Sunday, February 16, 2025

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က...

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား...

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည်...
HomeNewsLocal Newsဖေဖော်ဝါရီ (၂) ရက်မှ...

ဖေဖော်ဝါရီ (၂) ရက်မှ စတင်ကျင်းပမည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် တည်းခိုဆောင်အခန်းပေါင်း (၃၀၀)ကျော်၊ ဈေးဆိုင်ခန်းပေါင်း (၃၅၀) ခန့် ဆောက်လုပ်ပေးထား

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖေဖော်ဝါရီ (၂) ရက်မှ စတင်ကျင်းပမည်ဖြစ်ရာ တည်းခိုဆောင်အခန်းပေါင်း (၃၀၀)ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း (၃၅၀) ခန့် ဆောက်လုပ်ပေးထားကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဧပြီ (၁၇) ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများကို တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေခွင့်ပြုမည်ဖြစ်သည်။

ထို့ပြင် ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြှော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ ပြောဆိုထားသည်။

မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ (ခြေတော်ရာ) အနီး ဘုရားဝတ္တကနယ်မြေ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများ ဖူးမြှော်ကြည်ညိုနိုင်စေရန် ဉာဏ်တော် (၂၄) ပေ၊ လုံးပတ်နှင့် ရေကန်တော် ပေ (၂၀) ၊ ပလ္လင်တော်အမြင့် (၁၈)ပေနှင့် ဘုရားပရိဝုဏ် အကျယ် ပေ (၃၀) ပတ်လည်ရှိ “ဆုတောင်းပြည့်လိုတရနမ္မဒါနဂါးရုံ ဘုရား” တစ်ဆူကို စုပေါင်းတည်ထားကိုးကွယ်ထားရှိသည်။

ထိုသို့ စုပေါင်းတည်ထားကိုးကွယ်ထားရှိရာတွင် နေပြည်တော် လယ်ဝေးမြို့နယ် နဂါးရုံတစ်ထောင်ကျောင်းတိုက် စမတောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝံသသီရိ အရှင်သူမြတ်ဦးဆောင်မှုဖြင့် မတည်အလှူရှင်များက စုပေါင်းတည်ထားကိုးကွယ်ထားရှိပြီး အဆိုပါ နမ္မဒါနဂါးရုံဘုရား ဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ (၂၉) ရက် မွန်းလွဲ (၁) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်ကာလ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းကိုလည်း တစ်ဆက်တည်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလာဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇလန်းစကီး နှင့် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင် တို့ထံ ဖုန်းခေါ်ဆိုပြီးနောက် သောကြာနေ့တွင် ပြောကြားခဲ့သည်။ “ဖြစ်နိုင်တယ်၊ဒါမဲ့ အရမ်းခက်လိမ့်မယ်။ သေချာပါတယ်၊ ခက်ခဲတဲ့အခြေအနေတိုင်းမှာ တစ်စုံတစ်ခုအတွက် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အလမ်းနည်းပါတယ် -...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြု ပြောကြားခဲ့သည်။ အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ဆာ ကီယာနှင့် ဖုန်းပြောဆိုမှုအကြောင်းအရာကို မစ္စထရမ့်ပ်က ပြောဆိုခဲ့သည်။ “သူက တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းတယ်၊ တွေ့ဆုံကြဖို့ ငါသဘောတူလိုက်ပါတယ်” ဟု အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။ “ငါတို့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသွားကြမယ်၊ အရမ်းအဆင်ပြေပါတယ်” ဟု သူက ဆိုသည်။ တွေ့ဆုံမည်ရက်ကို မသိရသေးသော်လည်း...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က ထိုင်းကိုအနိုင်ယူ၊ တောင်ကိုရီးယားကလည်း ဆီးရီးယားကို အနိုင်ရ

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား အုပ်စု ဃ မှာ တောင်ကိုရီးယားက ဆီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဟီဆာတစုဂု အီရှီ က ၁၄ မိနစ်မှာ ဂျပန်အတွက် ပထမဂိုးကိုသွင်းယူပြီး၊ ရီယွန်း အစ်ချီဟာရာ သည် ၃၃ မိနစ်တွင် ပင်နယ်တီ မှ တစ်ဆင့် ဒုတိယ ဂိုးကို သွင်း ခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071