ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဗိုလ်တထောင်စေတီတော်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
(၅၄)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကြီးကို စေတီတော်ရင်ပြင်၌ နံနက်(၆)နာရီမှ စတင်၍ ကျင်းပသွားမည်ဖြစ်ပြီး သြဝါဒစရိယ ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပက ဘဏ္ဍာတော်ထိန်းအဖွဲ့များ၊ အလှူရှင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများက ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဘုရားဖူး လာရောက်သူများအတွက် ကဆုန်ညောင်ရေသွန်းလေ-ာင်းနိုင်ရန် “မဟာဗေဓိညောင်ပင်” တွင် အမွှေးနံသာရေများနှင့် ညောင်ရေသွန်းလေ-ာင်း ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဘုရားဝန်ထမ်းများက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။