နေတိုး၏ အရှေ့ဖက်ခြမ်းကိုကာကွယ်ရန် စစ်ဆင်ရေး၏တစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိသျှတို-က်လေယာဉ်များသည် ပိုလန်နိုင်ငံဝေဟင်တွင် ၎င်းတို့၏ ပထမဆုံးမစ်ရှင်ကို ပျံသန်းဆောင်ရွက်ခဲ့ကြသည်။
မကြာသေးခင် သီတင်းပတ်များအတွင်း ရုရှားဒရုန်းများနှင့် စစ်လေယာဉ်များက နေတိုးလေကြောင်းပိုင်နက်ကို အကြိမ်ကြိမ်ချိုးဖေ-ာက်ဝင်ရောက်မှုများဖြစ်လာခဲ့ပြီးနောက် ယခုမစ်ရှင်ကို ဆောင်ရွက်လာခြင်းဖြစ်သည်။
အရှေ့ခြမ်းကင်းလှည့်ရေးမစ်ရှင်ဖြင့်နေတိုးလေပိုင်နက်ကို ကာကွယ်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းစွာအချက်ပြလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေးက ပြောကြားခဲ့သည်။
တော်ဝင်လေတပ် တိုင်ဖွန်းနှစ်စင်းသည် ပိုလန်ကောင်းကင်ယံကို ကာကွယ်ရန်နှင့် ဒရုန်းများအပါအဝင် ရုရှား၏ ဝေဟင်ခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် သောကြာနေ့ညပိုင်းက အင်္ဂလန်ရှိ ဗြိတိသျှစစ်စခန်းတစ်ခုမှ ပျံတက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ကင်းလှည့်တာဝန်ကို ထမ်းဆောင်ခဲ့သော တို-က်လေယာဉ်များသည် စနေနေ့နံနက်ပိုင်းတွင် ဗြိတိန်သို့ ချောမောစွာပြန်လည်ရောက်ရှိခဲ့ကြောင်းအဆိုပါ ကြေညာချက်က ပြောကြားထားသည်။
ယခုမစ်ရှင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအပေါ် သူ၏ တရားမဝင်သော အလုံးစုံစစ်ပွဲ ကို စတင်လိုက်ပြီးနောက်ပိုင်း နေတိုးလေကြောင်းပိုင်နက်ကို အပြောင်တင်းဆုံး ချိုးဖေ-ာက်မှုကို တုန့်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိသျှအစိုးရက ပြောကြားခဲ့သည်။
ရုရှား၏ ပိုင်နက်ချိုးဖေ-ာက်မှုများက အပြင်းအထန်တုန့်ပြန်ရန် တောင်းဆိုမှုများကို ထွက်ပေါ်စေခဲ့သည်။ ချက်သမ္မတ ပက်ရ်ပါဗဲလ်ကဆိုလျှင် ဥရောပလေပိုင်နက်အတွင်းဝင်ရောက်လာသော ရုရှားစစ်လေယာဉ်များကို ပ-စ်ချသင့်ကြောင်းကိုပင် ပြောကြားခဲ့သည်။
Ref: အေဘီစီနူးစ်
