Friday, August 7, 2026

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...
HomeInternationalဗြိတိန်အဂတိဝန်ကြီး ဟာဆီနာအမှု၌အဂတိရှိသည်ဆို၍နုတ်ထွက်

ဗြိတိန်အဂတိဝန်ကြီး ဟာဆီနာအမှု၌အဂတိရှိသည်ဆို၍နုတ်ထွက်

ရာထူးမှဖြု-တ်ချခံခဲ့ရသည့် အဒေါ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဘဏ္ဍာ‌ငွေ‌ကြေးဆိုင်ရာ ဆက်ဆံမှုရှိခဲ့သည့်အပေါ် မေးခွန်းထုတ်ခံခဲ့ရအပြီး ရက်သတ္တပတ်များအကြာတွင် ဗြိတိန် ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အဂတိတိုက်ဖျက်ရေးဝန်ကြီးသည် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း သိရသည်။

သူ့အနေဖြင့် မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း အသက် ၄၂ နှစ်အရွယ် ဝန်ကြီး တူလစ် ဆစ်ဒစ်က အကြိမ်ကြိမ်ငြင်းဆိုခဲ့သကဲ့သို့ ဝန်ကြီးချုပ် ကီယာ စတာမာကလည်း သူ့ဝန်ကြီးအပေါ် အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ပြောဆိုထားသည်။

အင်္ဂါနေ့က ဝန်ကြီး၏ နုတ်ထွက်မှုသည် နှစ်လအတွင်း ဒုတိမြောက် အစိုးရဝန်ကြီးတစ်ဦးနုတ်ထွက်မှုဖြစ်ခဲ့ပြီး ဇူလိုင်လက အထွေထွေရွေးကောက်ပွဲတွင် သူ၏ လေဘာပါတီ အနိုင်ရခဲ့ပြီးနောက်ပိုင်း လူထုထောက်ခံမှုနှုန်း ကျဆင်းလာမှုကို ရင်ဆိုင်နေရသည့် စတာမာအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။

သူ့အနေဖြင့် အမှားအယွင်းမလုပ်ခဲ့ကြောင်း သို့သော်လည်း ဘဏ္ဍာရေးဌာနတွင် အလုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်နေပါက အစိုးရ၏ လုပ်ငန်းကို အာရုံမစိုက်နိုင်ဖြစ်လာနိုင်သည်ဟု ဝန်ကြီးချုပ်ထံ တင်ခဲ့သော နုတ်ထွက်စာတွင် ဆစ်ဒစ်က ပြောဆိုခဲ့သည်။

သူ၏ နုတ်ထွက်မှုကို စိတ်မကောင်းစွာဖြင့် လက်ခံလိုက်ကြောင်း စတာမာက ပြောဆိုခဲ့သည်။
သူလုပ်ဆောင်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်းနှင့် သူအနေဖြင့် ငွေကြေးမလျော်မကန်လုပ်သည့် အထောက်အထားမျိုးမရှိကြောင်းကို လက်ခံကြောင်း စတာမာက ဆက်လက်ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၀၉ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သော ဟာစီနာသည် အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှု သံသယများဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။ ဟာစီနာနှင့် သူ၏ ပါတီကမူ အမှားအယွင်းမလုပ်ခဲ့ကြောင်း ငြင်းဆိုထားခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်၏ အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းများမှ ရန်ပုံငွေများထုတ်ယူရာတွင် သူ၏ မိသားစုပါဝင် ပတ်သက်ခဲ့မှု ရှိ မရှိနှင့် ပတ်သက်၍ ဆစ်ဒစ်ကို စစ်ဆေးရန် ဒီဇင်ဘာလတွင် အမည်စာရင်းထည့်သွင်းခံခဲ့ရသည်။

ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ရာတွင် ဒေါ်လာဘီလျံနှင့်ချီ၍ ငွေကြေးပိုင်းဆိုင်ရာ အမှားအယွင်းများရှိခဲ့ကြောင်းနှင့် ဟာစီနာနှင့် ဆစ်ဒစ်တို့သည် အကျိုးအမြတ်ရခဲ့နိုင်ကြောင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲထားသည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် သီရိလင်္ကာရူပီး ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၁၀၀ သန်းခန့်) လျာထားသတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယခု အစီအစဉ်သည် စွန့်ပစ်ပစ္စည်းများကို စုဆောင်းခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းတို့အတွက် ရေရှည် နိုင်ငံအဆင့် စနစ်တစ်ခု ထူထောင်ရန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071