Wednesday, June 24, 2026

စက်မှုဇုန်များကြားက တရုတ်နိုင်ငံ၏ ခေတ်မီကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ

တရုတ်နိုင်ငံ ရှန်ဟိုင်းမှ ဟန်ကျိုးမြို့သို့ သွားရာ အဝေးပြေးလမ်းမကြီးဘေးရှိ ဧရာမစက်မှုဇုန်ကြီးများကြားတွင် ထောင်မတ်နေသည့် ကွန်ကရစ်မျှော်စင်ကြီးများမှ ဖြူဖွေးသော အခိုးအငွေ့များ ထွက်နေသည်ကို ခရီးသွားအများစု သတိပြုမိကြပါလိမ့်မည်။ လူအများစုက...

မန္တလေးတိုင်းရှိ မြို့နယ်(၄)ခုတွင် ဇွန် ၂၅...

မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဇွန် ၂၅ ရက်၌ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တေ-ာက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက...

AI နည်းပညာသုံး အလိုအလျောက်ကွန်တိန်နာဆိပ်ကမ်းဖြင့် တရုတ်-အာဆီယံ...

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဘေ့ပူပင်လယ်ကွေ့ဆိပ်ကမ်း (Beibu Gulf Port) ၏ ချင်ကျိုး အလိုအလျောက်ကွန်တိန်နာဆိပ်ကမ်း (Qinzhou Automated Container Terminal)...

မြန်မာသမ္မတ၏ အိန္ဒိယခရီးစဉ်အပြီးစစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးအခြေအနေ သိသိသာသာ...

အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်မှလည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရအပေါ် တရားဝင်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်စုံတစ်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပုံရသည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။ လက်ရှိမြေပြင်အခြေအနေတွင်...
HomeNewsLocal Newsဘင်္ဂလားဒေ့ရှ်တစ်ဝန်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေ

ဘင်္ဂလားဒေ့ရှ်တစ်ဝန်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှင့် သေဆုံးမှု သိသိသာသာမြင့်တက်လာပြီး အခြေအနေသည် အလျှင်အမြန်ပင်ဆိုးဝါးလာကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့ကာ ခြင်နှိမ်နင်းရေးအစီအမံများကို အရေးတကြီး ညှိနှိုင်းဆောင်ရွက်ခြင်းမလုပ်ပါက ရောဂါပျံ့နှံ့သွားနိုင်ကြောင်း သတိပေးခဲ့သည်။

၂၀၂၅ ခုနှစ်အောက်တိုဘာလ ၆ ရက် နေ့အထိ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၀,၆၈၉ ဦးနှင့် သေဆုံးသူ ၂၁၅ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန် ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ခြင်မှ ကူးစက်သော ရောဂါဖြစ်ပွားမှုသည် စက်တင်ဘာလတွင် ပြင်းထန်‌ေသာ အခြေအနေသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ရာသီဥတု ပြောင်းလဲမှု၊ မိုးရွာသွန်းမှုအပြင် ရုံးပိတ်ရက်ရှည်နှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေသည့် ဒေသန္တရအစိုးရ၏ လုပ်ဆောင်ချက်အားနည်းမှုတို့ကြောင့် အောက်တိုဘာလတွင် စိုးရိမ်အဆင့်သို့ ပြောင်းလဲသွားနိုင်ကြောင်း Jahangirnagar တက္ကသိုလ်မှ အင်းဆက်ဗေဒ ပါမောက္ခ ကာဘီရူလ် ဘာရှားက ပြောဆိုသည်။

“အခု မလုပ်ဘူးဆိုရင် အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်ပါတယ်” ဟု ပါမောက္ခ ဘာရှားက ပြောဆိုခဲ့သည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ခြင်ပေါက်ဖွားမှုရာသီ သည်သက်တမ်းရှည်ခဲ့ပြီး သန့်ရှင်းရေးနှင့် ခြင်ဆေးဖျန်းမှု နှောင့်နှေးခြင်းသည် ပြဿနာကို ပိုဆိုးစေခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စက်မှုဇုန်များကြားက တရုတ်နိုင်ငံ၏ ခေတ်မီကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ

တရုတ်နိုင်ငံ ရှန်ဟိုင်းမှ ဟန်ကျိုးမြို့သို့ သွားရာ အဝေးပြေးလမ်းမကြီးဘေးရှိ ဧရာမစက်မှုဇုန်ကြီးများကြားတွင် ထောင်မတ်နေသည့် ကွန်ကရစ်မျှော်စင်ကြီးများမှ ဖြူဖွေးသော အခိုးအငွေ့များ ထွက်နေသည်ကို ခရီးသွားအများစု သတိပြုမိကြပါလိမ့်မည်။ လူအများစုက ၎င်းကို ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် မီးခိုးမည်းများဟု ထင်မှတ်တတ်ကြသော်လည်း တကယ်တော့ ယင်းမှာ အပူရှိန်ကို လျှော့ချပေးသည့် ရေအအေးခံစနစ် မျှော်စင်ကြီးများမှ ထွက်လာသော "သဘာဝရေနွေးငွေ့" များသာ ဖြစ်သည်။ အဆိုပါ စက်ရုံအများစုမှာ စက်မှုဇုန်များ၏ အလယ်တွင် မဟာဗျူဟာမြောက် တည်ဆောက်ထားပြီး တရုတ်နိုင်ငံ၏ ဧရာမစီးပွားရေး အရှိန်အဟုန်ကို မောင်းနှင်ပေးနေသည့် ခေတ်မီ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ...

မန္တလေးတိုင်းရှိ မြို့နယ်(၄)ခုတွင် ဇွန် ၂၅ ရက်၌ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တေ-ာက်မည်

မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဇွန် ၂၅ ရက်၌ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တေ-ာက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဇွန် ၂၅ ရက် မွန်းတည့် ၁၂ နာရီမှ နေ့လယ် ၃ နာရီအထိ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း Switchbay များကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံနှင့် မြောက်ပြင်ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများတစ်လျှောက်ရှိ...

AI နည်းပညာသုံး အလိုအလျောက်ကွန်တိန်နာဆိပ်ကမ်းဖြင့် တရုတ်-အာဆီယံ ကုန်သွယ်ရေးချိတ်ဆက်မှု မြှင့်တင်နေသည့် ဘေ့ပူပင်လယ်ကွေ့ဆိပ်ကမ်း

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဘေ့ပူပင်လယ်ကွေ့ဆိပ်ကမ်း (Beibu Gulf Port) ၏ ချင်ကျိုး အလိုအလျောက်ကွန်တိန်နာဆိပ်ကမ်း (Qinzhou Automated Container Terminal) သည် တရုတ်-အာဆီယံ ကုန်သွယ်ရေးချိတ်ဆက်မှုကို မြှင့်တင်ပေးမည့် ကမ္ဘာ့အဆင့်မီ စမတ်ဆိပ်ကမ်းစီမံကိန်းတစ်ခုအဖြစ် ဖွံ့ဖြိုးလာလျက်ရှိကြောင်း သိရသည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၇.၁ ဘီလီယံခန့်ဖြင့် တည်ဆောက်ထားသည့် အဆိုပါဆိပ်ကမ်းကို Guangxi Beibu Gulf International Port Group Co., Ltd. က အကောင်အထည်ဖော်ထားခြင်းဖြစ်ပြီး အနောက်ပိုင်း ကုန်း-ရေကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071