြေစမ်းပွဲယှဉ်ပြိုင်

ရန်ကုန်၊ ဩဂုတ် - ၁၄ မြန်မာလိဂ် ဘောလုံးရာသီသစ်အတွက် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းလိဂ်-၃ ကလပ် VRN Muangnont အသင်းနှင့် သတ္တမမြောက် ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ အဆိုပါ ခြေစမ်းပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းနှစ်သင်းအကြား သဘောတူညီချက်အရ မိနစ် ၃၀ စီဖြင့် လေးပိုင်းခွဲကာ စုစုပေါင်း မိနစ် ၁၂၀ ကြာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယင်းသို့ ယှဉ်ပြိုင်ရာတွင် ရန်ကုန်စီးတီးအသင်းက နှစ်ပိုင်းအနိုင်ရရှိခဲ့ပြီး တစ်ပိုင်းသရေကျခဲ့ကာ VRN Muangnont...

ဝန်ကြီးချုပ် အနုတင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အမှတ် (၁) လေတပ်စခန်းသို့ ပျံသန်းသွားရောက်ခဲ့ပြီး F-16 တိုက်လေယာဉ် ၃ စင်းက ခြံရံလိုက်ပါခဲ့

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် နာခွန်ရာချာစီမာရှိ လေတပ်စခန်း အမှတ် (၁) သို့ ရောက်ရှိလာခဲ့ပြီး၊ အရေးကြီးပုဂ္ဂိုလ် (VIP) လုံခြုံရေး အကာအကွယ်ပေးသည့် လေ့ကျင့်ခန်းပုံစံဖြင့် F-16 တိုက်လေယာဉ် သုံးစင်းက ခြံရံလိုက်ပါ ပို့ဆောင်ပေးခဲ့သည်။ ​အမျိုးသားလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဝန်ကြီးချုပ် အနုတင်သည် တော်ဝင်ထိုင်းလေတပ်၏ အမှတ် (၁) လေတပ်စခန်းသို့ သွားရောက်ကာ စစ်ဆင်ရေးအသင့်ဖြစ်နေမှုကို စစ်ဆေးရန်နှင့် လေကြောင်းတိုက်ခိုက်ရေး စွမ်းရည်ပြသမှုများကို ကြည့်ရှုရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ​ဝန်ကြီးချုပ်၏ လေယာဉ်သည် အဆိုပါလေတပ်စခန်း၏ လေပိုင်နက်အတွင်းသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071