Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesဗင်းဆင့်ကပြောတယ် ဗင်းဆင့်ကိုပြောတယ်

ဗင်းဆင့်ကပြောတယ် ဗင်းဆင့်ကိုပြောတယ်

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၁)ကော်နီလီးယပ်စ်သည် ခေါင်း ယမ်းလျက် …
“လူတစ်ယောက်အနေနဲ့၊ ထွန် တုံးကိုကိုင်မယ့်အစား၊ စုတ်တံကိုကိုင် ရုံနဲ့ သူ ထင်ရာမြင်ရာတွေ၊ လျှောက် လုပ်ခွင့်မပေးနိုင်ဘူး …ဗင်းဆင့်”

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၂)ဗင်းဆင့်မိတ်ဆွေ ပန်းချီဆရာ ဝေဆင်ဘရုခ်ျက ခပ်တည်တည်ဖြင့်-
“ဆင်းရဲခြင်းက မင်းကို ဖျက်ဆီး နိုင်တယ်ဆိုရင် မင်းလူညံ့ပဲ ဗင်းဆင့်၊ တကယ်လို့ ငတ်ပြတ်မှုနဲ့ ဆင်းရဲဒုက္ခ ရောက်မှုက၊ သတ်လို့သေမယ်ဆိုရင် အဲဒီလိုလူစားကို မကယ်တင်ထိုက်ဘူး ဗင်းဆင့်၊ ဒီကမ္ဘာကြီးထဲမှာ ဘုရား သခင်ဖြစ်ဖြစ်၊ မာရ်နတ်ပဲဖြစ်ဖြစ် မသတ်နိုင်တဲ့လူဟာ သူပြောချင် သူ ပြချင်တဲ့ အရာရာတိုင်းကို ရေးဆွဲပြ နိုင်တဲ့ ပန်းချီဆရာပဲ ဗင်းဆင့် …”

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၃)ကိုယ်ရေးကိုယ်တာနဲ့ အနုပညာ ရော မကြည့်သင့်ကြောင်း …ဗင်း ဆင့်က သူ့ဦးလေး ကော်နီလီယပ်စ် ကို ဒီလိုပြောတယ် …
“မဟုတ်သေးဘူး ဦးလေးကော် … ပန်းချီဆရာတစ်ယောက်ရဲ့ လက်ရာနဲ့ သူ့ကိုယ်ရေးကိုယ်တာဘဝ ဟာ ကလေးမီးဖွားထားတဲ့ မိန်းမတစ် ယောက်နဲ့ တူတယ် …။ ဦးလေ ကော်အနေနဲ့ သူ့ရဲ့ မွေးကင်းစက လေး (အနုပညာ)ကို ကြည့်ချင်ကြည့် ပေါ့။ ဒီလိုမဟုတ်ဘဲ …မိန်းမမှာ သွေးဆင်းနေတုန်းပဲလားလို့ သိချင် တဲ့စိတ်နဲ့၊ ဂါဝန်ကို လှန်ကြည့်ဖို့အထိ တော့ မသင့်ဘူးဦးလေးကော် …”

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၄)ဗင်းဆင့်ကို လက်တင်ဘာသာ သင်ပေးတဲ့ သူ့ဆရာ မင်းဒတ်ခ်ဒါ ကော်တာက ဒီလိုလက်ချာပေးတယ် …
“မင်းအနေနဲ့ ဘယ်အရာမှ ပုံ သေတွက်လို့ မဖြစ်ဘူး ဗင်းဆင့်၊ မင်း စိတ်ထဲမှာ မှန်တယ်လို့ ထင်တဲ့အရာ ကို၊ လုပ်နိုင်တဲ့သတ္တိစိတ်ဓာတ်ခွန် အားရှိဖို့လိုတယ်။ မင်းလုပ်လိုက်တာ ဟာ မှားချင်လည်း မှားသွားပါလိမ့် မယ်။ ကိစ္စမရှိဘူး။
မင်းဟာ အနည်းဆုံးအလုပ်တစ် ခုခုကိုတော့ လုပ်ပြီးသွားပြီ ဗင်းဆင့် ..”

