Friday, June 12, 2026

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN...

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား...

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင်...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း...

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ...

ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း...
HomeNewsLocal Newsဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အမှူးပြုတည်ထားသည့် စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၏...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အမှူးပြုတည်ထားသည့် စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်တို့အား နစက ဥက္ကဋ္ဌတင်လှူပူဇော်

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ရဲနွယ်စုရပ်ကွက်၊မေယုလမ်းနှင့်သတ္တုဌာနလမ်းဆုံ၌ ၁၉၉၉ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အမှူးပြု၍ ရွှေထီးတော်တင်လှူခဲ့သည့် လောကာနန္ဒာစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွန်းမံပြီးနောက် မတ် ၃၁ ရက်နံနက်တွင် ရတနာစိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား နစက ဥက္ကဋ္ဌမှတင်လှူပူဇော်ခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊မင်းပြားမြို့၊ပရိယတ္တိ ဓမ္မိကာရာမ စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာသဓမ္မဇော တိကဓဇအဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဣန္ဒာစရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးအပါအဝင် ဧည့်ပရိတ်သတ်များက ကိုးပါးသီလလခံယူဆောက်တည်ပြီး ပရိတ်ပန်း၊ပရိတ်ရေ၊ပ ရိတ်ချည်၊ပရိတ်သဲများကိုဆက်ကပ်ပြီး‌နောက် ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များရွတ်ပွားချီးမြှင့်တော်မူခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ရတနာစိန်ဖူးတော်၊ငှက် မြတ်နားတော်တို့ကို ဆက်ကပ်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ စစ်တွေမြို့၊ဓမ္မသုခကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်တို့ကို စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူ ဇော်ကာ မင်္ဂလာအချိန်တွင် စေတီတော်အထွတ်၌ တင်လှူပူဇော်ခဲ့ကြပြီးနောက် ဆရာတော်၊သံဃာ တော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ စေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသ င်္ကန်းကပ်လှူပူဇော်ရန် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

လောကာနန္ဒာစေတီတော်မြတ်ကြီးအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အမှူးပြု၍ ၁၉၉၅ ခုနှစ်၊ဖေ ဖော်ဝါရီ ၁၈ ရက်မှစ၍တည်ထားကိုးကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၁၉၉၉ ခုနှစ်၊ဖေ ဖော်ဝါရီ ၂၈ ရက်တွင် ရွှေထီးတော်တင်မင်္ဂလာနှင့် မတ် ၂ ရက်တွင် စေတီတော်ကြီးအနေကဇာတင် အခမ်းအနားတို့ကိုကျင်းပခဲ့သည်။

စေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ၁၀၈ တောင်၊ ပေအားဖြင့် ၁၆၂ ပေ၊ အချင်း ၂၃၂ ပေ၊ ရင်ပြင်တော်အကျယ် ၄၅၉ ပေရှိပြီး အရံစေတီတော် ၈ ဆူရှိကာ စေတီတော်၏ မုခ်ပေါက်လေးဘက်ကို ရှေးဟောင်းရခိုင်လက်ရာပုံစံများနှင့် ကျောက်ကိုထွင်းဆစ်ပြုလုပ်ထားပြီး အတွင်းနံရံလေးဘက်တွင် ဗုဒ္ဓမြတ်စွာဘုရား ၏ ဖြစ်တော်စဉ် ၅၅၀ ဇာတ်နိပါတ်တော်များကို မြန်မာမှု ပန်းလတမော့လက်ရာ ရုပ်လုံးရုပ်ကြွများဖြင့်ထွင်းထုထားပြီး လိုဏ်ဂူတော်အတွင်းတွင် အရပ်လေး မျက်နှာသို့ မျက်နှာမူနေသည့် ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမ ဘုရားရှင်တို့၏ ကြေးသွန်းဆင်းတုတော်လေးဆူအား ရခိုင်ရှေးခေတ်လက်ရာပုံစံများဖြင့်ထုဆစ်ကာ ကျောက်သားပလ္လင်များပေါ်တွင်ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။ အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်း (Record) များအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး၊...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် DI Ammonium Phosphate (DAP)...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။ Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071