Sunday, May 18, 2025

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ်...
HomeCelebrities' Newsဗုဒ္ဓဟူးသားကတော်မယ်၊ တတ်မယ်၊ မိဘကိုစောင့်ရှောက်မယ်...

ဗုဒ္ဓဟူးသားကတော်မယ်၊ တတ်မယ်၊ မိဘကိုစောင့်ရှောက်မယ် ထင်လို့ ဗုဒ္ဓဟူးနေ့မှာ သားဦးလေးကို မွေးဖွားဖြစ်တာပါ မိုးယုစံ

moe

သရုပ်ဆောင်မိုးယုစံက သားဦးလေးရဲ့အချင်းနဲ့သွေးကို စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cordlife ကုမ္ပဏီမှာ သိမ်းဆည်းထား မှာဖြစ်ကြောင်း သိရပါတယ်။ ကလေးအချင်းသိမ်းဆည်းထားဖြစ်ပုံနဲ့ ပတ် သက်ပြီး မိုးယုစံက”မိုးယုကလေးမွေးရင် ပင်မဆဲလ်ကို သိမ်းဆည်းဖြစ်မှာပါ။ အမှန်အတိုင်းပြောရရင် မိုးယုတော့ မသိဘူး။ ဒါပေမဲ့ အမျိုးသားက သူ လေ့လာထားတယ်။ သူသိတယ်။ ကိုယ်ဝန်ရှိတဲ့အခါမှာလည်း ကုမ္ပဏီက လာရှင်းပြတဲ့အခါမှာ ပိုသိသွားတယ်။ ပိုနားလည်သွားတဲ့အခါမှာ အမျိုးသား ကလည်း သိမ်းဆိုတာနဲ့ သိမ်းဆည်းဖြစ်သွားတာပါ။ အမှန်အတိုင်းပြောရလို့ ရှိရင် Brand Ambassador  ထက်စာရင် ကုမ္ပဏီကသူတွေနဲ့ မိတ်ဆွေလို၊ မိသားစုလို လုပ်ဖြစ်သွားတာပါ”လို့ ပြောပါတယ်။

မိုးယုစံတို့ ဇနီးမောင်နှံက သြဂုတ်လ ၂၃ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ မွေးဖွား ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ မွေးရက်နေ့ ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားမယ့်အကြောင်းကို မိုးယုစံက “မိုးယုအမျိုးသားက နေ့နံနဲ့ ဒိတ်နဲ့ အချိန်တောင် ရွေးထားပါတယ်။ မိုးယုတို့လင်မယားရဲ့ ကံနဲ့ သူ့ကိုထပ် ပြီးကြည့်တာ ဗုဒ္ဓဟူးသားလေးပေါ့။ ဗုဒ္ဓဟူးသားက တော်မယ်၊ တတ်မယ်၊ မိဘကိုစောင့်ရှောက်မယ်လို့ ထင်လို့ပါ။ မိုးယုအမျိုးသားက ဗုဒ္ဓဟူးဆိုတော့ပိုပြီးအမှတ်တရဖြစ်သွားပါတယ်”လို့ ပြောပါတယ်။

အခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးမှုတွေ လက်ခံရိုက်ကူးဖြစ် နေတဲ့ မိုးယုစံက… “အခုလောလောဆယ်မှာတော့ ကြော်ငြာတွေပဲ ရိုက်ကူး ဖြစ်နေတာပါ။ ဇာတ်ကားရိုက်ဖို့ကျတော့ အခု ကိုယ်ဝန်လည်းရှိနေတော့ သိပ်အဆင်မပြေဘူး။ ကိုယ်လည်း ပြောင်းလဲလာတာဆိုတော့ အဲဒီလို လည်းမရိုက်ချင်ဘူး။ ဓာတ်ပုံလောက်ပဲ ရိုက်ဖြစ်တယ်။ အဓိက ကတော့ အမှတ်တရအနေနဲ့ ရိုက်ဖြစ်တာပါ။ ကလေးမွေးပြီးရင်တော့ ကြော်ငြာရိုက်ပါတော့ လို့ကမ်းလှမ်းထားတာရှိပါတယ်။ ပြီးရင် နောက် ပိုင်း အနုပညာအလုပ် လုပ်ဖြစ်ဖို့ မသေချာသေးပါဘူး”လို့ ပြော ပါတယ်။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071