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၅)မင်းပျင်းရင် ဘာလုပ်သလဲလို့ မေးတဲ့ သူငယ်ချင်း ပန်းချီဆရာမောဗီး ကို ဗင်းဆင့်က ဒီလိုပြောတယ်-
“ပန်းချီဆွဲရင် ဆွဲ၊ ပန်းချီမဆွဲ ရင် ပန်းချီအကြောင်း ပြော၊ အလ ကားနေရင်းတော့ သေနတ်အမြန် ထုတ်နည်းတွေ ဘာတွေ လေ့ကျင့်မ နေပါဘူး …”

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၆)သူငယ်ချင်းပန်းချီဆရာဝေဆင် ဘရုခ်ျက သူရေးတဲ့ပန်းချီကားတွေနဲ့ ပတ်သက်ပြီး ဗင်းဆင့်ကို ဒီလိုပြော တယ်။
“ဗင်းဆင့် ..တကယ်လို့ မင်း အနေနဲ့ ငါ့ပန်းချီကားတွေကိုကောင်း တယ်လို့ ထင်ရင် မင်း ..ပန်းချီဆက် မဆွဲနဲ့တော့ ဗင်းဆင့်၊ ငါ့ဆီမှာလာပြီး တံခါးစောင့်လုပ်တော့၊ ငါရေးတဲ့ကား တွေက အလကားကားတွေ၊ အဖိုး မတန်တဲ့ကားတွေ ..”

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၇)အဝေးမှာ အနေကြာပြီး၊ ပန်းချီ နဲ့ အလုပ်မဖြစ်တဲ့ ဗင်းဆင့်ကို သူ့ ဖခင်ဖြစ်သူက ဒီလိုအကြောင်းကြား တယ်။
“ဗင်းဆင့် ..မင်းအမြန်ပြန် လာပြီး ငါတို့မြို့မှာ သင်္ချိုင်းပန်းချီ ဆရာလုပ်ပေတော့”

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၈)ကော်ဖီရောင် ပြည့်တန်ဆာမ လေး ရာချယ်က ဗင်းဆင့်ကို ဒီလို အီစကလီလုပ်တယ်။

“ဗင်းဆင့်၊ ရှင့်နားရွက်ကလေး တွေက ရယ်စရာပဲနော်၊ တကယ့်ကို သေးသေးလေး။ နူးလည်း နူးညံ့ တယ်။ ဝိုင်းလည်း ဝိုင်းဝိုင်းလေးရယ်။ ခွေးပေါက်စနလေးတစ်ကောင်ရဲ့ နား ရွက်နဲ့လည်း တူတယ်။ ကျွန်မအနေနဲ့ ကျွန်မနဲ့နေဖို့ တစ်ညငါးဖရန့်ယူတယ်။ ရှင့်မှာ ငါးဖရန့်ပေးစရာ မရှိရင် ရှင့် နားရွက်လေးဖြတ်ပြီး ကျွန်မကိုပေး လေ ..ကျွန်မလိုချင်တာကိုပြောတာ၊ ရှင့်နားရွက်လေးသာရရင် ဗီရိုပေါ်တင် ပြီး ညတိုင်း ကစားမယ် …”
ကော်ဖီရောင် ပြည့်တန်ဆာမ လေး ရာချယ်က၊ ဒီလိုဈေးစကား ပြောပြီး ဗင်းဆင့်ရဲ့ နားရွက်ကလေး ကို အသာအယာဆွဲလိမ်လိုက်တယ်။ နားနှစ်ဖက်ကို အသာအယာနမ်းလိုက် တယ်။ နားရွက်တွေ နမ်းရင်း ရာချယ် ပါးစပ်ကလည်း တတွတ်တွတ်နဲ့ “ကြည့်စမ်းပါဦး နားရွက်ကလေးတွေ က အပ်ချည်နဲ့ တွဲချုပ်ထားတဲ့အတိုင်း ပဲ၊ ကျွန်မရဲ့ အရုပ်ကလေးက နား ရွက်ကလေးနဲ့လည်း သိပ်တူတယ်။ ဘယ်လိုလဲ နားရွက်လေးတွေ ပေး မယ်မဟုတ်လား ဗင်းဆင့်”

ဗင်းဆင့်က ပြောတယ်
ဗင်းဆင့်ကို ပြောတယ် …

(၉)ဗင်းဆင့်က သူ့ကော်ဖီရောင် လေးကို ဒီလိုအကြေအလည်ညှိနှိုင်း တယ် …
“ကောင်းပြီလေ ..၊ ငါ့မှာ ငါး ဖရန့်ရှိတဲ့နေ့ကျ၊ ငါ့နားရွက်တွေ ပြန် ရွေးမယ်၊ ပေးမယ်မဟုတ်လား … ရာချယ် ..”

စောဘရန်ငြိမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071