Thursday, August 6, 2026

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ...

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ...

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...
HomeInternationalဖူးခက်ကမ်းခြေ အမှိုက်ပြဿနာ ကြီးထွားနေ

ဖူးခက်ကမ်းခြေ အမှိုက်ပြဿနာ ကြီးထွားနေ

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခက်တစ်ဝိုက်ရှိ ပင်လယ်ကြမ်းပြင်တွင် ပလပ်စတစ်ပုလင်းများ၊ ဘီယာဘူးခွံများ လူးလိမ့်နေပြီး သာယာလှပသော ကမ်းခြေများနှင့် ရင်သပ်ရှုမောဖွယ် နေဝင်ချိန်များကြောင့် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားသော ကျွန်းပေါ်တွင် အမှိုက်များ အလွန်အကျွံစုပုံလာခဲ့သည်။

ကျွန်း၏ တစ်ထောင့်တစ်နေရာတွင် ထရပ်ကားများနှင့် နောက်တွဲထွန်စက်များသည် ဖူးခက်တွင် နေ့စဉ်ထွက်ရှိနေသော အမှိုက်တန်ချိန် ၁,၀၀၀ ကျော်အတွက် နောက်ဆုံးစုပုံရာဖြစ်သော အမှိုက်ပုံရှိရာသို့ လူးလာခေါက်တုန့် အမှိုက်စွန့်ပစ်နေကြသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သော ဖူးခက်သည် နိုင်ငံစီးပွားရေးတစ်ခုလုံး၏ မောင်းနှင်အားဖြစ်သော ၎င်း၏ ခရီးသွားလုပ်ငန်းကဏ္ဍကြောင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံခြားခရီးသွား ၃၅ ဒဿမ ၅ သန်းတွင် ၁၃ သန်းခန့်သည် ကျွန်းသို့ သွားရောက်ခဲ့ကြသည်။

“(ဖူးခက်) မြို့ရဲ့တိုးတက်မှုက ဖြစ်သင့်တာထက် အရမ်းမြန်ဆန်ပါတယ်” ဟု ဒုတိယမြို့တော်ဝန် မစ္စတာ Suppachoke Laongphet က ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်မြင့်လာမှုသည် ကိုဗစ်မတိုင်မီကာလ အမှိုက်ပမာဏသို့ ရောက်ရှိခဲ့ပုံနှင့်ပတ်သက်ပြီး ရှင်းပြရာတွင် ပြောဆိုခဲ့သည်။

၂၀၂၅ နှစ်ကုန်တွင် ကျွန်းသည် တစ်ရက်လျှင် အမှိုက်တန် ၁၄၀၀ အထိ ထွက်ရှိနိုင်ပြီး ၎င်း၏ တစ်ခုတည်းသော အမှိုက်ပုံသည် လက်ခံနိုင်သည့်အတိုင်းအတာထက် ကျော်လွန်သွားနိုင်သည်။

အာဏာပိုင်များသည် ၆ လအတွင်း အမှိုက်ထွက်ရှိမှု ၁၅ ရာခိုင်နှုန်း လျှော့ချရန်၊ အမှိုက်ပုံဧရိယာတိုးချဲ့ရန်နှင့် အမှိုက်မီးရှို့ဖိုသစ်ကြီးတစ်ခု တည်ဆောက်သွားရန် အစီအစဉ်များချမှတ်၍ ကျွန်းကို ရေရှည်တည်တံ့သော ခရီးသွားနေရာတစ်ခုဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့သော်လည်း အမှိုက်လက်ခံနိုင်စွမ်း တိုးချဲ့ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းသည် ဖြေရှင်းချက်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြပြောဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုးခဲ့

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Green Room ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ အာဆီယံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေး ဆွေးနွေး

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ...

ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတိုင်းတာချက်အရ ဆည်တော်ကြီးရေလှောင်တမံအတွင်းရေဝင်ရောက်မှုကန်ရေပြည့်မှတ်အောက်လျော့ကျလာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ခဲ့ရာ ယနေ့ သြဂုတ် ၆ ရက်နံနက် ၁၀ နာရီတိုင်းတာချက်အရ ရေအမှတ်(၄၁၉ ဒသမ ဝ)ပေသို့ပြန်လည်ရောက်ရှိခဲ့သဖြင့် ကန်ရေပြည့်မှတ်အောက်လျော့ကျလာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဆည်တော်ကြီးရေလှောင်တမံ၏ ရေထိန်းတံခါး(၇) ပေါက်မှ တံခါးနံပါတ်(၂၊ ၃၊ ၄၊ ၅၊ ၆) တို့အား (၂)ပေစီ၊ ရေတံခါးနံပါတ်(၁) နှင့် (၇)တို့အား (၁)ပေစီထုတ်လွှတ်ထားရသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071