Home Dhamma ဗုဒ္ဓဂယာဘုရားဖူးပို့ပြီး ဓမ္မဖြင့် မိဘနှစ်ပါးကို ကျေးဇူးဆပ်တဲ့ ဝင်းသပြေထွန်း

ဗုဒ္ဓဂယာဘုရားဖူးပို့ပြီး ဓမ္မဖြင့် မိဘနှစ်ပါးကို ကျေးဇူးဆပ်တဲ့ ဝင်းသပြေထွန်း

0
684

2-copy

ဝင်းသပြေထွန်းက ဗုဒ္ဓဂယာကို နိုဝင်ဘာလ ၂၆ ရက်နေ့က စတင် ထွက်ခွာသွား ခဲ့ပြီး ဒီဇင်ဘာလ ၃ ရက် နေ့မှာတော့ ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။ ဒီခရီးစဉ်က သူ့ရဲ့ မိဘ နှစ်ပါးကို အနုပညာငွေကြေးတွေ စုပြီး ဘုရားဖူးလိုက်ပို့ပေးတဲ့ခရီးစဉ် ပဲဖြစ်ပါတယ်။

3-copy

ဗုဒ္ဓဂယာမှာတော့ နေရာစုံသလောက်ရောက်ရှိခဲ့ပြီး ကုသိုလ်ကောင်းမှုတွေကိုလည်း နေ့စဉ်တိုင်းမှာ ပြုလုပ်ခဲ့နိုင်ကြောင်း လည်း သူ ကပြောပါတယ်။ ဝင်း သပြေထွန်းအတွက်တော့ ဒီခရီးစဉ် က ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။ အရင်နှစ်ကလည်း ယခင် သဘင် အစည်း အရုံး (ဗဟို) မှ လူကြီးတွေ နဲ့အတူ အိန္ဒိယနိုင်ငံကို ဖျော်ဖြေရေး ခရီး သွားရောက်ခဲ့စဉ်က ဗုဒ္ဓဂယာ ရောက်ရှိခဲ့ပြီး အဲဒီအချိန် ကတည်းက မိဘနှစ်ပါးကို ဗုဒ္ဓဂယာ ကို ဘုရား ဖူးလိုက်ပို့ပေးချင်တဲ့စိတ် တွေ ပြင်းပြ ခဲ့တာလည်းဖြစ်ပါတယ်။

1-copy

“ပထမအကြိမ်ရောက်ခဲ့တုန်း ကဆိုရင် ပီတိဖြစ်လွန်းလို့ ဗောဓိ ညောင်ပင်ရှေ့မှာ ဘုရားရှိခိုးတော့ မျက်ရည်တွေတောင်ကျမိတယ်။ ကိုယ်တောင် ဒီလိုပီတိဖြစ်မိတယ်ဆို တော့ ကိုယ့်အဖေနဲ့ အမေကိုလည်း ရောက်ဖူးစေချင်တာပေါ့လေ။ အဲဒီ မှာလည်းမိဘနှစ်ပါးကို ဘုရားဖူး ပို့နိုင်ဖို့ ဆုတောင်းခဲ့တယ်။ အခု ဘုရားဖူးပို့နိုင်ပြီဆိုတော့ ပျော်တာ ပေါ့လေ။ ဆုတောင်းလည်းပြည့်ခဲ့ တယ်ပေါ့။ ဆရာတော်ကြီးတွေက လည်း မိန့်ပါတယ်။ ဒါဟာမိဘကို ဓမ္မနဲ့ ကျေးဇူးဆပ်တာပေါ့ဆိုပြီး မိန့်တယ်” လို့ ဝင်းသပြေထွန်း က ပြောပါတယ်။ ဝင်းသပြေထွန်းက ဗုဒ္ဓဂယာမှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းတွေ မှာလည်း ထမင်း၊ ဟင်းတွေကို ကိုယ်တိုင်ပါဝင် ချက်ပြုတ်ပေးခဲ့ကာ  လုပ်အားနဲ့ရော၊ ငွေအားပါ ကုသိုလ် ပြုလှူဒါန်းခဲ့ကြောင်းလည်း ပြောပြ ပါတယ်။ ခရီးစဉ်တစ်လျှောက် မိဘနှစ်ပါးရဲ့ ကျန်းမာရေးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက် ခဲ့ပြီး အဖေရော၊ အမေရောက ပျော်ရွှင်နေကြတဲ့အတွက် သူ့မှာ ပီတိ ဖြစ် ရတယ်လို့လည်း ဆိုပါတယ်။ သူ့အနေနဲ့ ဗုဒ္ဓဂယာမှာ နေ့စဉ် တရားထိုင်ဖြစ်ခဲ့သလို ဘုရားစာတွေ လည်းရွတ်၊ ပဋ္ဌာန်းတွေရွတ်ရင်း ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ရင်း စိတ်အေးချမ်းမှုတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

လင်းအက္ခရာ

4-copy

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here