ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley ကားကို မူလအတိုင်း မောင်းနှင်၊ အသုံးပြုနိုင်စေရန် ထိန်းသိမ်းထားသည်။
ဗိုလ်ချုပ်အောင်ဆန်း အသုံးပြူခဲ့သော ကားမှာ Wolseley 18/85 အမျိုးအစား ကားဖြစ်သည်ဟု သိရပြီး ၁၉၄၂ ခုနှစ်က အင်္ဂလန်နိုင်ငံတွင် ထုတ်လုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
အင်ဂျင်မှာ ၆ လုံးထိုး Straight-6 ဆလင်ဒါ အင်ဂျင်တပ်ဆင်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ သဘာပတိရာထူး လက်ခံပြီးနောက် မူလစီးနင်းနေသော ဂျစ်ကားအမှတ် – ၆၆ အစား Wolseley 18/85 ကားကို ပြောင်းလဲ စီးနင်းခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ထိုကားကို ထိန်းသိမ်းပြုပြင်ခဲ့သည့် HTOO AUTO Service က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားဖော်ပြချက်များအရ သိရသည်။
HTOO AUTO Service က ယင်းကားနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ဘက်က ပြုပြင်ရန်အပ်နှံသောကြောင့် ကားနှင့်ပတ်သက်၍ အသေးစိတ် ပြန်လည်ထိန်းသိမ်း၊ ပြုပြင်ပေးခဲ့ခြင်းဖြစ်ကာ ယင်းကား မှာ အဆင်သင့် မောင်းနှင်နိုင်မည့် အနေအထား ရှိနေကြောင်းလည်း သိရသည်။
