Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsဗီဒီယိုလောက ပျက်စီးသွားမှာကို စိုးရိမ်နေတဲ့...

ဗီဒီယိုလောက ပျက်စီးသွားမှာကို စိုးရိမ်နေတဲ့ ပိုးအိအိခန့်

သရုပ်ဆောင် ပိုးအိအိခန့်က ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ကားများကို မျှတအောင်ရိုက်ကူးနေရတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုရိုက်ကူးနေ ရတဲ့ သူတစ်ယောက်အနေနဲ့ အခုလက်ရှိမှာ ဗီဒီယိုဈေးကွက်တွေပျက်နေတဲ့အ ပေါ်စိတ်မကောင်းဖြစ်ရပြီး တစ်ဖြည်းဖြည်း ဗီဒီယိုလောကကြီးပျက်စီးသွားမှာ ကို လည်း စိုးရိမ်မိတယ်လို့သူကဆိုပါတယ်။

“စိတ်တော့မကောင်းဘူးပေါ့နော်။ဘာလို့စိတ်မကောင်းလည်း ဆိုတော့ ပိုးအိတို့ မင်းသမီးလုပ်တဲ့ အချိန်မှာ ဗီဒီယိုဈေးကွက်ပျက် နေတယ်ဆိုတော့။ အဓိကကကိုယ်အနုပညာကြေးရတာနည်းတာများတာအပေါ်မှာ စိတ် မကောင်းဖြစ်တာမဟုတ်ဘူး။ ကိုယ်ကဒီအလုပ်ကို တအားချစ်တယ်။ချစ်တဲ့အခါကျတော့ ဒီလောကကြီးက တဖြည်းဖြည်းနဲ့ အဲဒီလိုကြီးပျက်သွားမှာ လား စိုးရိမ်မိတယ်။ပြီးတော့  အခုဗီဒီယိုလောကက ပျက်နေတဲ့အခါကျတော့ ရုပ်ရှင်ဘက်ကို အားစိုက်နေကြတယ်။ ရုပ်ရှင်ဘက်ကျတော့ ပရိုဂျူဆာတွေ ဘက်ကလည်း နားလည်ပါတယ်။

လတ်တလောမှာ အလုပ်လုပ်နေရတဲ့ စီနီယာတွေနဲ့ပဲ အလုပ်လုပ်ဖြစ်နေကြတယ်ပေါ့နော်။အဲဒါကတော့  ဒီအနု ပညာမှမဟုတ်ပါဘူး အပြင်အလုပ်မှာဆိုလည်း ကိုယ်ယုံကြည်ရ တဲ့သူ နဲ့ပဲ အလုပ်လုပ်မှာ အသစ်ကိုသုံးဖို့ကျတော့ရင်းနှီးမှုကလည်းများ၊ ခေတ် ကလည်းမကောင်းတော့ပရိုဂျူဆာတွေဘက်လည်း နားလည်ပါတယ်။အဲဒီလိုဆိုတော့ ပိုးအိတို့လိုအသစ်တွေအတွက်ကမကောင်းဘူး ပေါ့ နော်။

အဲဒါကြောင့် ရုပ်ရှင်တွေကို ကိုယ့်တိုက်က ရိုက်ကူးဖို့အတွက် ကို လည်း စဉ်းစားနေပါတယ်” လို့ပိုးအိအိ ခန့်ကပြောပါတယ်။ ကိုယ့်ထုတ်လုပ်ရေးကနေ ဗီဒီယိုဇာတ်ကားတွေကို ထုတ်မရိုက် တော့ပေမယ့် အပြင်ကထုတ်လုပ်ရေး တွေနဲ့တော့ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးနေရကြောင်း ၊  ဒီလိုအခြေအနေမှာ အခုလိုထုတ်လုပ်ရိုက်ကူးတဲ့ ပရိုဂျူဆာ များကို ကျေးဇူးတင်ရ ကြောင်း ပိုးအိအိခန့်ကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071