Monday, September 21, 2026

နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားသည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲ...

လားရှိုး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိုးဘဏ်ခွဲကို ယနေ့ စက်တင်ဘာ...

ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀...

လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ...

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့...

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့...

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန်...

နေပြည်တော်၊ စက်တင်ဘာ ၂၁ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန်...
HomeCelebrities' Newsဖိုးကာကို စိတ်ပင်ပန်းစေတဲ့အရာက ဘာဖြစ်မလဲ

ဖိုးကာကို စိတ်ပင်ပန်းစေတဲ့အရာက ဘာဖြစ်မလဲ

ဖိုးကာရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တစ်ကိုယ်တော်စီးရီးနာမည်က ‘ ဖြန့်ခင်း’ ။ သူအလုပ်တွေ ပိနေ တယ်လို့ ဆိုရမှာပါ။ အလုပ်ကြွေးတွေပေါ့။

“သီချင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေ တချို့ပေါ့လေ။ ပညာရပ်ပိုင်း ဆိုင်ရာအရ အားကိုးပြီးတော့ ကိုယ့်ကိုလာအပ်တာလေးရှိတယ်။ နောက်တစ်ခုက သီချင်းရေးရတာပေါ့နော်။ သီချင်းရေးဖို့ အတွက် အကြွေးလည်းတော်တော်များများရှိတယ်။ အရေးတကြီးပေးရမယ့် သူတွေရှိတယ်။ နောက်ပြီးတော့ ဒီအချိန်ကလည်းပွဲရာသီဖြစ်တဲ့အတွက် ဟိုပြေး၊ ဒီပြေးနဲ့ပေါ့။ ကျွန်တော် လုပ်ရတဲ့အလုပ်က ဦးနှောက်ကိုသုံးပြီးလုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက် တစ်ခါတလေကျလို့ရှိရင် စိတ်ပင်ပန်းတဲ့ဒဏ်ကိုခံရပါတယ်”လို့ ဖိုးကာက ရင်ဖွင့်လာပါတယ်။

သူများအတွက် သီချင်းရေးပေးဖြစ်နေတော့ ကိုယ့်အတွက်တောင် သီချင်းမရှိတော့ဘူးလို့ သူကပြောပါတယ်။ သမီးဖြစ်သူ ဖူးဖူးသစ်ရဲ့ တစ်ကိုယ်တော် အခွေထွက်နိုင်အောင်လည်း ဖခင်တစ်ယောက်အနေနဲ့ အကောင်းဆုံးပံ့ပိုးပေးခဲ့တာ အခုဆို အခွေလေးတောင် တစ်နှစ်ပြည့်ခဲ့ပြီ။ အဲဒီအတွက် ဘာအစီအစဉ်တွေထပ်ရှိသေးလဲလို့ဆိုတော့…

“ဗီစီဒီရိုက် ဖြစ်မယ်ထင်တယ်။ အောင်မြင်ရင်ကောင်းပါတယ်။ အခုလည်း သူ့ဟာနဲ့သူတော့ မဆိုးဘူးပေါ့။  အနေအထားလေးတစ်ခုတော့ရှိပါတယ်။ ဘာပဲပြောပြော အရမ်းအောင် မြင်ရင်တော့ကြိုက်တာပေါ့နော်။ ဒါပေမဲ့ အရမ်းမအောင်မြင်သေးရင်တော့လည်း ဘာမှမဖြစ်ပါဘူး။ နောက်တစ်ခုက သူ့အခွေမှာဆိုလို့ရှိရင်လည်း ကိုယ်လုပ်ပေးထားတဲ့ သီချင်းတွေက မညံ့ဘူး။ အဲဒီအ တွက်နဲ့တင် ကိုယ်ကျေနပ်တယ်လေ”လို့ ပြောပါတယ်။  သူကိုယ်တိုင် ဒိုင်လုပ်နေတဲ့ သီချင်းဆိုပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ ဒိုင်ထပ်လုပ်ဖြစ်ဦးမှာ လားလို့ဆိုတော့…..

“Galaxy Star ဒုတိယပိုင်းလာပါလိမ့်မယ်။Galaxy Star နာမည် ရယ်လို့တော့ မဟုတ်လောက်ဘူးထင်တယ်။ ဒါပေမဲ့ Samsung ရဲ့ Supporting နဲ့ သွား မှာပေါ့”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071