Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeNewsLocal Newsဗိဿနိုးမြို့ဟောင်း တူးဖော်သုတေသနပြုဆောင်ရွက်ရာမှ ရွှေသတ္တု၊...

ဗိဿနိုးမြို့ဟောင်း တူးဖော်သုတေသနပြုဆောင်ရွက်ရာမှ ရွှေသတ္တု၊ ငွေသတ္တုတို့ဖြင့် ပြုလုပ်ထားသည်ဟု ယူရဆရသော ဒင်္ဂါးပြား (၃) ပြား တူးဖော်တွေ့ရှိ

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းကို တူးဖော်သုတေသနပြုဆောင်ရွက်ရာမှ ရွှေသတ္တု၊ ငွေသတ္တုတို့ဖြင့် ပြုလုပ်ထားသည်ဟု ယူရဆရသော ဒင်္ဂါးပြား (၃) ပြား တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် သုတေသနပြု လေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ မြန်မာနိုင်ငံသမိုင်းစဉ်များ ပိုမိုခိုင်မာစေရန်အတွက် ရှေးဟောင်း နေရာများနှင့် ရှေးမြို့ဟောင်းများတွင် တူးဖော်သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းရှိ နန်းတော်ရာ ဝင်ပေါက် KKG-8 အရှေ့မြောက်ဘက် (၂၉၂) မီတာခန့် အကွာ ကုန်းအမှတ် KKG-3 ၏ တောင်ဘက် (၃၂၅) မီတာခန့်အကွာ မြေပုံညွှန်းအမှတ် (95  22’ 42.7’’ E ၊ 20  0’ 33.828’’ N ) ရှိ Unexcavated Mound 002 နေရာအား တူးဖော်လေ့လာမှုပြုခဲ့ရာ ဒီဇင်ဘာလ ၁၉ ရက်က နေ့လယ် ၂ နာရီခန့်က တူးဖော်မှု ကျင်းကွက်အမှတ် (C-1) မြေပြင်မှအနက် (၂၅) စင်တီမီတာမှ ရွှေသတ္တုဖြင့် ပြုလုပ်ထားသည်ဟု ယူဆရသော ဒင်္ဂါးပြား (၂) ပြားနှင့် ငွေသတ္တုဖြင့် ပြုလုပ်ထားသည်ဟု ယူဆရသော ဒင်္ဂါးပြား (၁) ပြား ကိုတူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

တူးဖော်တွေ့ရှိရသော ဒင်္ဂါးပြား စနစ်တကျမှတ်တမ်းတင်မှုများ ဆောင်ရွက်ပြီး စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ဒင်္ဂါးပြားများမှာ အချင်း (၂.၂) စင်တီမီတာ၊ (၁၄) ပဲရည်၊ အလေးချိန် (၂) ပဲ (ဝ.၅) ရွေးရှိ ရွှေသတ္တုဖြင့်ပြုလုပ်ထားသည်ဟုယူဆရသောဒင်္ဂါးပြား (၁) ပြား၊ အချင်း (၁.၈) စင်တီမီတာ၊ အလေးချိန် (၇.၆) ရွေးရှိ ရွှေသတ္တုဖြင့်ပြုလုပ်ထားသည်ဟုယူဆရသောဒင်္ဂါးပြား (၁) ပြား၊ အချင်း (၃.၂) စင်တီမီတာ၊ အလေးချိန် (၂) ပဲ (၇.၇) ရွေးရှိ ငွေသတ္တုဖြင့်ပြုလုပ်ထားသည်ဟုယူဆရသောဒင်္ဂါးပြား (၁) ပြားတို့ဖြစ်ကြောင်း သိရသည်။

ဗိဿနိုးမြို့ဟောင်းတွင် ယခင်တူးဖော် သုတေသနပြုမှုများမှ ကုန်းအမှတ် KKG-3 တွင် ပျူဒင်္ဂါး (၃) ပြား၊ BTO-7 တွင် ပျုဒင်္ဂါး (၁) ပြား၊ BTO-11 တွင် ပျုဒင်္ဂါး (၂၇) ပြား၊ BTO-35 တွင် ပျုဒင်္ဂါး (၁၇) ပြားနှင့် BTO-41 တွင် ပျုဒင်္ဂါး (၁) ပြားတွေ့ရှိခဲ့ရပြီး ယခုတူးဖော်တွေ့ရှိမှုသည် ဗိဿနိုးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ တူးဖော်မှုသမိုင်းအတွက် အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်လာမည်ဖြစ်ကာ တွေ့ရှိ ပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးအတည်ပြုချက်များကိုလည်း ဆက်လက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို တိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ တွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသ တင်းရယူနိုင်ရေး၊ လွှတ်တော်ရုံးအတွင်း လုံခြုံရေးချ ထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉ ရက်တွင် ဖက်ခွက်များပြုလုပ်ကြီး ဆွမ်းဟင်းလောင်းလှူမည့်အလှူရှင်များထံလိုက်လံပို့ဆောင်ပေးကြကြောင်း သိရသည်။ " ဆွမ်းဟင်းလောင်းလှူဖို့အတွက် ဖက်ခွက်ပေါင်း (၅,၀၀၀)ကျော်လုပ်ရပါတယ်။ ရိုးရာအစဥ်အလာအ တိုင်း အလှူရှင်တွေက ဆွမ်းဟင်းတွေကို ဖက်ခွက်နဲ့လောင်းလှူကြမှာပါ"ဟု မြို့နယ်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။ နယုန်လပြည့်နေ့နံနက်ပိုင်းတွင် အလှူရှင်များက မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော်အပါး (၂၀၀)ကျော်ကို ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ နေတန်ယာဟု ညွှန်ကြားထား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အိန်ပရတ် ခေါင်းဆောင်မှုအကယ်ဒမီ(Ein Prat Leadership Academy) က ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟီဘရူးဘာသာစကားနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ Channel 12 ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ နေတန်ယာဟုက "လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071