Saturday, May 9, 2026

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင်...

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန်...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ...

ကင်မ်က ပူတင်ထံ စစ်အောင်ပွဲနေ့ သဝဏ်လွှာပို့

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် ရုရှားနှင့် အပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုရန် ၎င်းနိုင်ငံ၏ ကတိကဝတ်ကို စနေနေ့တွင် ထပ်လောင်းအတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့အပေါ် အောင်နိုင်ခဲ့မှု နှစ်ပတ်လည်နေ့အဖြစ်...

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျော င်းကို...

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ကာ မပြုပြင်နိုင်သေးသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်နိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။ ယင်းကျောင်းခွဲရှိရာကို စစ်ကိုင်းမြို့...
HomeNewsLocal Newsဗ.က.သများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင်...

ဗ.က.သများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရ

(Unicode)

ဗ.က.သများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရ

ပြည်တက္ကသိုလ်၊ဘူမိဗေဒ(တတိယနှစ်)ကျောင်း သားကိုထက်အောင်အား ပေါင်းတည်အကျဥ်းထောင်တွင်းတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂ ဖြင့် ယနေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့သည်ဟု ပြည်တက္က သိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

ကိုထက်အောင်သည် ပြည်တက္ကသိုလ် ကျောင်း သားများသမဂ္ဂ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ကာ ဗ.က.သများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၆ ရက်တွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ကိုထက်အောင်အား ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂ ဖြင့်တရားစွဲဆိုကာ ၄ လခန့်အကြာ၌ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုထက်အောင်သည် ၂၀၂၀ ခုနှစ်အတွင်းကပြည် တွင်းစစ်ဆန့်ကျင်ရေးနှင့်ရ ခိုင်အရေးလှုပ်ရှားမှု‌များကြောင့် ထောင်ဒဏ် ၁ နှစ်ကျခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်။

(Zawgyi)






Ads Space Available


Continue reading

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင် တိုက်တွန်း

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က တောင်းဆိုခဲ့သည်။  အရှေ့အလယ်ပိုင်း ပဋိပက္ခကဲ့သို့သော အကျပ်အတည်းများသည် ပိုမိုကျယ်ပြန့်ပြီး ခန့်မှန်းရခက်သော နိုင်ငံတကာအစီအစဉ်ကို ထင်ဟပ်နေကာ ကမ္ဘာ့အခြေအနေများသည် အလျင်အမြန်ပြောင်းလဲနေကြောင်း မစ္စတာ အနူတင်က အလေးပေးပြောကြား ခဲ့သည်ဟု သောကြာနေ့က ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းတွင် ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ကူးစက်ရောဂါစစ်ဆေးရေးဂိတ်များတွင် စောင့်ကြည့်ရေးအစီအမံများကို ပိုမိုတင်းကျပ်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ကူးစက်မှုတစ်စုံတရာ မတွေ့ရှိရသေးကြောင်းကို အလေးပေးပြောကြားသော်လည်း ခရီးသွားများကို စေ့စေ့စပ်စပ် စစ်ဆေးရန်နှင့် ဆိုက်ရောက်လာသော ယာဉ်များနှင့် သင်္ဘောများကို စောင့်ကြည့်ရန် နိုင်ငံတစ်ဝန်းရှိ စစ်ဆေးရေးဂိတ်အရာရှိများကို ရောဂါထိန်းချုပ်ရေးဌာနက ညွှန်ကြားထားကြောင်း ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကနာဆာဝပ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ‌ေ-သဆုံးခဲ့သူ သုံးဦးအပါအဝင် သောကြာနေ့အထိ...

ကင်မ်က ပူတင်ထံ စစ်အောင်ပွဲနေ့ သဝဏ်လွှာပို့

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် ရုရှားနှင့် အပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုရန် ၎င်းနိုင်ငံ၏ ကတိကဝတ်ကို စနေနေ့တွင် ထပ်လောင်းအတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့အပေါ် အောင်နိုင်ခဲ့မှု နှစ်ပတ်လည်နေ့အဖြစ် သမ္မတ ဗလာဒီမာပူတင်ထံ ကင်မ် က တရားဝင်သဝဏ်လွှာပို့ခဲ့ရာတွင် မော်စကိုနှင့် မိတ်ဖက်ဆက်ဆံရေးကို ထိပ်တန်းဦးစားပေးရန် မြောက်ကိုရီးယား၏ မဟာဗျူဟာရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို ရည်ညွှန်း၍ နိုင်ငံအချင်းချင်းစာချုပ်၏ တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် မြောက်ကိုရီးယား၏ ကတိကဝတ်ကို သဝဏ်လွှာတွင် အလေးပေးဖော်ပြထားသည်။  ပူတင်၏ ပြုံယမ်း ခရီးစဉ်အတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071