ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် မြန်မာနိုင်ငံ၌ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် မြန်မာကလေ-းငယ်များကို ဘောလုံးပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်း ပရိုဂရမ်စီမံကိန်းကို လာမည့် (၂၀၂၅) ခုနှစ်၌ စတင်မည်ဖြစ်ကာ အခြေခံပညာကျောင်းများရှိ ကလေ-းများကို ဘောလုံးပညာ သင်ကြားခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။
အထက်ပါ ပရိုဂရမ် စီမံကိန်းကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကာ ယင်းအစီစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယင်းစီမံကိန်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို Adidas ကုမ္ပဏီက ထုတ်လုပ်သည့် ကလေးကန်ဘောလုံး အလုံးရေ(၄)သောင်းကို ပံ့ပိုးပေးမည်ဖြစ်ကာ စီမံကိန်းကာလကို တစ်နှစ်ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။